Britain’s Got Talent ပုံစံမျိုးဖြင့် ပရီးမီးယားလိဂ်စူပါစတားသစ်ရှာဖွေမယ့် ဘန်လေ

ပိုင်ရှင်သစ်လက်အောက်သို့ပူပူနွေးနွေးကျရောက်ထားတဲ့ဘန်လေဟာBritain’s Got Talent လိုမျိုး နိုင်ငံတလွှားမှပရီးမီးယားလိဂ်စတားသစ်ရှာဖွေဖို့ လုပ်ဆောင်နေပါတယ်။

ဘန်လေဟာဘောလုံးသင်တန်းကျောင်းနှင့်လူငယ်အဆင့်အတွက်နေရာပေးမှုနည်းပါးမှုပြဿနာကိုအဖြေ ရှာတဲ့အနေအဖြင့် လူငယ်များအားသူတို့ရဲ့ဘောလုံးကျွမ်းကျင်မှုကိုအွန်လိုင်းမှာတင်စေကာအကယ်ဒမီတွင် နေရာပေးမယ့်အခွင့်အရေးလုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

အသက်၁၄နှစ်အထက်ကစားသမားငယ်များဟာ AiSOUT ကဖန်တီးထားတဲ့အထူး App ကို ဒေါင်းလော့ခ်လုပ်ပြီး သူတို့ရဲ့ဘောလုံးကျွမ်းကျင်မှုများကိုယင်းမှာတင်ပေးရပါမယ်။

ဘောလုံးသမားဖြစ်ချင်တဲ့ယင်းလူငယ်များရဲ့ဘောလုံးကျွမ်းကျင်မှုပြသထားတဲ့ဗီဒီယိုဖိုင်ကိုနည်းပြများကဆန်းစစ်မှုပြုလုပ်ပြီးအသင်းတွင်စမ်းသပ်ခံနိုင်မယ့်အခွင့်အရေးပေးပါမယ်။ယင်းမှတစ်ဆင့်ကလပ်ရဲ့အကယ်ဒမီမှာနေရာတစ်နေရာပေးသွားမှာလည်းဖြစ်ပါတယ်။

ဘန်လေပိုင်ရှင်သစ် ALK ဟာ AiSCOUT မှာငွေများစွာရင်းနှီးမြှပ်နှံမှုပြုလုပ်ပြီးပရီးမီးယားလိဂ်စူပါစတားသစ်ရှာဖွေ ဖို့လုပ်နေတာလည်းဖြစ်ပါတယ်။၎င်းတို့ဟာနောင်တွင်ယင်းAppကိုနိုင်ငံခြားမှလူငယ်များလည်းသုံးနိုင်အောင်လုပ် ကာကမ္ဘာ့တလွှားမှလူငယ်ပါရမီရှင်များခေါ်ယူနိုင်ရေးလုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

ZawGyi





