ရှောင်ဒိုင်ချီကို ရှောင် ……. စင်ရော်တွေနဲ့ ပျံဝဲလိုက်

ရှောင်ဒိုင်ချီကို ရှောင် ……. စင်ရော်တွေနဲ့ ပျံဝဲလိုက်

(နှင်းမိုးခ)

ဘောလုံးရာသီသစ်ကတော့ အချိန်မှန်ရာသီစက်ဝန်းအတိုင်း ဘောလုံးပရိသတ်ကြီးဆီ ပြန်လည်ရောက်ရှိ လာခဲ့ပါပြီ။ မနှစ်က ကိုဗစ်မွှေလို့ ပရိသတ်မပါဘဲ ပေါ့ရွှတ်ရွှတ်ဖြစ်ခဲ့ရတဲ့ ဘောလုံးပွဲတွေဟာ ဒီရာသီမှာတော့ ပရိသတ်အများအပြားပြန်ကြည့်ခွင့်ရခြင်းနဲ့အတူ ကလုံး မဟုတ်တဲ့ အိမ်ကွင်းပရိသတ်စစ်စစ်အင်အားနဲ့ အသက်ပြန်ဝင်လာတော့မှာပါ။ လအတော်ကြာ ပွဲတွေသုံးသပ်ချက်တွေ မရေးဖြစ်၊ မဖော်ပြဖြစ်လို့ ပရိသတ်နဲ့ အဆက်ပြတ်သွားခဲ့မှုကြောင့် စိတ်လှုပ်ရှားမှုတွေ ပျောက်ဆုံးခဲ့ရတဲ့ကာလအတွက် အခုပြန်လည်ပေးဆပ်ဖို့၊ အတူ ရင်ခုန်ခံစားဖို့ဆုံးဖြတ်ပြီး ပလေးမိတ်ကာနဲ့အတူ ကျွန်တော်ပြန်လာခဲ့ခြင်းဖြစ်ပါတယ်။

ရာသီသစ်အဖွင့်ပွဲတွေဖြစ်တဲ့အတွက်အသစ်အသစ်သောအခြေအနေတွေ၊အပြောင်းအလဲတွေနဲ့ ဒီကာလ ဘော လုံးပွဲခန့်မှန်းရမှုဟာ ရစ်သမ်မမိနိုင်သေးပါဘူး။ ရာသီအဖွင့်ပွဲတွေဆိုတာကလည်း အင်မတန် နတ်ကြီးပါတယ်။ ထိပ်တန်းကစားသမားသစ်တွေခေါ်ထားပြီး အားလုံးရင်ခုန်စွာစောင့်ကြည့်ခံရတဲ့အသင်းကြီးတွေဟာ တန်းတက်တွေကို အနိုင်ရဖို့ အင်မတန်ခက်ခဲခဲ့တဲ့ဖြစ်စဉ်တွေကလည်း နှစ်တိုင်းရာသီအစတိုင်း ရှိခဲ့တာကို ဖိုက်တာတွေမခံစားဖူး သူ မရှိသလောက်ပဲမဟုတ်လား။ ဒါကြောင့် ဒီလို ရာသီအဖွင့်ပွဲစဉ်တွေမှာ သတိကြီးစွာထားပြီး တစ်ပွဲကောင်း ရွေးချယ်ဖို့ အတွေးနက်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ပွဲတွေထဲကအကျိုးအရှိဆုံးဖြစ်နိုင်မယ့်ပွဲရွေးချယ်ဖို့ဆုံးဖြတ်ထားတာနဲ့အညီစနေညပွဲတွေကိုသေသေချာချာ အားစိုက်လေ့လာကြည့်မိတယ်။ မနှစ်ကဒဏ်ရာပြဿနာတွေကနေ ခြေချော်ပြီး ချန်ပီယံလမ်းကြောင်းပေါ်ကလိမ့်ကျခဲ့တဲ့ လီဗာပူးနဲ့ တစ်နှစ်သာတန်းဆင်းခဲ့ပြီးတန်းပြန်တက်လာတဲ့ နော်ဝစ်ချ်ပွဲကို ကြည့်တော့လီဗာပူးကအဝေးကွင်းမှာတစ်ဂိုးတည်းနဲ့နိုင်ရင်တာထွက်မှာပဲတာကျိုးရမှာတွေ့ရတယ်။ ဂိုးပေါင်းအခြေ အနေကလည်းလေးဂိုးဖြစ်မှ ဂိုးပေါ်သမားတွေ ကျေနပ်ခွင့်ရှိမယ်။ လီဗာပူးမှာလူပြန်စုံပါမှာပါ။ ဒါပေမဲ့ပရိသတ်အားကို ပြန်လည်စုပ်ယူသက်ဝင်ခွင့်ကတန်းတက်နော်ဝစ်ချ်ဘက်ကအားသာချက်တစ်ခုဖြစ်တယ်။ ပြီးတော့နော်ဝစ်ချ်ဟာမနှစ်ကချန်ပီယံရှစ်မှာ ၉၇ မှတ်အထိရယူနိုင်ခဲ့ပြီး တိုက်စစ်ဦးစားပေးအသင်းဖြစ်တာတွေ့ခဲ့ရ တယ်။ ဒီလိုဆိုကျွန်တော်တို့ အဝေးကွင်းခံစစ်ကစားရာမှာစိတ်မချရတဲ့လီဗာပူးဘက်ကို နော်ဝစ်ချ်တစ်ဂိုးသွင်းနိုင်မယ်လို့ မှန်းဆမိလိုက်ရင်လီဗာပူး ၃-၁ ဆိုတဲ့ အနိုင်ရလဒ်မှအပေါ်အားပေးရကျိုးနပ်မယ်။ စွန့်စားရမယ့် သဘောအများကြီးပါနေတယ်။

