နေမာဟာမနေ့ညတုန်းကလိုင်လီကိုအနိုင်ရရှိတဲ့ပွဲတွင်ခြေကျင်းဝတ်ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ပါတယ်။
ဘရာဇီးတိုက်စစ်သမားဟာပွဲချိန်၅၁မိနစ်တွင်ဒဏ်ရာရရှိပြီးနောက်လူနာတင်ထမ်းစင်ဖြင့်ကွင်းပြင်သို့ထွက်ခဲ့ရတာဖြစ်ပြီးဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်က စားရမဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်တွင်ပါဝင်ရန်မရေမရာဖြစ်နေပြီဖြစ်ပါတယ်။
မနေညကလိုင်လီနှင့်ပွဲစဉ်တွင်ပီအက်စ်ဂျီဟာပွဲအစ၁၇မိနစ်အတွင်းမှာဘက်ပေးနှင့်နေမာတိုသင်းယူတဲ့ဂိုးဖြင့်လိုင်လီကိုဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ပွဲချိန်၂၄မိနစ်မှာဒိုင်ယာကိတ်ကလည်းကောင်း၊ပွဲချိန်၅၈မိနစ်မှာပင်နယ်တီကနေလည်းကောင်းလိုင်လီတို့ချေပဂိုးရသွားခဲ့ပါတယ်။ဒါ့အပြင်လိုင်လီဟာပွဲချိန်၆၉မိနစ်မှာဘက်ဘာရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်ထားနိုင်ပါတယ်။
ဒါပေမဲ့ပီအက်စ်ဂျီဟာပွဲချိန်၈၇မိနစ်မှာဘက်ပေးရဲ့ဂိုးကြောင့်ချေပဂိုးရရှိခဲ့ပါတယ်။ယင်းနောက်နာကျင်အချိန်ပိုမှာမက်ဆီကဖရီးကစ်ကနေအနိုင်ဂိုးသွင်းယူခဲ့လို့၄-၃ဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ပီအက်စ်ဂျီဟာလိုင်လီနိုင်ပွဲကြောင့်သုံးပွဲဆက်အရှုံးကိုရပ်တန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ZawGyi
ဘိုင်ယန်မြူးနစ်နှင့်ပွဲမတိုင်မီ ခြေကျင်းဝတ်ဒဏ်ရာပြင်းထန်စွာ ရရှိသွားတဲ့ ပီအက်စ်ဂျီရဲ့နေမာ