ဂိုးပြတ်အောင်ပွဲကို စားသုံးဖို့ ပြင်ဆင်ထား

တနင်္ဂနွေည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၇ ပွဲကြိုသုံးသပ်ချက်

ဘိုင်ယန်မြူးနစ် နှင့် ဖရန့်ဖတ် (ည ၁၀း၀၀)(မော်ကွန်း)

ဒီရာသီဘိုင်ယန်မြူးနစ်ရဲ့ခြေစွမ်းကကြောက်စရာကောင်းလောက်အောင်ထက်မြက်လွန်းနေပြီးတိုက်စစ်စွမ်းရည်ကထူးကဲလွန်းနေတယ်။ဖရန့်ဖတ်က တော့အရှုံးမရှိရလဒ်တွေဆက်တိုက်ရယူထားနိုင်ပေမယ့်ခံစစ်ယိုယွင်းလို့ နိုင်သင့်နိုင်ထိုက်တဲ့ပွဲမျိုးတွေမနိုင်ခဲ့ရရှာတဲ့အသင်းဖြစ်တယ်။

ဘိုင်ယန်အနေနဲ့အိမ်ကွင်းလည်းဖြစ်နေတာကြောင့်ချန်ပီယံလိဂ်ပွဲပန်းထားပေမယ့်လည်းဖရန့်ဖတ်ခံစစ်ကြောင်းကိုဂိုးမိုးရွာချုနိုင်လိမ့်မယ်လို့ယူဆမိတယ်။ဘိုင်ယန်ရဲ့ဂိုးပြတ်အောင်ပွဲကိုစားသုံးဖို့ ပြင်ဆင်ထားလိုက်ကြပါ။

zawgyi