ကျန်တဲ့ပွဲတွေရဲ့ကြေးနဲ့ ပြိုင်ဘက်နှစ်သင်း ခြေစွမ်းကွာဟချက်ကို တွက်ကြည့်တော့လည်း ချယ်လ်ဆီး-ပဲလေ့စ် က နှစ်ဂိုးပြတ်နိုင်မှ ချယ်လ်ဆီးအားပေးရကျိုးနပ်မယ်။ ဂိုးပေါင်းဆို သုံးဂိုးဆို ရာနှုန်းတစ်ဝက် ပျော်ရမယ့်အဖြစ်။ ဒီပွဲလည်း စွန့်စားစရာတွေရှိပြန်တယ်။ တူချယ်ရဲ့ဂိုးမပေးရရေးအဓိကထားတဲ့ ချယ်လ်ဆီးကစားဟန်၊ ဗီအဲရာကိုနည်းပြသစ်အဖြစ် တင်သွင်းလာတဲ့ ပဲလေ့စ်ရဲ့ မနှစ်ကသွင်းဂိုးပေါင်း (၄၁ ဂိုး) ဆိုတဲ့အခြေအနေအရ ချယ်လ်ဆီးလွှတ်ကောင်းမပြနိုင်ရင်ဂိုးတွေမျှော်သလိုဖြစ်လာဖို့မလွယ်ပြန်ဘူး။ ဂိုးအများရွေးချင်လည်း စွန့်စားရတာ များနိုင်တယ်။ ကျန်ပွဲစဉ်တွေကြည့်ပြန်တော့ ခြေစွမ်းအဆင့်မကွာတဲ့ပြိုင်ဘက်တွေရဲ့ ပွဲတွေများနေလို့ အကြိုက်ဆုံးရွေးချယ်တဲ့တစ်ပွဲကောင်းဟာလူစိတ်ဝင်စားမှုအနည်းနိုင်ဆုံးပွဲဖြစ်သွားခဲ့ပါတယ်။

အကြိုက်ဆုံးပွဲ

ဘန်လေ – ဘရိုက်တန်

စနေညပရီးမီးယားလိဂ်ပွဲတွေထဲမှာအဝေးကွင်းကကြေးကျောပြန်ပေးထားတဲ့ပွဲ သုံးပွဲပဲရှိပါတယ်။ လီဗာပူးကနော်ဝစ်ချ်ကို ကြေးကျောပေးတာဘာမှမဆန်းပါဘူး။ ဗီလာကဝက်ဖို့ဒ်ကို ပါးပါးလေးပြန်အကျောပေးထားတဲ့ပွဲနဲ့ ဘရိုက်တန်ကအဝေးကွင်းမှာဘန်လေကိုမဆိုသလောက်လေးပြန်ပေးထားတဲ့နှစ်ပွဲထဲကပိုသေချာမယ့်ပွဲကိုသေချာလေ့လာပြီးရွေးချယ်လိုက်ပါတယ်။

