အာတီတာတစ်ရေးနိုး

Play Maker 3D

◼️Nကြယ်မင်း ၊Han Soe Thway ၊Min Naddy(Change)

ဒီတစ်ပတ်လုံးရော်နယ်ဒိုလွှမ်းခြုံမှုအောက်ရောက်ခဲ့ပါတယ်။ ဒါဟာအွန်လိုင်းအပေါ်မှာသွေးဆူနေတဲ့မနာလိုဝန်တိုမှုတွေနဲ့မဆိုင်ပါဘူး။ ဒါလေးတော့ရှင်းအောင်ပြောကြရပါလိမ့်မယ်။ သူပြန်လာတာမန်ယူအတွက်ကောင်းတယ်၊ တစ်နည်းအားဖြင့်ပရီးမီးယားလိဂ်တစ်ခုလုံးအတွက်ကောင်းတာပါပဲ။သူ့ဆီက ကျနော်တို့လိုချင်တာပေါ်ပြုလာဖြစ်မှု၊ပွဲဖြစ်မှု၊ ဟော့ဒီမှာကြည့်ကြဘိလို့ ကြွားဝါလိုမှုတွေနဲ့မသက်ဆိုင်ပါဘူး။ သူ့ရဲ့ကြိုးပမ်းအားထုတ်မှု၊ အဲ့ဒါနဲ့လျှော်ညီသော စံချိန်တွေလိုလားရာ လူသားဆန်မှု၊ကစားဖော်တွေကို စိတ်အားမြှင့်တင်ပေးနိုင်မှုတွေတွေပဲမဟုတ်လား။

အဲ့ဒါကြောင့်လူနည်းစုအနည်းငယ်ကလွဲရင်ရော်နယ်ဒိုပြန်လည်ရောက်ရှိလာခြင်းဟာ ကြီးမြတ်သောကဗျာတစ်ပုဒ်လိုထိတွေ့ခဲ့ကြရပါတယ်။ ဖြစ်ချင်တော့ နယူးကာဆယ်နဲ့ပွဲမှာ ၂ဂိုး၊ယန်းဘွိုင်းနဲ့ပွဲမှာတစ်ဂိုးရောက်ပြီဆိုတာနဲ့သွင်းပြလိုက်ပြန်တယ်။ မင်းဘယ်လိုလူစားလဲ၊ မင်း ဘယ်အထိလဲ၊ မင်းသွားချင်တာက အနားသပ်ကမ်းစပ်ရောရှိပါရဲ့လားရော်နယ်ဒို။ မန်ယူကအဲ့ဒီလိုပြောစရာတွေဖြစ်ပေါ်နေချိန်မှာအာဆင်နယ်ကကိုယ်ပိုင်တဲ့ကိုယ့်ငရဲကို ထိစမ်းနေကြရပါပြီ။ သူတို့ဟာ၄ပွဲကိုတစ်ဂိုးသာသွင်းယူနိုင်ခဲ့ချိန်မှာရော်နယ်ဒိုကတစ်ပွဲတည်း၂ဂိုးသွင်းယူနိုင်ခဲ့တော့မခက်လား။ အဲ့ဒီအာဆင်နယ်တွေဒီတစ်ပတ်ဘန်လေကွင်း သွားကစားရင်ဘာတွေဖြစ်မလဲကျနော်တို့စိတ်ဝင်စားမိပါတယ်။

ဘန်လေ – အာဆင်နယ်

အာဆင်နယ်(=၈၅)

◼️  Nကြယ်မင်း

အမှန်တော့အာဆင်နယ်ကိုအမြင်ကပ်တဲ့စိတ်နဲ့ဘန်လေပါကွာ၊ ဘန်လေပေါ့လို့ဖြေပစ်လိုက်ဖို့ကောင်းတာပါ။ ဒါပေမဲ့ပွဲကြိုဆရာတွေမှာအဲ့ဒီလိုလက်လွတ် စပယ်မှုကိုလက်ခံလို့မရပါဘူး။ ကိုယ့်ဖြတ်သန်းလာတဲ့သက်တမ်းအရအသင်းစွဲ၊သံယောဇဉ်၊ အမြင်ကပ်ပုဒ်မ၊ အလွယ်လုပ်လိုမှုတွေကို ဖယ်သတ်ပြီးသားဖြစ်ရပါမယ်။ တကယ်ဆိုနောဝစ်ချ်နဲ့ပွဲမှာအာဆင်နယ်ဘက်ကနည်းမှန်လမ်းမှန်အုံကြွခဲ့ကြသူတွေတစ်ဝက်နဲ့အဲ့ဒီထက်မကနာကျင်ခဲ့ကြာပါတယ်။

