ဒီဘရိုင်းကောင်းကင်ကို ယူပါဂရေဟမ်ပေါ်တာမြေပြင်ကို နင်းထားပါ

Play Maker 3D

⬜ N Kyal Minn,Han Soe Thway, Min Naddy

ပရီးမီးယားပုံပြင်တွေထိုင်ပြောကြကြေးဆိုတစ်ထောင့်တစ်ညဆိုတာရယ်စရာကောင်းနေမလားမသိပါ။ကိုယ်တွေမီရာနှစ်ကာလများကစတင်လိုက်မလား။ကိုယ့်အသင်းခေတ်ကောင်းချိန်နှင့်လိုက်ကာဖွင့်လိုက်တာမျိုးလည်းရနိုင်သည်။ဒါမှမဟုတ်မေ့နိုင်စရာမရှိသောဂိုးတွေ၊ပွဲတွေအကြောင်း။ ဒါတွေထားပါတော့။ လက်ရှိရာသီမှာသူတို့ဖူးပွင့်နေပုံနှင့်ပင်ကျနော်တို့မပြီးနိုင်မဆုံးနိုင်ငြင်းခုန်ပြောဆိုနိုင်ကြသေးသည်ပဲ။မန်ယူကဗိုလ်စွဲနိုင်သေးတာလား။ ဆိုးလ်ရှားကမပြုတ်တော့ဘူးလား။

အတ္တလန္တာနှင့်ပွဲမှာဒင်းကံကောင်းသွားတာနာလေခြင်း။ တစ်ချို့ကလည်းအေးစက်မာကြောသောနှလုံးသားကိုယ်စီနှင့်ဆိုးလ်ရှားကိုအချိန်ပေးဖို့ပြောဆိုနိုင်သေးသည်။ ဟော့ဒီမှာလီဗာပူးဟာအရသာအရှိဆုံးအသင်းပေါ့။ ချန်ပီယံကမ်းစပ်မှာမန်စီးတီးမပါဝင်ဘဲလမ်းလျှောက်ခွင့်မရှိ။ အာဆင်နယ်ကရော၊ခါးသီးသောဒါဘီပွဲမှာ ရွပ်ရွပ်ချွံချွံကစားပြပြီးနောက်ရေပြန်ကျသွားပြီမဟုတ်ဘူးလား။

အဲ့ဒါတွေကအစဘန်လေတန်းဆင်းမဆင်းအထိပြောစရာတွေကများလှချေသည်။ဘယ်ဟုတ်ပါ့မလဲ၊အဆင့်၄ရောက်နေသောဘရိုက်တန်တွေရာသီကုန် လျှင်ဥရောပဝင်ခွင့်ရမရပြောနိုင်ကြသေးသည်။ အဲ့ဒီမှာဒီပွဲကစလို့ပေါ့လေ။ မန်စီးတီးကိုသူတို့ခံကစားနိုင်မလားဆိုသောပုစ္ဆာလေးကိုဒီတစ်ပတ်စားပွဲအပေါ် တင်ပေးလိုက်ဖြစ်ပါသည်။ ကျနော်တို့ဆရာတွေဘာများပြောကြမလဲ..

ဘရိုက်တန် – မန်စီးတီး(မန်စီးတီး(1-50)