ကြေးမကွာတဲ့ဒီပွဲမှာဂိုးပေါင်းကြေးကလည်း နှစ်ဂိုးဆို ပါးပါးလေး နစ်နာမယ့်ဖွင့်လှစ်မှုရှိနေတယ်။ ကန်ခါနီးကြေးပြောင်းခဲ့ရင်လည်း သိပ်မပြောင်းနိုင်ဘူးထင်ပါတယ်။ မနှစ်က တန်းဆင်းရဖို့ ကပ်သီလေး လွတ်ခဲ့ရတဲ့ နောက်ဆုံးနှစ်သင်းပွဲဖြစ်သလို ကစားသမားအပြောင်းအလဲလည်း သိပ်မရှိလှတဲ့နှစ်သင်းဖြစ်လို့ ရွေးချယ်ရတာ ပို ပြီး စိတ်သန့်သလိုရှိနေခဲ့တာ ဘန်လေနဲ့ ဘရိုက်တန်ပွဲပဲဖြစ်တယ်။ နည်းပြရှောင်ဒိုင်ချီကိုပဲဆက်ခန့်ထားတဲ့ဘန်လေဟာဒီနွေမှာလည်းကစားသမားသစ်အင်အားဖြည့်ဖို့ငွေပေးသုံးခြင်းမရှိခဲ့တဲ့အသင်းပါ။ မနှစ်ကရာသီသိမ်းနောက်ဆုံးပရီးမီးယားလိဂ်ကိုးပွဲမှာခုနစ်ပွဲရှုံးခဲ့တဲ့အတိုင်းအခုလည်းခြေစွမ်းသိသိသာသာပြောင်းလဲတိုးတက်လာဖို့ မဖြစ်နိုင်ပါဘူး။

ဘရိုက်တန်က မနှစ်ကရာသီမှာ အဆင့် (၁၇) နေရာက ဘန်လေထက် နှစ်မှတ်အသာ အဆင့် (၁၆) နေရာကသာ ရာသီသိမ်းနိုင်ခဲ့တယ်ဆိုပေမယ့် နှစ်သင်းအကြားစွမ်းဆောင်ရည်နဲ့အလားအလာပိုင်းကအကွာကြီးရှိခဲ့တာကိုသတိပြန်ရဖို့ နှိုးဆော်လိုရင်းကဒီပွဲကိုရွေးချယ်ရခြင်းရဲ့အဓိကအကြောင်းတရားဖြစ်ခဲ့တာပါ။ တကယ်တမ်းဆိုဘရိုက်တန်ဟာရာသီတစ်လျှောက်လုံးတော်တော်လေးအားရစရာကောင်းတဲ့ကစားပုံရှိခဲ့ပြီးအဆုံးသတ်ဂိုးသွင်း ပိုင်း အားနည်းတယ်ဆိုတာထက်ကံဆိုးတယ်လို့ပိုပြောနိုင်တဲ့အနေအထားကြောင့်သာ အဆင့် (၁၆) နေရာရောက်ခဲ့ရတာပါ။ ရသင့်တဲ့ဂိုးတွေသာရခဲ့ရင်ဘရိုက်တန်ဟာ အဆင့် (၅) နေရာအထိရနိုင်တယ်လို့ ကိန်းအညွှန်းတွေမှာဖော်ပြခဲ့တာကိုတွေ့ခဲ့ရပါသေးတယ်။ အခုဘရိုက်တန်ရဲ့အပြောင်းအလဲကတော့ဘန်၀ှိုက်ကိုအာဆင်နယ်ထံလက်လွှတ်ခဲ့ရတာပဲပြောစရာရှိပါတယ်။ ဒါပေမဲ့ကွင်းလယ်လူသစ်အန်နော့ မွီပူကဒီနေရာကို အကောင်းဆုံးအစားဝင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

နည်းပြ ဂရေဟမ်ပေါ်တာကိုပဲယုံကြည်အပ်နှင်းထားဆဲဖြစ်တဲ့ဘရိုက်တန်ရဲ့အားသာချက်တွေကို မနှစ်ကမြင်တွေ့ခဲ့ရသလောက် ခံစစ်ကစားပုံ သိပ်သည်းမာကျောပြီး တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးရှာရာမှာ ကြောက် ဖို့ကောင်းတာတွေ့ရတယ်။ တည်ဘောတွေကနေ ဂိုးယူနိုင်စွမ်းရှိတယ်။ မနှစ်က အသင်းအတွက် ဂိုးအများဆုံး သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး နီးလ်မူပေးနဲ့ ဝါရင့် ဒန်နီဝဲလ်ဘတ်တို့တိုက်စစ်ကလည်း မက္ကနီးလ်၊ ဗစ်ဒယား၊ ၀ုဒ်တို့ရဲ့ တိုက်စစ်ထက် ပိုစိတ်လှုပ်ရှားစေနိုင်စွမ်းရှိတဲ့တိုက်စစ်ဖြစ်မှာပါ။

