ရှောင်ဒိုက်ချီနဲ့သွားရင်ဘန်လေဟာ လမ်းဖြစ်သလား..

Play Maker 3D

🔴  ဟန်စိုးသွေး၊ Nကြယ်မင်း၊ မင်းနဒီ

လိဂ်ပွဲတွေပြန်စပြီ။ မပြီးပြတ်သေးသောတိုက်ပွဲတွေ၊မှားယွင်းနေသောရပ်တည်မှုတွေ၊ သွေးဆူနေသောလူစွမ်းလူစတွေနောက်တစ်ကြိမ်ပြန်လည်ရှုစားကြရတော့မည်ပေါ့။ပရီးမီးယားလိဂ်မှာဒီလိုအဖြစ်မျိုးတွေအများကြီးတွေ့နိုင်သည်။ စပါးနဲ့ အဆင့်(အဆင့်၉)ကိုဘယ်လိုစိတ်မျိုးနဲ့ တွဲမြင်နိုင်ပါမည်လဲ။ ဘင်နီတက်ဇ်၊အဲဗာတန်နှင့် အဆင့်(၁၁)ဆိုတာကလည်းဘယ်လိုနည်းနှင့်မှ တွဲဖက်အစာတွေမဖြစ်နိုင်ပါ။ ဘရန်ဒန်ရော်ဂျာကြိုးနှင့်ဆွဲကာခေါ်သွားမလားမျှော်စောင့်ခဲ့ကြ၊ တကယ်ဖြစ်ခဲ့ကြ၊ ထိုက်တန်စွာသက်ရောက်ခဲ့ကြဖူးပြီဖြစ်သည့် မြေခွေးတွေက အဆင့်(၁၂)မှာ..။

မယုံနိုင်ဘူး၊ ရုပ်ရှင်ကြည့်ရသလို ဘဝဆန်းကြယ်လွန်းသည်လား..။ မနှစ်ကနှစ်လိုမှုတစ်ခုဖြင့်ရင်ဘတ်ပေါ်တင်ကြ၊အနမ်းဖြူတွေကြဲချခဲ့ကြသည့်လိဒ်ယူနိုက်တက်တွေကအဆင့်(၁၅) ရောက်နေပြန်သည်။ ဘာတွေလဲ။ အချိန်ကာလတစ်ခုအားဖြင့်တော့အားလုံးမီသေးတာသေချာသည်။ မလျှော်သောနိမ့်ပါးခံနေရခြင်းများအားပြုပြင်ရန်သူတို့အခုပဲအိပ်ရာကထကြဖို့လိုသည်။ ပြီးတော့ကျနော်တို့ရောပေါ့။ ဘဝမှာဝမ်းနည်းပါသည်ထုတ်ဖော်ပြောဆိုနိုင်ရုံနှင့်တာဝန်ကျေပြီထင်နေကြသူအပေါင်းတို့..

🔴 ဘန်လေ – ခရစ္စတယ်ပဲလေ့စ် (ခရစ္စတယ်ပဲလေ့စ်(=15))

🔴 Nကြယ်မင်း

ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်တိုးဝှေ့နေရချိန်မှာတောင်ဘန်လေအတွက်သိပ်ပြီးပူပန်ဖြစ်တာမျိုး မရှိလှပါဘူး။ရှောင်ဒိုက်ချီဟာဘန်လေနဲ့ အမြင့်ပျံနိုင်မယ်ဆိုတဲ့အိပ်မက်တစ်ခုတော့မီးပေးမထားနဲ့တော့ပေါ့လေ။ဒါပေမဲ့တအိအိပြိုကျသွားပြီးနောက်ဆုံးမှာတန်းဆင်းသွားရမယ့်အနေအထားမျိုးတော့လည်းဒီနည်းပြနဲ့ဒီအသင်းမှာမထိတွေ့ရသေးပါဘူး။ ဘန်လေဟာဘယ်အချိန်ဘာလုပ်ရမလဲသိရှိနေတတ်တဲ့အသင်းမျိုးဖြစ်ပြီးသူတို့ရဲ့မာဂုဏ်ကိုလိုအပ်သလိုထုတ်သုံးရာမှာလည်း သာမန်အဆင့်ထက် သေချာခဲ့တာချည်းပါပဲ။

