မျက်စိတောင် ကျိန်းစပ်သွားစေရမယ်

ဂျာမန်စူပါဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ဒေါ့မွန် နှင့် ဘိုင်ယန်မြူးနစ် (ည ၁ းဝဝ)(မော်ကွန်း)

ပိုကယ်ဖလားချန်ပီယံဒေါ့မွန်နဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဘိုင်ယန်မြူးနစ်တို့ယှဉ်ပြိုင်ရမယ့်ပွဲပါ။ဘိုင်ယန်မြူးနစ်ရဲ့ရာသီကြို ပြင်ဆင်ထားမှုကအားရစရာမရှိဘဲကွင်းလယ်ယိမ်းယိုင်မှုနဲ့အတူခံစစ်ယိုယွင်းလွန်းနေတယ်။

ဒေါ့မွန်ကတော့ပြီးခဲ့တဲ့ရာသီကုန်ခါနီးကတည်းကနိုင်ပွဲတွေဆက်နေခဲ့ပြီးဂိုးသွင်းစွမ်းရည်ကကြောက်ခမန်းလိလိပါ။အခုနောက်ပိုင်းကွင်းလယ်ရဲ့ပံပိုးမှုကြောင့်ဒေါ့မွန်ခံစစ်ကြောင်းကလည်းသိသိသာသာ လုံခြုံလာတယ်။

ဒါကိုတောင်သရေဆိုရင်ဘိုင်ယန်မြူးနစ် ၄၀ နစ်နာမယ်ဆိုတော့ဒေါ့မွန်ကိုလက်ခုပ်တီးပေးရမယ်။အဝါရောင်တောက်လွန်းလို့ မျက်စိတောင်ကျိန်းစပ်သွားမှာပါ။

zawgyi