နောက်ဆုံးဘာကြောင့် ကြေးမကွာတဲ့အနေအထားမျိုးမှာ ဧည့်သည် ဘရိုက်တန်ကို ရွေးချယ်ဖို့ အကောင်းဆုံး ရွေးချယ်မှုအဖြစ် ရွေးချယ်ရခြင်းအကြောင်းတရားကို ပြောပါမယ်။ အနိုင်နဲ့အရှုံးတစ်ခုပဲရှိတယ်ဆိုတာ ဒီလောက မှာတော့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ အနိုင်နဲ့အနိုင်ဆိုတာချည်းပဲလည်း တပ်မက်လို့မရနိုင်ဘူး။ ဒါကြောင့် ဒီပွဲဟာ အရင်းနဲ့အနိုင် နှစ်မျိုးထဲကျရောက်မယ်လို့ ယုံကြည်တဲ့အတွက် အကောင်းဆုံးရွေးချယ်မှုလုပ်ခဲ့တာပဲဖြစ် ပါတယ်။
ကီးတွေဖမ်းကြည့်တော့

– ဘရိုက်တန်ဟာ ဘန်လေနဲ့နောက်ဆုံးလေးပွဲစလုံး မရှုံးခဲ့ဘူး။

– ဘန်လေဟာ မနှစ်ကနောက်ဆုံးရာသီသိမ်းကစားခဲ့တဲ့ ပရီးမီးယားလိဂ် ကိုးပွဲမှာ ခုနစ်ပွဲ ရှုံးခဲ့တယ်။ နောက်ဆုံးသုံးပွဲ ရှုံးခဲ့ရာမှာ ဂိုးပြန်မသွင်းနိုင်ခဲ့ဘူး။

– ဘန်လေဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း ၁၀ ပွဲစလုံး နိုင်ပွဲပျောက်ထားတယ်။

– မနှစ်ကရာသီသိမ်းနောက်ဆုံးသုံးပွဲမှာ ဘန်လေဟာ ရှစ်ဂိုးပေးခဲ့ရပြီး တစ်ဂိုးမှ ပြန်မသွင်းနိုင်ခဲ့ဘူး။

– ဘရိုက်တန်ဟာ ဘန်လေနဲ့နောက်ဆုံးပရီးမီးယားလိဂ်လေးကြိမ်တွေ့ဆုံမှုမှာ သုံးပွဲကို ဦးဆောင်ဂိုးသွင်းနိုင်ခဲ့တယ်။

– ဘရိုက်တန်ရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ရှစ်ပွဲမှာ ခြောက်ပွဲက ဂိုးပေါင်း အောက်ပွဲတွေချည်းဖြစ်ခဲ့တယ်။

ကဲ …………… ဒီတော့

စနေညအကောင်းဆုံးသောပရီးမီးယားလိဂ်ပွဲရွေးချယ်မှုမှာရှောင်ဒိုင်ချီရဲ့ ဘန်လေကိုရှောင်ချင်ရတဲ့အကြောင်းပြချက်တွေ ခိုင်လုံသလောက်ရှိပြီထင်ပါတယ်။ သွေးသောက်တို့ဘက်ကခံယူချက်တူရင် ဂရေဟမ်ပေါ်တာရဲ့ စင်ရော်တွေနဲ့ ဝေဟင်မှာပျံသန်းလိုက်ကြပါတော့။

zawgyi

ေရွာင္ဒိုင္ခ်ီကို ေရွာင္ ……. စင္ေရာ္ေတြနဲ႔ ပ်ံဝဲလိုက္

(ႏွင္းမိုးခ)