⬜ Nကြယ်မင်း

ဘရိုက်တန်အကြောင်းဆိုဘယ်ကစပြောရမလဲ။သူတို့ဟာမနှစ်ကထက်ပိုပြီးသေချာမှုရှိလာတယ်ပေါ့လေ။ဂရေဟမ်ပေါ်တာဗားရှင်းမြှင့်လိုက်တဲ့တည် ငြိမ်မှုကအဓိကဖြစ်နိုင်ပါတယ်။အဲ့ဒါကအခုထိရှင်းလင်းသေချာမှုလည်းရှိပါတယ်။ဒါပေမဲ့အဲ့ဒီလောက်နဲ့ဘရိုက်တန်ဟာရှေ့သို့လှမ်းချီပြီပြောဖို့ကျတော့လည်းအခက်သားမဟုတ်လား။ဒန့်ခ်နဲ့ ဒပ်ဖ်ဖီတို့ခံစစ်ကအရင်လိုတာဝန်ကျေမှုတွေရှိနေတုန်း၊ကွင်းလယ်မှာဘစ်ဆူးမားကအရင်လိုမာဂုဏ်မျိုးတွေ ဆောင်ယူလာတုန်း၊ရှေ့မှာမူပေးနဲ့ထရိုဆက်တို့ကခုချက်ချင်းရွာမယ့်မိုးလိုဟန်ရေးပြင်တုန်း။ ဘရိုက်တန်ဆိုတာဒီလောက်ပါပဲ။အဲ့ဒီမှာမှဂီတာဖေးကရောက်လာတဲ့ကူကူရယ်လာကြောင့်စိတ်လှုပ်ရှားမှုနည်းနည်းပိုပေးလာတယ်။

လယ်လာနာရဲ့တစ်ချို့အကွက်တွေလည်းလှတယ်ပေါ့။အဲ့ဒီလောက်ပါပဲ။အဲ့ဒီလောက်မှာကြည့်နေရင်းကနောက်ဆုံး၃ပွဲဆက်အနိုင်မရတော့ဘူးဖြစ်သွားတယ်။နောက်ဆုံးနှစ်ပွဲလုံးဂိုးမသွင်းနိုင်ဘူးဖြစ်ခဲ့တယ်။အဲ့ဒီမှာဘရိုက်တန်ဇအမှန်ပင်ပြပြီလားမစဉ်းစားဘဲသွားလို့ရနိုင်ပါတော့မလား။မန်စီးတီးကဂွါဒီယိုလာနှိပ်မယ့်ခလုပ်ပေါ်မှာတည်မှီနေတုန်းပါပဲ။ရပ်ဆိုရပ်၊ ပြေးဆိုပြေး၊ သွင်းဆိုသွင်းပေါ့။ အဲ့ဒီလောက်တောင်လားလို့ လာကြပ်ရင်အဲ့ဒီလောက်နီးပါးပါပဲ၊ အဲ့ဒီထက်တော့လျှော့လို့မရတော့ကြောင်းဖြေရမှာပဲ။

ချန်ပီယံလိဂ်မှာပီအက်စ်ဂျီကိုသရေ၊လိုက်ပ်ဇစ်ကွင်းမှာအနိုင်ကစားထားတဲ့ကလပ်ဘရုဂျ်ဟာသူတို့နဲ့တွေ့တော့ ၅ဂိုးပေးပြီးသေပေရော့ပဲ။ ဘာမှလာချော့ မနေနဲ့ပဲ။ဖာရန်တောရက်စ်ဟာပိုဖြစ်လာဦးမယ့်ကလေးတစ်ယောက်ပါ။ ဒါပေမဲ့ဘရိုက်တန်နဲ့ပွဲမှာသူမပါတာကိုထည့်ပြောနေမယ့်သူတွေအပေါ် ကျနော်တော့ရယ်ချင်တာပဲ။နောဝစ်ချ်တောင်ဂိုးမသွင်းနိုင်ခဲ့တဲ့ဘရိုတန်ဟာဘယ်လိုလုပ်ပြီးမန်စီးတီးကိုဂိုးသွင်းနိုင်မှာလဲ။ သူတို့နှစ်သင်းရဲ့နောက်ဆုံးတွေ့ ဆုံမှု၈ကြိမ်ကိုကြည့်ရင်လည်း မနှစ်ကတစ်ပွဲသာဘရိုက်တန်အနိုင်ရခဲ့ပြီးအဲ့ဒီရှေ့က၇ပွဲလုံးမန်စီးတီးအနိုင်ရခဲ့တာချည်း။တစ်ခုပဲ၊ ၃/ဂိုးတွေတော့မမျှော်နဲ့ပေါ့လေ။မန်စီးတီး(0-2)မှာရှင်းရှင်းလင်းလင်းပေါ့လေ။ကျနော်ကဒီဘရိုင်းကောင်းကင်ကိုယူထားတယ်။ဂရေဟမ်ပေါ်တာမြေပြင်ကိုနင်းထားတယ်။