အာဆင်နယ်အဲ့ဒီလောက်ပဲလားဆိုတဲ့မေးခွန်းဟာကြားရက်တွေတစ်လျှောက်လုံးရဲ့ကြွေးကြော်သံပေါ့။ ပြည်သူတွေဟာချစ်ခဲ့တယ်၊ သူတို့ဘက်ကအချစ်မခံခဲ့ကြတာပါပဲ။တစ်ခါတရံမှာ လုပ်လျက်နဲ့မရတာမျိုး၊ လွဲခဲ့တာမျိုးရှိတယ်။ အခုအာဆင်နယ်ကတော့ အာတီတာရဲ့စနစ်တကျဖျက်ဆီးခြင်းကိုခံလိုက်ရတာမျိုးဖြစ်နေတယ်။ စမစ်ရိုးနဲ့ လာကာဇက်ကိုခေါက်ထားလိုက်တာမျိုးက စိတ်ပျက်ဖို့သိပ်ကောင်းခဲ့တယ်။

ဒါပေမဲ့ အခုမှတော့ မထူးတော့ဘူးလေ၊ အာတီတာကပဲ ရွဲ့စောင်းနိုင်မလား။ ကျနော်တို့ကပဲ စိတ်လက်ရှည်ရှည်စောင့်နိုင်မလားပေါ့။အခြားတစ်ဖက်ကိုကြည့်လိုက်တော့လည်း ဘန်လေဖြစ်နေတယ်။ ၄ပွဲတစ်မှတ်နဲ့ ရွာစောင့်နတ်ကိုတောင်ညှိလို့မရသေးဘူးဖြစ်နေတယ်။ ၃ဂိုးသွင်းပြီး၈ဂိုးပေးထားရတယ်။ ဘယ်နားလေးမှ ကောက်ကိုင်ချင်စရာမရှိတဲ့အသင်းဖြစ်တယ်။

ဒါကရှောင်ဒိုက်ချီရိုးရာလိုတောင်ဖြစ်လာတယ်။ အစဉ်အလာမှာတော့ဘန်လေကွင်းမှာအာဆင်နယ်တစ်လျှောက်လုံးအသာရခဲ့လည်း နောက်ဆုံးနှစ်ကြိမ်မှာသရေကျပေးခဲ့ရတာကရှော့ခ်ပဲ။ အဲ့ဒါက်ုပြန်ဖျက်ဖို့ အာဆင်နယ်လာပါလိမ့်မယ်။ ပရိသတ်တွေအတွက်အာဆင်နယ်ချော့ခန်းပေါ့။ အဲ့ဒီတစ်ခန်းလောက် ရောင်းပေးပါ။

◼️ ဟန်စိုးသွေး

မနှစ်ကဘန်လေအသင်းရဲ့ခြေစွမ်းကသိပ်မကောင်းမွန်ခဲ့ပေမယ့်လည်းအဆင့်တန်းမကွာတဲ့အသင်းတွေဆီကနေအမှတ်တွေရယူနိုင်ခဲ့လို့အဆင့်၁၀နေရာနဲ့ရာသီသိမ်းနိုင်ခဲ့တယ်။အသင်းလိုက်စုဖွဲ့ချိတ်ဆက်ကစားပုံမညက်ပေမယ့်လည်းနည်းစနစ်ကျကျကစားနိုင်စွမ်းရှိသလိုခံစစ်ကျစ်လျစ်လို့ တန်းဆင်းဇုန်နဲ့ ဝေးရာမှာရပ်တည်နိုင်ခဲ့တာဖြစ်တယ်။ဒီရာသီမှာကစားသမားအဝင်အထွက်နည်းလွန်းပြီးပွဲထွက်ကစားသမားအခင်းအကျင်းကလည်းအပြောင်းအလဲနည်းတာမို့မနှစ်ကဘန်လေနဲ့ဒီနှစ်ဘန်လေဟာအတူတူနီးပါးပါပဲ။

အထနှေးတတ်တဲ့ဘန်လေဟာခုထိနိုင်ပွဲမရသေးဘဲလိဒ်တစ်သင်းတည်းကိုသာသရေကစားနိုင်ခဲ့ကာအဲဗာတန်လီဗာပူး နဲ့ ဘရိုက်တန်တို့ကိုရှုံးနိမ့်ခဲ့တယ်။အာဆင်နယ်ကတော့အသင်းကြီးပုံစံပျောက်ဆုံးသွားခဲ့ပြီလို့ပြောနိုင်တယ်။စွမ်းရည်မြင့်ကစားသမားတွေကိုအားမဖြည့်နိုင်ခဲ့လို့လည်းအာဆယ်နယ်ရဲ့လက် ရှိအနေအထားကအလယ်အလတ်အသင်းတွေကိုတောင်ခက်ခက်ရင်ဆိုင်နေရပြီဖြစ်တယ်။