ေဘာလုံးရာသီသစ္ကေတာ့ အခ်ိန္မွန္ရာသီစက္ဝန္းအတိုင္း ေဘာလုံးပရိသတ္ႀကီးဆီ ျပန္လည္ေရာက္ရွိ လာခဲ့ပါၿပီ။ မႏွစ္က ကိုဗစ္ေမႊလို႔ ပရိသတ္မပါဘဲ ေပါ့႐ႊတ္႐ႊတ္ျဖစ္ခဲ့ရတဲ့ ေဘာလုံးပြဲေတြဟာ ဒီရာသီမွာေတာ့ ပရိသတ္အမ်ားအျပားျပန္ၾကည့္ခြင့္ရျခင္းနဲ႔အတူ ကလုံး မဟုတ္တဲ့ အိမ္ကြင္းပရိသတ္စစ္စစ္အင္အားနဲ႔ အသက္ျပန္ဝင္လာေတာ့မွာပါ။ လအေတာ္ၾကာ ပြဲေတြသုံးသပ္ခ်က္ေတြ မေရးျဖစ္၊ မေဖာ္ျပျဖစ္လို႔ ပရိသတ္နဲ႔ အဆက္ျပတ္သြားခဲ့မႈေၾကာင့္ စိတ္လႈပ္ရွားမႈေတြ ေပ်ာက္ဆုံးခဲ့ရတဲ့ကာလအတြက္ အခုျပန္လည္ေပးဆပ္ဖို႔၊ အတူ ရင္ခုန္ခံစားဖို႔ဆုံးျဖတ္ၿပီး ပေလးမိတ္ကာနဲ႔အတူ ကြၽန္ေတာ္ျပန္လာခဲ့ျခင္းျဖစ္ပါတယ္။
ရာသီသစ္အဖြင့္ပြဲေတြျဖစ္တဲ့အတြက္အသစ္အသစ္ေသာအေျခအေနေတြ၊အေျပာင္းအလဲေတြနဲ႔ ဒီကာလ ေဘာ လုံးပြဲခန႔္မွန္းရမႈဟာ ရစ္သမ္မမိႏိုင္ေသးပါဘူး။ ရာသီအဖြင့္ပြဲေတြဆိုတာကလည္း အင္မတန္ နတ္ႀကီးပါတယ္။ ထိပ္တန္းကစားသမားသစ္ေတြေခၚထားၿပီး အားလုံးရင္ခုန္စြာေစာင့္ၾကည့္ခံရတဲ့အသင္းႀကီးေတြဟာ တန္းတက္ေတြကို အႏိုင္ရဖို႔ အင္မတန္ခက္ခဲခဲ့တဲ့ျဖစ္စဥ္ေတြကလည္း ႏွစ္တိုင္းရာသီအစတိုင္း ရွိခဲ့တာကို ဖိုက္တာေတြမခံစားဖူး သူ မရွိသေလာက္ပဲမဟုတ္လား။ ဒါေၾကာင့္ ဒီလို ရာသီအဖြင့္ပြဲစဥ္ေတြမွာ သတိႀကီးစြာထားၿပီး တစ္ပြဲေကာင္း ေ႐ြးခ်ယ္ဖို႔ အေတြးနက္ခဲ့ရပါတယ္။

ပရီးမီးယားလိဂ္ပြဲေတြထဲက အက်ိဳးအရွိဆုံးျဖစ္ႏိုင္မယ့္ပြဲေ႐ြးခ်ယ္ဖို႔ ဆုံးျဖတ္ထားတာနဲ႔အညီ စေနည ပြဲေတြကို ေသေသခ်ာခ်ာ အားစိုက္ေလ့လာၾကည့္မိတယ္။ မႏွစ္က ဒဏ္ရာျပႆနာေတြကေန ေျခေခ်ာ္ၿပီး ခ်န္ပီယံလမ္း ေၾကာင္းေပၚက လိမ့္က်ခဲ့တဲ့ လီဗာပူးနဲ႔ တစ္ႏွစ္သာတန္းဆင္းခဲ့ၿပီး တန္းျပန္တက္လာတဲ့ ေနာ္ဝစ္ခ်္ပြဲကို ၾကည့္ ေတာ့ လီဗာပူးက အေဝးကြင္းမွာ တစ္ဂိုးတည္းနဲ႔ႏိုင္ရင္ တာထြက္မွာပဲ တာက်ိဳးရမွာေတြ႕ရတယ္။ ဂိုးေပါင္းအေျခ အေနကလည္း ေလးဂိုးျဖစ္မွ ဂိုးေပၚသမားေတြ ေက်နပ္ခြင့္ရွိမယ္။ လီဗာပူးမွာ လူျပန္စုံပါမွာပါ။ ဒါေပမဲ့ ပရိသတ္ အားကို ျပန္လည္စုပ္ယူသက္ဝင္ခြင့္က တန္းတက္ ေနာ္ဝစ္ခ်္ဘက္က အားသာခ်က္တစ္ခုျဖစ္တယ္။ ၿပီးေတာ့ ေနာ္ဝစ္ခ်္ဟာ မႏွစ္ကခ်န္ပီယံရွစ္မွာ ၉၇ မွတ္အထိရယူႏိုင္ခဲ့ၿပီး တိုက္စစ္ဦးစားေပးအသင္းျဖစ္တာေတြ႕ခဲ့ရ တယ္။ ဒီလိုဆို ကြၽန္ေတာ္တို႔ အေဝးကြင္းခံစစ္ကစားရာမွာ စိတ္မခ်ရတဲ့ လီဗာပူးဘက္ကို ေနာ္ဝစ္ခ်္ တစ္ဂိုးသြင္း ႏိုင္မယ္လို႔ မွန္းဆမိလိုက္ရင္ လီဗာပူး ၃-၁ ဆိုတဲ့ အႏိုင္ရလဒ္မွ အေပၚအားေပးရက်ိဳးနပ္မယ္။ စြန႔္စားရမယ့္ သေဘာအမ်ားႀကီးပါေနတယ္။