⬜ ဟန်စိုးသွေး

ဒီရာသီပရီးမီးယားလိဂ်မှာပုံစံကောင်းပြနေတဲ့ဘရိုက်တန်ကနောက်ဆုံးသုံးပွဲဆက်တိုက်သရေကျသွားခဲ့ပါတယ်။ ပိုဆိုးတာကအဲ့ဒီသုံးပွဲလုံးမှာတစ်ဂိုးပဲသွင်းနိုင်ခဲ့ပါတယ်။ နော်ဝစ်ချ်နဲ့နောက်ဆုံးပွဲမှာဆိုခြေစွမ်းကောင်းပါပျောက်ဆုံးခဲ့ပြီးနောဝစ်ချ်လိုအသင်းကို အမှတ်ခွဲပေးခဲ့ရပါတယ်။ တိုက်စစ်ကဂိုးရဖို့ မူပေးကိုပဲအားကိုးနေရပြီးသူမှမသွင်းနိုင်ရင်ဘရိုက်တန်ရဲ့တိုက်စစ်ကအသက်မဲ့သွားပါတယ်။နိုင်ငံတကာပွဲစဉ်တွေကခြေစွမ်းဆက်တိုက်ကောင်းနေ တဲ့အသင်းတွေကိုနည်းနည်းလေး Rhythm ပျက်စေပါတယ်။ နော်ဝစ်ချ်နဲ့ပွဲကခြေစွမ်းနဲ့ဆို မန်စီးတီးနဲ့မလွယ်ပါဘူး။

တိုက်စစ်မှူးမရှိလို့ ဂိုးမသွင်းနိုင်ဘူးဆိုတဲ့ဝေဖန်သံတွေကို ကစားရခက်တဲ့ကလပ်ဘရုဂျ်ကို၅ဂိုးသွင်းပြီးမန်စီးတီးကအသံတိတ်စေခဲ့ပါတယ်။ မာရက်ဇ်ကဂိုးတွေမြူးနေသလို ဒီပွဲမှာဂျီးဆပ်စ်ပြန်ပါလာဖို့လည်းရှိပါတယ်။ ဒီဘရိုင်းကဂိုးတွေ Assist တွေ ဝေဝေဆာဆာလုပ်ပြနေသလိုဖိုဒန်ကလည်းအား ကိုးလို့ရပါတယ်။ဘာနာဒိုဆေးဗားလ်ကလည်းဂွာဒီယိုလာလိုချင်တဲ့ပုံစံအတိုင်းကစားပြနေပါတယ်။ တိုက်စစ်မှူးမရှိတာပြဿနာဖြစ်သလိုတိုက်စစ်မှူးမရှိခြင်းကပဲဂွာဒီယိုလာလိုချင်တဲ့သူပုံဖော်ချင်တဲ့ မန်စီးတီးကိုရုပ်လုံးပေါ်စေပါတယ်။

