ဘိုင်ယန်တိုက်စစ်ကို မထိန်းနိုင်လောက်ပါဘူး

စနေည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၂၃ ပွဲကြိုသုံးသပ်ချက်

ဘိုင်ယန်မြူးနစ် နှင့် ကိုလုံး (ည ၉:၀၀)(မော်ကွန်း)

ဒီရာသီ ဘိုင်ယန်ရဲ့အိမ်ကွင်းခြေစွမ်းကပွဲချိန်ကြာလေမြိုင်ဆိုင်လေဖြစ်ပြီးဘွန်ဒက်စ်လီဂါအိမ်ကွင်း ၁၄ပွဲဆက်တိုက်ဒုတိယပိုင်းသွင်းဂိုးတွေသွင်းနိုင်ခဲ့တယ်။

လီဝန်ဒေါစကီး၊ မူလာတို့ရဲ့ဘိုင်ယန်တိုက်စစ်ကအိမ်ကွင်းဆိုရင်ပိုမိုကြောက်စရာကောင်းပြီးဘယ်လိုခံစစ်မျိုးကိုမဆိုအသာအယာထိုးဖောက်နိုင်တယ်။

ကိုလုံးကတော့အဝေးကွင်းဆိုရင်ခံစစ်ပိုင်းယိုယွင်းပြီး ပေးဂိုးများလွန်းတဲ့အသင်းဖြစ်လို့ ဘိုင်ယန်တိုက်စစ်ကိုမထိန်းနိုင်လောက်ပါဘူး။ဘိုင်ယန်မြူးနစ် အနိမ့်ဆုံး ၃ဂိုးနဲ့အထက်ပြတ်လို့ အနိုင်ရရှိပါလိမ့်မယ်။

zawgyi