လိုင်ယွန်ကရောက်လာတဲ့ဘယ်တောင်ပံကစားသမားမက်ဇ်ဝဲလ်ကော်နက်ဟာသူတို့ရဲ့လေးအီနေမှုကိုဖောက်ခွဲပစ်လိုက်နိုင်ပါတယ်။ သူကခြေစစ်ပွဲတွေမှာလည်းအိုင်ဗရီကို့စ်နဲ့အတူခြေစွမ်းပြနိုင်ခဲ့တယ်။ဂိုးနံ့ခံနိုင်မှုနဲ့ပါးနပ်ခြင်းကိုပေါင်းစပ်ထားနိုင်သူလည်းဖြစ်တယ်။ရာသီတိုင်းလိုလိုအိပ်ရာထနောက်ကျနေတတ်တဲ့ဘန်လေကိုသူကလှုပ်နိုးနေခဲ့တာပါ။ဒါပေမဲ့ခရစ္စတယ်ပဲလေ့စ်ကလည်းရုတ်တရက်ကြီးမီးညွန့်ပြန်ကျိုးသွားပါ့မလားစဉ်းစားစရာရှိပါတယ်။ကော်နက်ကဘန်လေကိုကယ်တင်နေသလိုပဲဂယ်လာဂါကလည်းပဲလေ့စ်တိုက်စစ်ကိုပြောင်းလဲနေစေပါတယ်။

အက်ဒွပ်ရဲ့အတိုးအလှုပ်တွေကြောင့်ဇာဟာကစားပေါက်ချောင်သွားတာကလည်းရွိုင်းဟော့ဆန်လက်ထက်ပဲလေ့စ်ထက်ပိုပြီးမျှော်လင့်ချင့်စရာကောင်းတဲ့ဗီအဲရာပဲလေ့စ်ဖြစ်လာပါတယ်။ ဒါပေမဲ့အဝေးကွင်း ၅ပွဲကစားခဲ့ရာမှာတစ်ပွဲသာအနိုင်ရပြီးပျမ်းမျှပေးဂိုး၂ဂိုးရှိနေတဲ့အသင်းကဘန်လေကိုပြန်ပေးထားတာနည်းနည်းရင့်ပါတယ်။ခြေစွမ်းအရဗီအဲရာလင်းယုန်တွေအသာရနိုင်ပေမယ့်ယုံကြည်မှုပြန်ရနေသလိုနောက်ဆုံးတွေ့ဆုံမှုတွေမှာလည်း၃ပွဲဆက်အနိုင်ရထားတဲ့ဘန်လေရှုံးသွားဖို့တော့မဖြစ်နိုင်ပါဘူး။အနိမ့်ဆုံးသရေကစားမယ့်အသင်းအဖြစ်ဘန်လေနဲ့လက်တွဲချင်ပါတယ်။

🔴 ဟန်စိုးသွေး

ဘန်လေဟာနိုင်ပွဲရဖို့ပွဲစဉ်၁၀အထိစောင့်လိုက်ရတယ်။အဲဒီပွဲစဉ်၁၀အိမ်ကွင်းမှာဘန်လေကစားပုံကတော်တော်လေးကောင်းခဲ့ပြီးဘရန့်ဖို့ဒ်ကို၃-၁နဲ့အနိုင်ရခဲ့တယ်။နိုင်ပွဲစရပြီးနောက်ဘန်လေခြေစွမ်းဆက်ကောင်းခဲ့ပြီးအဝေးကွင်းမှာချဲလ်ဆီးကိုသရေကစားနိုင်ခဲ့ပြန်တယ်။ထင်ရှားတဲ့ကစားသမားတွေမပါဝင်ပေမယ့်စည်းစနစ်ကျကျကစားနိုင်စွမ်းရှိပြီးကစားပုံမာတဲ့ဘန်လေဟာပဲလေ့စ်ကိုကောင်းကောင်းယှဉ်ကစားနိုင်မှာသေချာတယ်။ရာသီအ စောပိုင်းကာလမှာခြေစွမ်းမငြိမ်ခဲ့တဲ့ပဲလေ့စ်ကတော့ပွဲဆက်များလာတာနဲ့အမျှခြေစွမ်းကောင်းမွန်လာခဲ့ပြီးရလဒ်တွေဆက်တိုက်ကောင်းမွန်ခဲ့တယ်။နောက်ဆုံးကစားခဲ့တဲ့၆ပွဲမှာရှုံးပွဲမရှိခဲ့ဘဲ ၄ပွဲသရေ၂ပွဲအနိုင်ရခဲ့တယ်။

