ဟာလန်းတို့ဂိုးတွေနဲ့ သက်သောင့်သက်သာကျော်ဖြတ်မယ့် မန်စီးတီး

အင်္ဂါည အင်္ဂလန်အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲကြိုသုံးသပ်ချက်

ဘရစ္စတိုး နှင့် မန်စီးတီး(ည ၂း၃၀)(မော်ကွန်း)

မန်စီးတီးကိုဧည့်ခံရမယ့်ဘရစ္စတိုးဟာချန်ပီယံရှစ်မှာအဆင့် ၁၃ နေရာကအသင်းပါ။သူတို့ဟာလက်ရှိမှာလည်း ၁၂ ပွဲဆက်မရှုံးထားပေမယ့်ပြိုင်ဘက်က မန်စီးတီးဖြစ်နေလို့ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေတယ်။

မန်စီးတီးကတော့ပြီးခဲ့တဲ့စနေကဂိုးပြတ်နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့သလိုအက်ဖ်အေဖလားရဲ့ပြီးခဲ့တဲ့အဆင့်တွေမှာလည်းချဲလ်ဆီးနဲ့အာဆင်နယ်တို့လိုအ သင်းကြီးတွေကိုကျော်ဖြတ်ထားတာပါ။ဟာလန်းတို့ ဂိုးသွင်းလေ့ကျင့်နိုင်မယ့်ပွဲမှာမန်စီးတီးအတွက်ဘာအခက်အခဲမှမရှိနိုင်ဘူး။

zawgyi