က်န္တဲ့ပြဲေတြရဲ႕ ေၾကးနဲ႔ ၿပိဳင္ဘက္ႏွစ္သင္း ေျခစြမ္းကြာဟခ်က္ကို တြက္ၾကည့္ေတာ့လည္း ခ်ယ္လ္ဆီး-ပဲေလ့စ္ က ႏွစ္ဂိုးျပတ္ႏိုင္မွ ခ်ယ္လ္ဆီးအားေပးရက်ိဳးနပ္မယ္။ ဂိုးေပါင္းဆို သုံးဂိုးဆို ရာႏႈန္းတစ္ဝက္ ေပ်ာ္ရမယ့္အျဖစ္။ ဒီပြဲလည္း စြန႔္စားစရာေတြရွိျပန္တယ္။ တူခ်ယ္ရဲ႕ ဂိုးမေပးရေရးအဓိကထားတဲ့ ခ်ယ္လ္ဆီးကစားဟန္၊ ဗီအဲရာကို နည္းျပသစ္အျဖစ္ တင္သြင္းလာတဲ့ ပဲေလ့စ္ရဲ႕ မႏွစ္က သြင္းဂိုးေပါင္း (၄၁ ဂိုး) ဆိုတဲ့အေျခအေနအရ ခ်ယ္လ္ဆီး လႊတ္ေကာင္းမျပႏိုင္ရင္ ဂိုးေတြ ေမွ်ာ္သလိုျဖစ္လာဖို႔မလြယ္ျပန္ဘူး။ ဂိုးအမ်ားေ႐ြးခ်င္လည္း စြန႔္စားရတာ မ်ားႏိုင္တယ္။ က်န္ပြဲစဥ္ေတြၾကည့္ျပန္ေတာ့ ေျခစြမ္းအဆင့္မကြာတဲ့ ၿပိဳင္ဘက္ေတြရဲ႕ ပြဲေတြမ်ားေနလို႔ အႀကိဳက္ဆုံး ေ႐ြးခ်ယ္တဲ့ တစ္ပြဲေကာင္းဟာ လူစိတ္ဝင္စားမႈအနည္းႏိုင္ဆုံးပြဲျဖစ္သြားခဲ့ပါတယ္။

အႀကိဳက္ဆုံးပြဲ

ဘန္ေလ – ဘ႐ိုက္တန္

စေနည ပရီးမီးယားလိဂ္ပြဲေတြထဲမွာ အေဝးကြင္းကေၾကးေက်ာျပန္ေပးထားတဲ့ပြဲ သုံးပြဲပဲရွိပါတယ္။ လီဗာပူးက ေနာ္ဝစ္ခ်္ကို ေၾကးေက်ာေပးတာ ဘာမွမဆန္းပါဘူး။ ဗီလာက ဝက္ဖို႔ဒ္ကို ပါးပါးေလးျပန္အေက်ာေပးထားတဲ့ပြဲနဲ႔ ဘ႐ိုက္တန္က အေဝးကြင္းမွာ ဘန္ေလကို မဆိုသေလာက္ေလး ျပန္ေပးထားတဲ့ ႏွစ္ပြဲထဲက ပိုေသခ်ာမယ့္ပြဲကို ေသခ်ာေလ့လာၿပီး ေ႐ြးခ်ယ္လိုက္ပါတယ္။