နောက်ဆုံးကစားခဲ့တဲ့၂ပွဲမှာဆိုရင် မန်စီးတီးကို ဝ-၂ဝုဗ်ကို ၂-ဝနဲ့အနိုင်ရခဲ့တဲ့အထိပဲလေ့စ်ကောင်းခဲ့တယ်။ဒါပေမယ့်ပဲလေ့စ်ရဲ့ကွင်းလယ်စုဖွဲ့မှုအားဟာသိပ်တောင့်တင်းတာမျိုးမဟုတ်တာမို့ရလဒ်တွေဆက်တိုက်ကောင်းဖို့တော့မျှော်လင့်လို့မရနိုင်ပါဘူး။ဒီပွဲမှာပဲလေ့စ်ကသရေ၂၀ရှုံးအကြောပေးထားတယ်။ရလဒ်တွေဆက်တိုက်ကောင်းခဲ့လို့ပဲလေ့စ်ကအကြောပေးထားတာမျိုးဖြစ်တယ်။ဒါပေမယ့်ခပ်မာမာကစားတတ်တဲ့ဘန်လေဟာနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာမန်စီးတီးတစ်သင်းတည်းကိုသာရှုံးခဲ့ပြီး ၃ပွဲသရေ၁ပွဲအနိုင်ရခဲ့တယ်။အိမ်ကွင်းဆိုကစားပုံအမှားတဲ့ဘန်လေကိုပဲလေ့စ်အနိုင်ရဖို့မလွယ်ပါဘူး။အိမ်ရှင်ဘန်လေအနိမ့်ဆုံးသရေကစားနိုင်လိမ့်မယ်လို့ယူဆမိတဲ့အတွက်ပဲလေ့စ်ကိုငြင်းပယ်လိုက်သင့်ပါတယ်။

🔴မင်းနဒီ(Change)

ခရစ္စတယ်ပဲလေ့စ်က -15 နဲ့ ဂိုးပေါင်းကြေး 2-50 ပေးထားပါတယ်။ခရစ္စတယ်ပဲလေ့စ်ရဲ့မူလဖွင့်လှစ်မှုကဒဲ့အနေအထားနဲ့ 2-50 ပေးခဲ့တာဖြစ်တယ်။ ဘော်ဒီကြေးမှာမူလဖွင့်လှစ်မှု 0 ကနေ -15 ကိုတက်လာပြီးဂိုးပေါင်းကြေး 2-50 မှာတည်ငြိမ်နေတာကိုတွေ့ရတယ်။လက်ရှိပေါက်ကြေးအနေအထားကို သုံးသပ်ရမယ်ဆိုရင်ခရစ္စတယ်ပဲလေ့စ်ဟာဘန်လေကို ရဲရဲတင်းတင်းအကြောပေးရဲတဲ့အနေအထားမျိုးမှာမရှိဘူးလို့ ယူဆလို့ရတယ်။ ခရစ္စတယ်ပဲလေ့စ်ကပရီးမီးယားလိဂ်အဝေးကွင်း၅ ပွဲမှာ၁ပွဲနိုင်၊၂ ပွဲသရေနဲ့ ၂ ပွဲရှုံးနိမ့်ထားတယ်။တိုက်စစ်က ၆ ဂိုးသွင်းယူပြီးခံစစ်က ၁၀ပေးထားရတယ်။ ခရစ္စတယ်ပဲလေ့စ်ရဲ့ ၁ ပွဲတည်းသောအဝေးကွင်းနိုင်ပွဲကလက်ရှိချန်ပီယံမန်စီးတီးကိုအနိုင်ရထားတာဖြစ်ပြီးရှုံးပွဲ ၂ ပွဲမှာလီဗာပူး၊ချဲလ်ဆီးတို့ ဖြစ်နေပေမဲ့အဆင့် ၁၈ မှာရပ်တည်နေတဲ့ဘန်လေကို ပြတ်သားတဲ့အကြောပေးမှုမျိုးမလုပ်နိုင်တာသံသယဖြစ်စရာပါပဲ။