မန်စီးတီးကဒီရာသီအဝေးကွင်း၄ပွဲကစားထားပြီးစပါးကိုရှုံးခဲ့ပြီးလီဗာပူးလ်ကို သရေ၊ လက်စတာ၊ချဲလ်ဆီးကိုအနိုင်ယူထားပါတယ်။ မန်စီးတီးအတွက် လွယ်ကူတဲ့အဝေးကွင်းပွဲစဉ်တွေမဟုတ်ခဲ့ပါဘူး။မန်စီးတီးအဝေးကွင်းရလဒ်တွေမကောင်းဘူးပြောချင်ရင်မန်စီးတီးကစားခဲ့ရတဲ့အသင်းတွေကိုကြည့် ရပါလိမ့်မယ်။ဒီပွဲမတိုင်ခင်ဘယ်လ်ဂျီယံမြေမှာအောင်မြေနင်းခဲ့တာကဘရိုက်တန်အတွက်ကံဆိုးမှုတစ်ခုပါပဲ။

ဘွတ်ကီတွေရဲ့အထင်ကြီးမှုကိုအမြဲခံရလေ့ရှိတဲ့ဘရိုက်တန်ကိုတောင်မန်စီးတီးက 1-50ပေးထားပါတယ်။နောက်ဆုံးကစားထားတဲ့ပွဲစဉ်တွေကခြေစွမ်းကိုကြည့်ရင်ဘရိုက်တန်ကအပျက်သဘောရှိပြီးမန်စီးတီးကအတတ်သဘောဆောင်ပါတယ်။မန်စီးတီးနိုင်မယ်ဂိုးမပြတ်ဘူးလို့ပြောရအောင်ဒီရာသီပရီးမီးယားလိဂ်မှာအဝေးကွင်းဂိုးပြတ်နိုင်ပွဲမရသေးတဲ့မန်စီးတီးကို လျှော့တွက်ထားလို့မဖြစ်ပါဘူး။မန်စီးတီးနိုင်မယ်။ ဂိုးလည်းပြတ်ပါမယ်။

⬜မင်းနဒီ (change)

မန်စီးတီးက 1-45 နဲ့ ဂိုးပေါင်းကြေးက 3+80 ပေးထားတယ်။မန်စီးတီးကဘရိုက်တန်ကွင်းနောက်ဆုံး 5 ကြိမ်မှာ 1-30, 2+30, 2+25, 2+90, 1-45 ဆိုပြီးပေးခဲ့တယ်။အဲဒီ ၅ ကြိမ်မှာ 2+ ပေးခဲ့တဲ့၃ ကြိမ်လုံးကြေးအောင်ခဲ့ပြီး 1- ပေးခဲ့တဲ့ ၂ကြိမ်မှာဘရိုက်တန်က၁ ပွဲနိုင်၊ ၁ပွဲသရေနဲ့ ကြေးအောင်ခဲ့တယ်။ ဒါကြောင့်ဒီတစ်ကြိမ်မှာ 1-45 ပေးလာတဲ့အပေါ်မှာမန်စီးတီးကိုကိုင်ဖို့ မရဲဘူးဖြစ်နေတယ်။ မန်စီးတီးကဂွာဒီယိုလာရဲ့လုပ်ကွက်တွေနဲ့ရလဒ်တွေကောင်း နေတဲ့အသင်းဖြစ်သလို၊တိုက်စစ်မှူးမရှိလည်းဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကစားပြနေတယ်။ကွင်းလယ်မှာရိုဒရီကိုအထိုင်ထားပြီးဘာနာဒိုဆေးလ်ဗားကတိုက် စစ်နဲ့ ကွင်းလယ်ကိုချိတ်ဆက်ပေးရတဲ့ Link Man ကစားပုံမှာဘာနာဒိုဆေးလ်ဗားအကောင်းဆုံးကစားပြနေတယ်။