ေၾကးမကြာတဲ့ဒီပြဲမွာ ဂိုးေပါင္းေၾကးကလည္း ႏွစ္ဂိုးဆို ပါးပါးေလး နစ္နာမယ့္ဖြင့္လွစ္မႈရွိေနတယ္။ ကန္ခါနီး ေၾကးေျပာင္းခဲ့ရင္လည္း သိပ္မေျပာင္းႏိုင္ဘူးထင္ပါတယ္။ မႏွစ္က တန္းဆင္းရဖို႔ ကပ္သီေလး လြတ္ခဲ့ရတဲ့ ေနာက္ဆုံးႏွစ္သင္းပြဲျဖစ္သလို ကစားသမားအေျပာင္းအလဲလည္း သိပ္မရွိလွတဲ့ႏွစ္သင္းျဖစ္လို႔ ေ႐ြးခ်ယ္ရတာ ပို ၿပီး စိတ္သန႔္သလိုရွိေနခဲ့တာ ဘန္ေလနဲ႔ ဘ႐ိုက္တန္ပြဲပဲျဖစ္တယ္။ နည္းျပေရွာင္ဒိုင္ခ်ီကိုပဲ ဆက္ ခန႔္ထားတဲ့ဘန္ေလဟာ ဒီေႏြမွာလည္း ကစားသမားသစ္အင္အားျဖည့္ဖို႔ ေငြေပးသုံးျခင္းမရွိခဲ့တဲ့အသင္းပါ။ မႏွစ္က ရာသီသိမ္း ေနာက္ဆုံးပရီးမီးယားလိဂ္ ကိုးပြဲမွာ ခုနစ္ပြဲရႈံးခဲ့တဲ့အတိုင္း အခုလည္း ေျခစြမ္း သိသိသာသာေျပာင္းလဲတိုးတက္လာဖို႔ မျဖစ္ႏိုင္ပါဘူး။

ဘ႐ိုက္တန္က မႏွစ္ကရာသီမွာ အဆင့္ (၁၇) ေနရာက ဘန္ေလထက္ ႏွစ္မွတ္အသာ အဆင့္ (၁၆) ေနရာကသာ ရာသီသိမ္းႏိုင္ခဲ့တယ္ဆိုေပမယ့္ ႏွစ္သင္းအၾကား စြမ္းေဆာင္ရည္နဲ႔အလားအလာပိုင္းက အကြာႀကီးရွိခဲ့တာကို သတိျပန္ရဖို႔ ႏႈိးေဆာ္လိုရင္းက ဒီပြဲကို ေ႐ြးခ်ယ္ရျခင္းရဲ႕အဓိကအေၾကာင္းတရားျဖစ္ခဲ့တာပါ။ တကယ္တမ္းဆို ဘ႐ိုက္တန္ဟာ ရာသီတစ္ေလွ်ာက္လုံး ေတာ္ေတာ္ေလး အားရစရာေကာင္းတဲ့ကစားပုံရွိခဲ့ၿပီး အဆုံးသတ္ဂိုးသြင္း ပိုင္း အားနည္းတယ္ဆိုတာထက္ ကံဆိုးတယ္လို႔ပိုေျပာႏိုင္တဲ့အေနအထားေၾကာင့္သာ အဆင့္ (၁၆) ေနရာ ေရာက္ခဲ့ရတာပါ။ ရသင့္တဲ့ဂိုးေတြသာ ရခဲ့ရင္ ဘ႐ိုက္တန္ဟာ အဆင့္ (၅) ေနရာအထိ ရႏိုင္တယ္လို႔ ကိန္းအၫႊန္း ေတြမွာ ေဖာ္ျပခဲ့တာကို ေတြ႕ခဲ့ရပါေသးတယ္။ အခုဘ႐ိုက္တန္ရဲ႕အေျပာင္းအလဲကေတာ့ ဘန္၀ႈိက္ကို အာဆင္နယ္ ထံ လက္လႊတ္ခဲ့ရတာပဲ ေျပာစရာရွိပါတယ္။ ဒါေပမဲ့ ကြင္းလယ္လူသစ္အန္ေနာ့ မြီပူက ဒီေနရာကို အေကာင္းဆုံး အစားဝင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

နည္းျပ ဂေရဟမ္ေပၚတာကိုပဲ ယုံၾကည္အပ္ႏွင္းထားဆဲျဖစ္တဲ့ ဘ႐ိုက္တန္ရဲ႕အားသာခ်က္ေတြကို မႏွစ္ကျမင္ ေတြ႕ခဲ့ရသေလာက္ ခံစစ္ကစားပုံ သိပ္သည္းမာေက်ာၿပီး တန္ျပန္တိုက္စစ္ကေန အခြင့္အေရးရွာရာမွာ ေၾကာက္ ဖို႔ေကာင္းတာေတြ႕ရတယ္။ တည္ေဘာေတြကေန ဂိုးယူႏိုင္စြမ္းရွိတယ္။ မႏွစ္က အသင္းအတြက္ ဂိုးအမ်ားဆုံး သြင္းေပးခဲ့တဲ့ တိုက္စစ္မႉး နီးလ္မူေပးနဲ႔ ဝါရင့္ ဒန္နီဝဲလ္ဘတ္တို႔တိုက္စစ္ကလည္း မကၠနီးလ္၊ ဗစ္ဒယား၊ ၀ုဒ္တို႔ရဲ႕ တိုက္စစ္ထက္ ပိုစိတ္လႈပ္ရွားေစႏိုင္စြမ္းရွိတဲ့တိုက္စစ္ျဖစ္မွာပါ။