အာဆင်နယ်နဲ့ဝက်စ်ဟမ်းကို 2-2 သရေကစားနိုင်ခဲ့ပါလျှက်ဘန်လေကိုပြတ်သားတဲ့အကြောပေးမှုမျိုးမလုပ်နိုင်ပဲရှိန်နေတာမသင်္ကာစရာကောင်းနေတယ်။ဘန်လေကဒီရာသီမှာအဆိုးရွားဆုံးတာထွက်မှုနဲ့ စတင်ခဲ့ရပြီးဘန့်ဖို့ဒ်နဲ့ပွဲမှာဒီရာသီရဲ့ပထမဆုံးနိုင်ပွဲကို စတင်ရရှိခဲ့တာဖြစ်တယ်။ရှောင်ဒိုင်ချီရဲ့ ဘန်လေဟာဒီရာသီမှာ တော်တော်လေးရုန်းကန်နေရပြီးခံစစ်ပိုင်းမှာအရင်ရာသီတွေကနဲ့မတူနဲ့ မာကျောကျစ်လျစ်မှုမျိုးပျောက်ဆုံးနေခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းပွဲစဉ်တွေမှာတော့အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ရုန်းကန်နေတာကိုတွေ့ရတယ်။အိမ်ကွင်း ၅ ပွဲကိုကြည့်မယ်ဆိုရင်ဘရိုက်တန်နဲ့ အာဆင်နယ် ၂ သင်းကိုပဲရှုံးနိမ့်ထားပြီးနောဝှစ်ချ်နဲ့ လိဒ်စ်ကိုသရေခံကစား၊ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တာကအိမ်ကွင်းမှာရုန်းနိုင်စွမ်းရှိသလောက်ရုန်းကန်နေတယ်ဆိုတာကိုထင်ရှားစေတယ်။ဘန်လေရဲ့နောက်ဆုံး ၃ ပွဲကိုကြည့်မယ်ဆိုရင်လည်းဆောက်သမ်တန်ကို 2-2 သရေ၊ ဘရန့်ဖို့ဒ်ကို 3-1၊ ချဲလ်ဆီးကို 1-1 ခံကစားနိုင်ခဲ့ပြီးအဲ့ဒီ ၃ ပွဲမှာချဲလ်ဆီးနဲ့တစ်ပွဲပဲနောက်ကလိုက်ကစားခဲ့ရတာကြောင့်ဘန်လေဟာစိတ်ဓာတ်တစ်ခုနဲ့ အစွမ်းကုန်ရုန်းနေတယ်လို့မှတ်ယူမိတယ်။

နိုင်ငံတကာပွဲစဉ်တွေဝင်လာတာကခြေမှန်ရလုနီးပါဖြစ်လာတဲ့ဘန်လေအတွက်အနှောက်အယှက်ဆိုပေမဲ့ ရှောင်ဒိုင်ချီဟာဘန်လေအပေါ် အလွယ်တကူအလျှော့မပေးဘူးဆိုတာအိမ်ကွင်းရလဒ်တွေက သက်သေခံနေတယ်။ လက်ရှိရရှိထားတဲ့ဂိုးသွင်းအားနဲ့ အသင်းလိုက်ကစားအားကိုဆက်ထိန်းထားနိုင်မယ်လို့လည်းမျှော်လင့်မိတယ်။အထူးသဖြင့်အိမ်ကွင်းပွဲစဉ်တွေမှာ အစွမ်းကုန်ရုန်းကန်နေပြီးအိမ်ကွင်းပွဲစဉ်တွေကိုပိုပြီးအလေးအနက်ထားတာတွေ့ရတယ်။ဘန်လေဟာနောက်ဆုံး ၃ ပွဲမှာ တိုက်စစ်ကသွင်းဂိုးတွေမြိုင်မြိုင်ဆိုင်ဆိုင်ရနေပြီးကော်နက်၊ ဗီဒရာ၊ ခရစ္စဝုဒ်တို့ ဆီကသွင်းဂိုးတွေကိုပြန်လည်မြင်တွေ့လာရတာကလည်းအားတက်စရာကောင်းနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာမန်စီးတီးနဲ့ပွဲမှာ Up-Set ရခဲ့တာတစ်ခုကလွဲရင်ခံစစ်ပိုင်းကတော်တော်လေးစိတ်ပျက်စရာကောင်းခဲ့ပါတယ်။