ဒီရာသီမှာဒီဘရိုင်းရဲ့တစ်သမှတ်တည်းကျတဲ့အကောင်းဆုံးဖန်တီးနိုင်စွမ်းကိုမလုပ်နိုင်သေးချိန်မှာဘာနာဒိုဆေးလ်ဗားကအကောင်းဆုံးကစားပြနေတာကြောင့်လည်းဂွာဒီယိုလာအတွက်ကျေနပ်စရာဖြစ်နေတာပါ။ဘာနာဒိုဆေးလ်ဗားက Roll ပြောင်းကစားရတဲ့လက်ရှိပုံစံမှာကွင်းလယ်နဲ့တိုက်စစ်ကို အ ကောင်းဆုံးချိတ်ဆက်ပေးနိုင်ရုံသာမကသွင်းဂိုးတွေကို သွင်းယူပြနိုင်တဲ့အထိ အကောင်းဆုံးပုံစံကိုရနေခဲ့တယ်။ဘာနာဒိုဆေးလ်ဗားရဲ့ကွင်းလယ်လုပ်အားနှုန်းကြောင့်ချန်ပီယံလိဂ်မှာလည်းကလပ်ဘရုချ်ကို ဂိုးပြတ်အနိုင်ရခဲ့တယ်။ ကန်ဆယ်လိုနဲ့ ဝေါလ်ကာတို့ကလည်းခံစစ်အစွန်လူတွေဆိုပေမဲ့ကွင်းလယ်ကစားသမားတွေလိုတိုက်စစ်ကို လိုက်အားကောင်းကောင်းနဲ့ ကစားပေးနေတာကြောင့်မန်စီးတီးမှာ ဟာကွက်မရှိဘူးလို့ ထင်မှတ်ရပါတယ်။

ဒါနဲ့များဘရိုက်တန်ကို ရဲရဲတင်းတင်းနဲ့ ပြတ်သားတဲ့အကြောပေးမှုမျိုးဘာကြောင့်မလုပ်နိုင်ရတာလဲဆိုတာစဉ်းစားစရာတွေဖြစ်လာခဲ့တယ်။ ဘရိုက်တန်ကလည်းဒီရာသီမှာဂရေဟမ်ပေါ်တာနဲ့ အထိုင်ကျနေပြီးရလဒ်တွေကောင်းနေခဲ့တယ်။ ဂရေဟမ်ပေါ်တာဟာအသင်းသမိုင်းတစ်လျှောက်တစ်ကြိမ်မှမရခဲ့တဲ့ အဆင့် ၄ နေရာကိုရုပ်တည်နဲ့တက်ထိုင်နေတာကြောင့်လည်းဘွတ်ကီတွေဟာမန်စီးတီးအပေါ် သံသယရှိနေတဲ့ပုံစံမျိုးဖြစ်နေတယ်။ဘရိုက်တန်က ဒီရာသီမှာကွင်းလယ်လုပ်အားနှုန်းသိသိသာသာကောင်းနေတယ်။ တိုက်စစ်ကိုရှိတဲ့လူနဲ့ဖြစ်အောင်လုပ်နေရပေမဲ့ ခံစစ်ကတော်တော်လေးကို ကျစ်ကျစ်လျစ်လျစ်မှုရှိတယ်။

အဲဒီခံစစ်ကြောင့်အထောင်တိုက်စစ်မှူးစစ်စစ်မရှိတဲ့မန်စီးတီးအခက်တွေ့သွားနိုင်လောက်တယ်လို့ မှတ်ယူမိတယ်။ချန်ပီယံလိဂ်မှာအဝေးကွင်းကစားခဲ့ရပြီးဘရိုက်တန်ကွင်းမှာနောက်ထပ်အဝေးကွင်းပွဲစဉ်ထပ်ကစားရမယ့်အဖြစ်ကလည်းမန်စီးတီးကို စိတ်သွားတိုင်းကိုယ်ပါစေဖို့ခက်ခဲပါလိမ့်မယ်။ မန်စီးတီးမှာဂွာဒီယိုလာရှိရင်အထောင်တိုက်စစ်မှူးမလိုဘူးဆိုတာမှန်ပေမဲ့ပွဲတိုင်းလန်းဖို့တော့မဖြစ်နိုင်ပါဘူး။ တစ်ဖက်မှာဘရိုက်တန်ကခြေစွမ်းနဲ့ လုပ်အားနှုန်းအရမ်းကောင်းနေတဲ့အသင်းဖြစ်ပြီးခံစစ်ကတော်တော်လေးလုံအောင်ကစားနေတာကြောင့်အာရှလူကြီးမင်းတွေအနေနဲ့ဘရိုက်တန်ကိုအကြိုက် တွေ့နေပုံရနေတယ်လို့ ယူဆမိတယ်။

