ဂျူဗင်တပ်မှနောက်တစ်ကြိမ်ထွက်ခွာမည်ဖြစ်ကြောင်းဘူဖွန်ကြေညာ

ဂျူဗင်တပ်ဂန္ထဝင်ဂိုးသမားဂီယန်လူဂီဘူဖွန်ကယခုဘောလုံးရာသီအကုန်တွင်ဂျူဗင်တပ်မှနောက်ထပ်တစ်ကြိမ်ထွက်ခွာမည်ဖြစ်ကြောင်းကြေညာလာပါတယ်။

အသက်၄၃နှစ်ရှိအီတလီဂိုးသမားဟာ၂၀၁၈ခုနှစ်တွင်ဂျူဗင်တပ်တွင်၁၇နှစ်ကြာကစားပြီးနောက်ထွက်ခွာခဲ့ဖူးသူဖြစ်ပါတယ်။

ဘူဖွန်ဟာဂျူဗင်တပ်မှထွက်ခွာကာပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ပြီးသောမတ်စ်တူချယ်ရဲ့လက်အောက်တွင်အယ်ဖွန်းအေရီယိုလာနှင့်အလှည့်ကျကစားခဲ့ကာပြင်သစ်လီဂူး၁ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ၂၀၁၉ခုနှစ်တွင်ပီအက်စ်ဂျီမှထွက်ခွာကာဂျူဗင်တပ်သို့ဒုတိယအကြိမ်မြောက်ရောက်လာခဲ့ပြီးဆက်ဇက်နီရဲ့ဒုတိယဂိုးသမားအဖြစ်ကစားခဲ့ပါတယ်။

ယနေ့မှာတော့ဘူဖွန်ကရာသီအကုန်တွင်ကုန်ဆုံးမယ့်ဂျူဗင်တပ်နှင့်စာချုပ်အားသက်တမ်းတိုးသွားတော့မှာမဟုတ်ဘဲဇွန်လတွင်ထွက်ခွာမှာဖြစ်ကြောင်းဆိုလာပါတယ်။

ဘူဖွန်က “ကျွန်တော့်အနာဂတ်ကရှင်းရှင်းလေးပါ။ဒီရာသီအကုန်မှာကျွန်တော့်ရဲ့ဂျူဗင်တပ်နဲ့လှပပြီးရှည်လျားလှတဲ့ကာလကအဆုံးသတ်ပါမယ်။ကွဲပြားတဲ့အတွေ့အကြုံသစ်(သို့မဟုတ်)ကစားဖို့တွန်းအားတစ်ခုမရှိတော့ဘူးဆိုရင်တော့ကစားတာအနားယူပါမယ်။ကျွန်တော်ဟာဂျူဗင်တပ်အတွက်အားလုံးပေးဆပ်ခဲ့တယ်လို့ခံစားရပါတယ်။ကျွန်တော်လည်းအားလုံးကိုရရှိခဲ့ပါတယ်။သံသရာစက်ဝိုင်းအဆုံးသို့ရောက်သွားပါပြီ။နောက်ထပ်တစ်ခုသို့ရွှေ့ရမယ့်ကာလသို့ရောက်လာခဲ့ပြီဖြစ်ပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

ဂျူဗင်တပ်ဟာလာမယ့်မေလ၁၉ရက်နေ့တွင်အတ္တလန္တာနှင့်ကစားရမယ့်ကိုပါအီတာလီယာဖလားဗိုလ်လုပွဲတွင်ဘူဖွန်ကိုအသုံးပြုကာအသင်းအတွက်နောက်ဆုံးပွဲကိုကစားခွင့်ပေးသွားမှာဖို့ရှိနေကြောင်းသိရပါတယ်။ဂျူဗင်တပ်ဟာနည်းပြပီယာလိုရဲ့လက်အောက်မှာရုန်းကန်နေရပြီးချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမရေမရာဖြစ်လျက်ရှိပါတယ်။

zawgyi

ဂ်ဴဗင္တပ္မွေနာက္တစ္ႀကိမ္ထြက္ခြာမည္ျဖစ္ေၾကာင္းဘူဖြန္ေၾကညာ

ဂ်ဴဗင္တပ္ဂႏၴဝင္ဂိုးသမားဂီယန္လူဂီဘူဖြန္ကယခုေဘာလုံးရာသီအကုန္တြင္ဂ်ဴဗင္တပ္မွေနာက္ထပ္တစ္ႀကိမ္ထြက္ခြာမည္ျဖစ္ေၾကာင္းေၾကညာလာပါတယ္။

