ဘိုင်ယန် အလွန်ဆုံးကပ်နိုင်ရုံပါပဲ

စနေည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၃၂ ပွဲကြိုသုံးသပ်ချက်

ဘိုင်ယန်မြူးနစ် နှင့် ဂလက်ဘတ် (ည ၁၁းဝဝ)(မော်ကွန်း)

တစ်ဖက်မှာလစ်ဇစ်အနိုင်ပျောက်ဆုံးရင်အခုပွဲကိုသရေလောက်သာကစားပြီးဘိုင်ယန်မြူးနစ်အနေနဲ့ ချန်ပီယံဆုဖလားကိုင်မြှောက်ခွင့်ရရှိပါလိမ့်မယ်။ဒါပေမဲ့ဘိုင်ယန်ကိုကြည့်ရတာဆုဖလားကို နောက်ဆုံးအချိန်ရောက်မှကိုင်မြှောက်ခွင့်ရချင်တာလားမသိဘူး။

နောက်ဆုံးကစားတဲ့မိန့်ဇ်နဲ့ပွဲမှာဆိုရင်အရှုံးရလဒ်ပွေ့ပိုက်ပြီး လှည့်ပြန်လာတာကြောင့်ဆုဖလားသိမ်းပိုက်ပွဲက ကြန့်ကြာနေခဲ့ရပြန်တယ်။

ဒုတိယနေရာကလစ်ဇစ်ကို၇မှတ်ဖြတ်ထားတာကြောင့် ခပ်အေးအေးကစားခွင့်ရှိနေသေးတဲ့ဘိုင်ယန်အနေနဲ့ အခုပွဲကိုလည်းအနာမခံဘဲထိန်းကစားလာပါလိမ့်မယ်။ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိနေသေးတဲ့ဂလက်ဘတ်ရဲ့ရုန်းကန်အားကြောင့် ဘိုင်ယန်အလွန်ဆုံးကပ်နိုင်ရုံပါပဲ။

zawgyi