ေနာက္ဆုံးဘာေၾကာင့္ ေၾကးမကြာတဲ့အေနအထားမ်ိဳးမွာ ဧည့္သည္ ဘ႐ိုက္တန္ကို ေ႐ြးခ်ယ္ဖို႔ အေကာင္းဆုံး ေ႐ြးခ်ယ္မႈအျဖစ္ ေ႐ြးခ်ယ္ရျခင္းအေၾကာင္းတရားကို ေျပာပါမယ္။ အႏိုင္နဲ႔အရႈံးတစ္ခုပဲရွိတယ္ဆိုတာ ဒီေလာက မွာေတာ့ မဟုတ္ေသးပါဘူး။ ကြၽန္ေတာ္တို႔ အႏိုင္နဲ႔အႏိုင္ဆိုတာခ်ည္းပဲလည္း တပ္မက္လို႔မရႏိုင္ဘူး။ ဒါေၾကာင့္ ဒီပြဲဟာ အရင္းနဲ႔အႏိုင္ ႏွစ္မ်ိဳးထဲက်ေရာက္မယ္လို႔ ယုံၾကည္တဲ့အတြက္ အေကာင္းဆုံးေ႐ြးခ်ယ္မႈလုပ္ခဲ့တာပဲျဖစ္ ပါတယ္။

ကီးေတြဖမ္းၾကည့္ေတာ့

– ဘ႐ိုက္တန္ဟာ ဘန္ေလနဲ႔ေနာက္ဆုံးေလးပြဲစလုံး မရႈံးခဲ့ဘူး။

– ဘန္ေလဟာ မႏွစ္ကေနာက္ဆုံးရာသီသိမ္းကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ကိုးပြဲမွာ ခုနစ္ပြဲ ရႈံးခဲ့တယ္။ ေနာက္ဆုံးသုံးပြဲ ရႈံးခဲ့ရာမွာ ဂိုးျပန္မသြင္းႏိုင္ခဲ့ဘူး။

– ဘန္ေလဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္အိမ္ကြင္း ၁၀ ပြဲစလုံး ႏိုင္ပြဲေပ်ာက္ထားတယ္။

– မႏွစ္ကရာသီသိမ္းေနာက္ဆုံးသုံးပြဲမွာ ဘန္ေလဟာ ရွစ္ဂိုးေပးခဲ့ရၿပီး တစ္ဂိုးမွ ျပန္မသြင္းႏိုင္ခဲ့ဘူး။

– ဘ႐ိုက္တန္ဟာ ဘန္ေလနဲ႔ေနာက္ဆုံးပရီးမီးယားလိဂ္ေလးႀကိမ္ေတြ႕ဆုံမႈမွာ သုံးပြဲကို ဦးေဆာင္ဂိုး သြင္းႏိုင္ခဲ့တယ္။

– ဘ႐ိုက္တန္ရဲ႕ ေနာက္ဆုံး ပရီးမီးယားလိဂ္ ရွစ္ပြဲမွာ ေျခာက္ပြဲက ဂိုးေပါင္း ေအာက္ပြဲေတြခ်ည္းျဖစ္ခဲ့တယ္။

ကဲ …………… ဒီေတာ့

စေနညအေကာင္းဆုံးေသာ ပရီးမီးယားလိဂ္ပြဲေ႐ြးခ်ယ္မႈမွာ ေရွာင္ဒိုင္ခ်ီရဲ႕ ဘန္ေလကိုေရွာင္ခ်င္ရတဲ့ အေၾကာင္း ျပခ်က္ေတြ ခိုင္လုံသေလာက္ရွိၿပီထင္ပါတယ္။ ေသြးေသာက္တို႔ဘက္က ခံယူခ်က္တူရင္ ဂေရဟမ္ေပၚတာရဲ႕ စင္ေရာ္ေတြနဲ႔ ေဝဟင္မွာပ်ံသန္းလိုက္ၾကပါေတာ့။