ဒီလိုအသင်းမျိုးကအပေါ်အသင်းဖြစ်နေပြီးပြတ်သားတဲ့အကြောပေးမှုမျိုးမလုပ်နိုင်တာဟာဘွတ်ကီတွေအနေနဲ့ ခရစ္စတယ်ပဲလေ့စ်ရဲ့အဝေးကွင်းခြေစွမ်းကိုမယုံကြည်ရဲတာထင်ရှားနေတယ်။ဘန်လေဟာနောက်ဆုံး ၃ ပွဲဆက်ရှုံးပွဲမရှိခဲ့ပဲတိုက်စစ်ကဂိုးတွေသွင်းယူနေပြီးခြေတက်နေတဲ့ပုံစံကအဝေးကွင်းခံစစ်ကိုယုံလို့မရတဲ့ခရစ္စတယ်ပဲလေ့စ်အတွက်အမှတ်လျော့သွားမလားထင်စရာကောင်းနေပါတယ်။ ဇာဟာ၊ ဂါလက်ဂါ၊ အက်ဒ်ဝပ်တို့ရဲ့ခြေစွမ်းပြမှုနဲ့အတူအဆင့် ၁၀ မှာရပ်တည်နေတဲ့ခရစ္စတယ်ပဲလေ့စ်က နိုင်ပွဲတစ်ပွဲသာရထားပြီးတန်းဆင်းဇုန်းထဲမှာရပ်တည်နေရတဲ့အသင်းကို -15 ပဲပေးထားတဲ့ အကြောပေးထားတာကလည်းသဘာဝမကျဘူး။ ဒီကြေးကဘန်လေရဲ့ အိမ်ကွင်းရုန်းအားကိုရှိန်နေတာအရမ်းထင်ရှားတယ်။

မန်စီးတီးကိုအနိုင်ကစားထားနိုင်တဲ့အသင်းအနေနဲ့ဘန်လေကိုအနည်းဆုံး -50 ဝန်းကျင်မှာရှိနေသင့်တာအမှန်ပဲ။ဒါကြောင့်ကြေးပေးအနေအထားအရ ခရစ္စတယ်ပဲလေ့စ်မှာပြတ်သားတဲ့အကြောပေးမှုမျိုးအားနည်းနေပြီး နိုင်ငံတကာပွဲစဉ်တွေမတိုင်မီ ခြေတက်လာတဲ့ဘန်လေကြောင့်ဘန်လေနဲ့စွန့်စားကြည့်ဖို့ဆုံးဖြတ်လိုက်ရတယ်။ ဘန်လေဟာနောက်ဆုံး ၃ ပွဲမှာ တိုက်စစ်ကဂိုးတွေလိုအပ်သလိုသွင်းယူနိုင်ခဲ့ပြီးခြေတက်နေတဲ့ပုံစံကိုရထားတာကြောင့် အိမ်ကွင်းမှာဘန်လေမရှုံးနိုင်ဘူးလို့ မှတ်ယူမိတယ်။ အနည်းဆုံးသရေရသွားလိမ့်မယ်လို့တွေးမိတာကြောင့်လည်းဘန်လေနဲ့ အတူတိုက်ပွဲဝင်လိုက်ရပါတယ်။

🔴 ဒီတစ်ပတ် 3D

ကြားရက်နိုင်ငံပွဲမှာတုန်းကဝေးလ်နဲ့အတူပွဲခံနိုင်ခဲ့ကြမှာပါ။ဒီတစ်ပတ်လည်းအဲ့ဒီတုန်းကပွဲရွေးပေးခဲ့တဲ့ဆရာဟန်ပဲဒီပွဲကိုတင်သွင်းလာခဲ့တာပါ။ဘန်လေ -ခရစ္စတယ်ပဲလေ့စ်လိုခန့်မှန်းရခက်ခဲတဲ့ပွဲစဉ်မျိုးမှာဆရာသုံးဦးလုံးက ‘ဘန်လေ’ကိုချည်း ရွေးခဲ့ကြတာကတော့အံ့အားသင့်စရာပါပဲ။အခုလိုသုံးယောက်တစ်သံဖြစ်လာတာကြောင့်ဒီတစ်ပတ်အတွက်ဘန်လေဟာ Play Maker 3D Special Choiceဖြစ်ပါတယ်။ရှောင်ဒိုက်ချီနဲ့သွားရင်လမ်းဖြစ်ပါစေပရိသတ်ကြီး..