ဥရောပထိပ်သီးကလပ််််််််များရဲ့ကမ်းလှမ်းမှု ဘူဖွန်ရရှိထား

ဂျူဗင်တပ်နှင့်အီတလီဂန္ထဝင်ဂိုးသမားဂျီယန်လူဂီဘူဖွန်ဟာရာသီအကုန်တွင်ဂျူဗင်တပ်မှမထွက်ခွာမီဥရောပထိပ်သီးကလပ်ခြောက်ခုတို့ရဲ့စိတ်ဝင်စားခြင်းခံနေရကြောင်းသိရပါတယ်။

အသက်၄၃နှစ်ရှိအီတလီဂိုးသမားဟာ၂၀၁၉ခုနှစ်တွင်ပီအက်စ်ဂျီမှထွက်ခွာလာပြီးနောက်ဂျူဗင်တပ်သို့ဒုတိယအကြိမ်မြောက်ရောက်လာခဲ့သူဖြစ်ပြီးယခုရာသီအကုန်တွင်ဂျူဗင်တပ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ထွက်ခွာတော့မှာဖြစ်ပါတယ်။

မကြာသေးမီတုန်းကဘူဖွန်ကဂျူဗင်တပ်နှင့်စာချုပ်သက်တမ်းတော့မှာမဟုတ်ဘဲဒုတိယအကြိမ်မြောက်အဖြစ်ဂျူဗင်တပ်မှထွက်ခွာတော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

Tuttosport ရဲ့ဖော်ပြချက်အရဘူဖွန်အားခေါ်ယူလိုတဲ့ဥရောပထိပ်သီးကလပ်များထဲတွင်လာလီဂါဘီလူးဘာစီလိုနာလည်းပါဝင်နေကြောင်းသိရပါတယ်။

ဘာစီလိုနာဟာဂျာမနီလက်ရွေးစင်ဂိုးသမားမာ့ခ်အင်ဒရေတာစီဂန်ရဲ့အရန်အဖြစ်အသုံးပြုရန်ဘူဖွန်ကိုခေါ်ယူလိုနေပါတယ်။ဒါ့အပြင်ပေါ်တူဂီအမှတ်ပေးချန်ပီယံသစ်စပို့တင်းလစ္စဘွန်းကလည်းလာမယ့်ဘောလုံးရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားမှုနဲ့အတူဘူဖွန်ကိုခေါ်ယူလိုနေပါတယ်။

ဒါ့အပြင်ဘူဖွန်ကိုဖရန့်ဖတ်၊အိုလံပီယာကို့စ်၊ဒိုင်နမိုကိဗ်တို့ကလည်းခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

အီတလီနှင့်အတူ၂၀၀၆ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ဘူဖွန်ဟာယခုရာသီမှာကစားဖော်ဟောင်းပီယာလိုရဲ့လက်အောက်မှာဆက်ဇက်နီရဲ့အရန်အဖြစ်သာကစားခွင့်ရရှိထားပါတယ်။သူဟာယခုရာသိမှာဂျူဗင်တပ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၁၃ပွဲတည်းသာကစားခွင့်ရထားပါတယ်။

zawgyi

ဥေရာပထိပ္သီးကလပ္္္္္္္္မ်ားရဲ႕ကမ္းလွမ္းမႈ ဘူဖြန္ရရွိထား

ဂ်ဴဗင္တပ္ႏွင့္အီတလီဂႏၴဝင္ဂိုးသမားဂ်ီယန္လူဂီဘူဖြန္ဟာရာသီအကုန္တြင္ဂ်ဴဗင္တပ္မွမထြက္ခြာမီဥေရာပထိပ္သီးကလပ္ေျခာက္ခုတို႔ရဲ႕စိတ္ဝင္စားျခင္းခံေနရေၾကာင္းသိရပါတယ္။

အသက္၄၃ႏွစ္ရွိအီတလီဂိုးသမားဟာ၂၀၁၉ခုႏွစ္တြင္ပီအက္စ္ဂ်ီမွထြက္ခြာလာၿပီးေနာက္ဂ်ဴဗင္တပ္သို႔ဒုတိယအႀကိမ္ေျမာက္ေရာက္လာခဲ့သူျဖစ္ၿပီးယခုရာသီအကုန္တြင္ဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ထြက္ခြာေတာ့မွာျဖစ္ပါတယ္။

မၾကာေသးမီတုန္းကဘူဖြန္ကဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္သက္တမ္းေတာ့မွာမဟုတ္ဘဲဒုတိယအႀကိမ္ေျမာက္အျဖစ္ဂ်ဴဗင္တပ္မွထြက္ခြာေတာ့မွာျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

Tuttosport ရဲ႕ေဖာ္ျပခ်က္အရဘူဖြန္အားေခၚယူလိုတဲ့ဥေရာပထိပ္သီးကလပ္မ်ားထဲတြင္လာလီဂါဘီလူးဘာစီလိုနာလည္းပါဝင္ေနေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာဂ်ာမနီလက္ေ႐ြးစင္ဂိုးသမားမာ့ခ္အင္ဒေရတာစီဂန္ရဲ႕အရန္အျဖစ္အသုံးျပဳရန္ဘူဖြန္ကိုေခၚယူလိုေနပါတယ္။ဒါ့အျပင္ေပၚတူဂီအမွတ္ေပးခ်န္ပီယံသစ္စပို႔တင္းလစၥဘြန္းကလည္းလာမယ့္ေဘာလုံးရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိထားမႈနဲ႔အတူဘူဖြန္ကိုေခၚယူလိုေနပါတယ္။

ဒါ့အျပင္ဘူဖြန္ကိုဖရန႔္ဖတ္၊အိုလံပီယာကို႔စ္၊ဒိုင္နမိုကိဗ္တို႔ကလည္းေခၚယူရန္စိတ္ဝင္စားေနပါတယ္။

အီတလီႏွင့္အတူ၂၀၀၆ကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့ဘူဖြန္ဟာယခုရာသီမွာကစားေဖာ္ေဟာင္းပီယာလိုရဲ႕လက္ေအာက္မွာဆက္ဇက္နီရဲ႕အရန္အျဖစ္သာကစားခြင့္ရရွိထားပါတယ္။သူဟာယခုရာသိမွာဂ်ဴဗင္တပ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၁၃ပြဲတည္းသာကစားခြင့္ရထားပါတယ္။