တိုက်တိုက်ဆိုင်ဆိုင်နောက်ဆုံး ၅ ကြိမ်တွေ့ဆုံမှုကိုပြန်ကြည့်တော့လည်း 1- ပေးထားတဲ့ ၂ ကြိမ်မှာ မန်စီးတီး ၂ ကြိမ်စလုံးအနိုင်မရခဲ့တာကြောင့်လည်း ဘရိုက်တန်နဲ့ စွန့်စားချင်စိတ်တွေဖြစ်ပေါ်လာမိတယ်။ နောက်တစ်ချက်ကဒီရာသီမန်စီးတီးကစားထားတဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွေမှာစပါးကို 1-0 နဲ့ ရှုံးပြီး လက်စတာနဲ့ ချဲလ်ဆီးကို 0-1 နဲ့ နိုင်၊ လီဗာပူးကို 2-2 သရေပဲ ကစားနိုင်ခဲ့တယ်။ အဲ့ဒီအဝေးကွင်းပွဲစဉ်တွေမှာ မန်စီးတီးရဲ့ တိုက်စစ်က စိတ်သွားတိုင်းကိုယ်ပါနိုင်တာမျိုးမရှိခဲ့ဘူး။ဒီရာသီဘရိုက်တန်ကစားပုံကောင်းနေသလို၊ ခံစစ်ကကျစ်လျစ်သေသပ်နေချိန်မှာမန်စီးတီးရဲ့တိုက်စစ်ကပရီးမီးယားလိဂ်အဝေးကွင်းကစားပုံတွေမှာလိုအပ်သလောက် ဂိုးတွေသွင်းယူပြီးခြေစွမ်းပြနိုင်တာမျိုးမတွေ့ရသေးတာကြောင့်ဘရိုက်တန်နဲ့ ဂိုးအနည်းကိုအတူတွဲကစားဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

⬜ ဒီတစ်ပတ် 3D

ပြီးခဲ့တဲ့အပတ်ကတော့ ဆရာဟန်တင်သွင်းလာတဲ့ပွဲကျသွားပါတယ်။ ၄ပတ်ဆက်မှန်နေရာကပဉ္စမမြောက်ပွဲမှာပြတ်တောက်သွားရခြင်းပါပဲ။ဒီတစ်ပတ်တော့ဆရာမင်းနဒီရှာလာတဲ့ပွဲဖြစ်ပါတယ်။ ဒီရာသီမှာရှေ့ကဆရာနှစ်ယောက်လုံးပထမဆုံးတင်သွင်းတဲ့ရက်သတ္တပတ်တွေမှာအမှားအယွင်းမရှိခဲ့တာကြောင့်ဆရာဒီပွဲလည်းပစ်မှတ်ထိသွားမယ်လို့ယုံကြည်ပါတယ်။ ဒီမှာသူကိုယ်တိုင်ကဘရိုက်တန်ကိုရွေးချယ်ခဲ့ပေမယ့်ဆရာဟန်တို့နှစ်ယောက်လုံးက တော့မန်စီးတီးဆီရောက်ခဲ့ကြတာပါ။ ဒါကြောင့် ဒီတစ်ပတ် 3D ဟာမန်စီးတီးဖြစ်ခဲ့ပါတယ်။ ဒီဘရိုင်းကောင်းကင်ကိုယူပါ၊ဂရေဟမ်ပေါ်တာမြေပြင်ကို နင်းထားလိုက်ကြမှာလားပရိသတ်ကြီး..