အာဆင်နယ်ဟာဘရန့်ဖို့ဒ်ကို၂-၀ ချဲလ်ဆီးကို ဝ-၂ မန်စီးတီးကို၅-ဝနဲ့ ၃ပွဲဆက်ရှုံးခဲ့ပြီးပွဲစဉ်အိမ်ကွင်းမှာနော့ဝစ်ချ် ကို ၁-၀ နဲ့အနိုင်ရအောင်မနည်းရုန်းခဲ့ရတယ်။နော့ဝစ်ချ်ကိုကစားခဲ့တဲ့ပွဲမှာဆိုရင်နည်းပြအာတီတာဟာကွင်းလယ်နဲ့ခံစစ်ကစားသမားအခင်းအကျင်းကိုအကြီးအကျယ်အပြောင်းအလဲလုပ်ပစ်ခဲ့တာကိုတွေ့ရတယ်။ဒီပွဲမှာအာဆင်နယ်ကသရေ၉၀ရှုံးဆိုပြီးအကျောပေးထားတယ်။

အာဆင်နယ်တိုက်စစ်ကိုဦးဆောင်တဲ့ အာဘူမီယန် ပီပီ ဆာကာ တို့ဟာအရည်အသွေးရှိသူတွေဖြစ်ပေမယ့်သူတို့ကွင်းလယ်ဟာခုထိပုံစံကောင်းမရသေးသလို့ခံစစ်ကလည်းယုံကြည်စိတ်ချလို့မရသေးပါဘူး။ဘန်လေတိုက်စစ်စုဖွဲ့မှုဟာအာဆင်နယ်တိုက်စစ်စုဖွဲ့မှုထက်နိမ့်ပေမယ့်ကွင်းလယ်ကစားပုံမာသလို့ ခံစစ်လည်းအမှားနည်းတာမို့ အာဆင်နယ်ကိုသူတင်ကိုယ်တင်ယှဉ်နိုင်လိမ့်မယ်လို့ယူဆရတယ်။အာဆင်နယ်အနိုင်ရဖို့မလွယ်လောက်တဲ့ပွဲမို့ သရေကျခဲ့ရင်တောင်အပြည့်နီးပါးပျော်ခွင့်ရမယ့်အိမ်ရှင်ဘန်နဲ့သာနေထိုင်စွန့်စားလိုက်သင့်ပါတယ်။

◼️ မင်းနဒီ(change)

အာဆင်နယ်ကို မချစ်သော်လည်း အောက်ကာနမ်းရပါလိမ့်မယ်

အာဆင်နယ်က -80 နဲ့ ဂိုးပေါင်းကြေးက 2-75 ပေးထားတယ်။ အာဆင်နယ်ရဲ့ လက်ရှိ အကြောပေးမှု -75 က အနီးစပ်ဆုံး နောက်ဆုံး ၃ ကြိမ် (အဲ့ဒီ ၃ ကြိမ်က အာဆင်နယ်အသင်း ဆိုးဆိုးရွားရွားနိမ့်ကျသွားတဲ့ နောက်ဆုံး ၃ ကြိမ်လို့ပြောတာပိုမှန်ပါလိမ့်မယ်) မှာ 1+70, -100 နဲ့ တစ်ကြိမ်မှာ ဘန်လေကတောင် -20 ပြန်ပေးခဲ့ရတဲ့ ကြေးတွေနဲ့ ယှဉ်ကြည့်လိုက်ရင် မှန်ကန်တဲ့၊ ပေးသင့်ပေးထိုက်တဲ့ အခြေအနေတစ်ခုမှာ ရှိနေတယ်လို့ ပြောလို့ရပါသေးတယ်။ ဒါပေမဲ့ ခက်နေတာက အာတီတာပါပဲ။ သူက အသင်းကို ဘာဖြစ်ချင်မှန်းမသိ၊ ဘာလုပ်ချင်မှန်းမသိ ရှင်းရှင်းလင်းလင်းရှိမနေတာကို စိတ်ပျက်ရတယ်။