အသက္၄၃ႏွစ္ရွိအီတလီဂိုးသမားဟာ၂၀၁၈ခုႏွစ္တြင္ဂ်ဴဗင္တပ္တြင္၁၇ႏွစ္ၾကာကစားၿပီးေနာက္ထြက္ခြာခဲ့ဖူးသူျဖစ္ပါတယ္။

ဘူဖြန္ဟာဂ်ဴဗင္တပ္မွထြက္ခြာကာပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ခဲ့ၿပီးေသာမတ္စ္တူခ်ယ္ရဲ႕လက္ေအာက္တြင္အယ္ဖြန္းေအရီယိုလာႏွင့္အလွည့္က်ကစားခဲ့ကာျပင္သစ္လီဂူး၁ဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္တြင္ပီအက္စ္ဂ်ီမွထြက္ခြာကာဂ်ဴဗင္တပ္သို႔ဒုတိယအႀကိမ္ေျမာက္ေရာက္လာခဲ့ၿပီးဆက္ဇက္နီရဲ႕ဒုတိယဂိုးသမားအျဖစ္ကစားခဲ့ပါတယ္။

ယေန႔မွာေတာ့ဘူဖြန္ကရာသီအကုန္တြင္ကုန္ဆုံးမယ့္ဂ်ဴဗင္တပ္ႏွင့္စာခ်ဳပ္အားသက္တမ္းတိုးသြားေတာ့မွာမဟုတ္ဘဲဇြန္လတြင္ထြက္ခြာမွာျဖစ္ေၾကာင္းဆိုလာပါတယ္။

ဘူဖြန္က “ကြၽန္ေတာ့္အနာဂတ္ကရွင္းရွင္းေလးပါ။ဒီရာသီအကုန္မွာကြၽန္ေတာ့္ရဲ႕ဂ်ဴဗင္တပ္နဲ႔လွပၿပီးရွည္လ်ားလွတဲ့ကာလကအဆုံးသတ္ပါမယ္။ကြဲျပားတဲ့အေတြ႕အႀကဳံသစ္(သို႔မဟုတ္)ကစားဖို႔တြန္းအားတစ္ခုမရွိေတာ့ဘူးဆိုရင္ေတာ့ကစားတာအနားယူပါမယ္။ကြၽန္ေတာ္ဟာဂ်ဴဗင္တပ္အတြက္အားလုံးေပးဆပ္ခဲ့တယ္လို႔ခံစားရပါတယ္။ကြၽန္ေတာ္လည္းအားလုံးကိုရရွိခဲ့ပါတယ္။သံသရာစက္ဝိုင္းအဆုံးသို႔ေရာက္သြားပါၿပီ။ေနာက္ထပ္တစ္ခုသို႔ေ႐ႊ႕ရမယ့္ကာလသို႔ေရာက္လာခဲ့ၿပီျဖစ္ပါတယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာလာမယ့္ေမလ၁၉ရက္ေန႔တြင္အတၱလႏၲာႏွင့္ကစားရမယ့္ကိုပါအီတာလီယာဖလားဗိုလ္လုပြဲတြင္ဘူဖြန္ကိုအသုံးျပဳကာအသင္းအတြက္ေနာက္ဆုံးပြဲကိုကစားခြင့္ေပးသြားမွာဖို႔ရွိေနေၾကာင္းသိရပါတယ္။

ဂ်ဴဗင္တပ္ဟာနည္းျပပီယာလိုရဲ႕လက္ေအာက္မွာ႐ုန္းကန္ေနရၿပီးခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးမေရမရာျဖစ္လ်က္ရွိပါတယ္။