အသင်းက ရာသီအစ ၃ ပွဲလုံးရှုံးထားပြီး တစ်ဂိုးမှ မသွင်းနိုင်တဲ့ အခြေအနေမျိုးနဲ့ နောဝှစ်ခ်ျလိုအသင်းမျိုးနဲ့ တွေ့တဲ့ပွဲစဉ်မှာ ရနိုင်သလောက်ဂိုးတွေပစ်သွင်းလိုက်စမ်းမယ်ဆိုတာမျိုးမရှိဘူး၊ အသင်းသားတွေရဲ့ ယုံကြည်မှုတွေ ပြန်တက်လာအောင် ဆွဲတင်ရမယ့်အစား လာကာဇက်၊ စပစ်ရိုဝီ၊ လီနို တို့ကိုအရန်ခံထိုင်ခိုင်းခဲ့တယ်၊ မစ်လန်းနိုင်းကို လူသစ်လေး လိုကွန်ဂါနဲ့တွဲပေးခဲ့တာတွေက တော်တော်သည်းမခံနိုင်စရာကောင်းတဲ့ လုပ်ရပ်တွေပဲဖြစ်ခဲ့တယ်။ ပြီးတော့ အသင်းက နောဝှစ်ခ်ျလိုအသင်းကို အနိုင်ဂိုးလေးတစ်ဂိုးရဖို့တောင် အချိန်တော်တော်ကြာအောင်စောင့်ဆိုင်းခဲ့ရတာတွေက အာတေးတားကို စိတ်ကုန်သွားစေခဲ့တယ်။ တစ်ဖက်က ဘန်လေကိုလည်းကြည့်လိုက်တော့ သူတို့လည်း တဖြည်းဖြည်းနဲ့ လုံးပါးပါးလာလိုက်တာ ခပ်ယဲ့ယဲ့ပဲရှိတော့တယ်ဆိုသလိုဖြစ်နေပြန်တယ်။

ကစားထားတဲ့၄ ပွဲမှာ ရမှတ် ၁ မှတ်နဲ့ ခံစစ်ကပေါက်ထွက်နေလိုက်တာအရင်တုန်းကမာကျောတဲ့ဘန်လေရဲ့အငွေ့အသက်တွေကုန်သလောက်ဖြစ်နေတယ်။ ပံ့ပိုးမှုအားနည်းတဲ့အသင်းငယ်လေးတစ်သင်းကအချိန်ကြာလာတာနဲ့အမျှ ဆုတ်ယုတ်သွားလေ့ရှိပါတယ်။ အခုဘန်လေဖြစ်နေတာအဲ့ဒါပါပဲ။ ဒါကြောင့်အာဆင်နယ်ဟာအာတေးတားရဲ့ လုပ်ပုံကိုင်ပုံတလွဲတွေမှာစိတ်ပျက်နေရတာမှန်ပေမဲ့ ဘန်လေကဘာမှလုပ်နိုင်စွမ်းမရှိတဲ့အခြေအနေကပိုပြီးငြီးငွေ့စရာကောင်းပါတယ်။ နောက်ပြီးအာဆင်နယ်ကဒီပွဲမှာကွင်းလယ်လူပါတေးနဲ့ပွဲထွက်လာဖို့လည်းရှိနေပါတယ်။

ပါတေးပွဲထွက်လာရင်အာဆင်နယ်ကွင်းလယ်ပိုငြိမ်သွားမယ်၊ ဆာကာ၊ အူဘာမီယန်းတို့အတွက်စိတ်အေးလက်အေးနဲ့တိုက်စစ်ကိုကစားခွင့်ရလာမဲ့အခြေ အနေကအာဆင်နယ်ကိုရွေးချယ်ဖို့ တွန်းအားဖြစ်လာစေပါတယ်။ နောက်ပြီးဘန်လေရဲ့ ခံစစ်ကထရာကောစကီးနဲ့ ဘန်မီးတို့အတွဲကလည်း အရင်ရာသီတွေကလောက်မာကျောမှုမရှိတော့ပဲဂိုးတွေပေးနေရတာကြောင့်ဘန်ဘေတိုက်ပွဲမှာအာဆင်နယ်ကို မချစ်သော်လည်းအောက်ကာနမ်းဖို့ စွန့်စွန့်စားစားဆုံးဖြတ်လိုက်ရပါတယ်။

ဒီတစ်ပတ် 3D

◼️ဒီရာသီစကတည်းကပွဲတွေကိုဆရာNကြယ်မင်းရွေးနေတာဖြစ်ပေမယ့်ဒီတစ်ပတ်တော့ဆရာဟန်ပြောင်းရွေးခဲ့တာပါ။ ယောက်ယက်ခပ်နေသူနှစ်သင်းရဲ့ထိပ်တိုက်တွေ့မှုဟာဘာတွေဖြစ်မတဲ့လဲ။ဆရာဟန်ကအိမ်ရှင်ဘန်လေကိုယူခဲ့ပြီးဆရာကြယ်တို့နှစ်ယောက်ကတော့အာဆင်နယ်ဘက်ရောက်ခဲ့ကြတာပါ။ ဒီတော့လည်းဒီတစ်ပတ် 3D ရဲ့Play Maker Choice ဟာ ‘အာဆင်နယ်’ဖြစ်လာပါတယ်။ ဒီတစ်ပတ်ခေါင်းစဉ်က ‘အာာတီတာတစ်ရေးနိုး’ပါတဲ့ပရိသတ်ကြီး..