ဘိုင်ယန်မှ ထွက်ခွာရတဲ့အကြောင်းရင်းကို အလာဘာဖွင့်ဟလာ

ဒေးဗစ်အလာဘာက၎င်းမှာဘိုင်ယန်မြူးနစ်မှာခေါင်းမော့ရင်ကော့ကာထွက်ခွာလာခြင်းဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

ဆွစ်ဇာလန်လက်ရွေးစင်နောက်ခံလူဟာလာမယ့်ဇွန်လတွင်ဘိုင်ယန်မြူးနစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးနွေရာသီတွင်ရီးရဲလ်မက်ဒရစ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းမယ်လို့ယူဆရပါတယ်။

ဘိုင်ယန်မြူးနစ်မှထွက်ခွာရတဲ့အကြောင်းရင်းမြစ်ကိုဆွစ်ဇာလန်အသင်းခေါင်းဆောင်က “အဆုံးသတ်ဖို့ရောက်လာချိန်မှာအရမ်းခက်ခဲလေ့ရှိပါတယ်။ဒီမှာ(ဘိုင်ယန်)အမြဲသက်တောင့်သက်သာခံစားရတယ်ဆိုတာလျို့ဝှက်ချက်မဟုတ်ပါဘူး။ဘိုင်ယန်ကနေမျက်ရည်တွေနဲ့ထွက်ခွာရတယ်ဆိုပေမယ့်တစ်ချိန်တည်းမှာဘဲအနာဂတ်အတွက်ပျော်ရွှင်ရပါတယ်။

ကလပ်ကိုဆန့်ကျင်ပြီးဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး။ကိုယ့်အတွက်ဆုံးဖြတ်ချက်ချခဲ့တာပါ။အသစ်တစ်ခုလုပ်ချင်ခဲ့တယ်။ပြီးတော့ရှေ့သို့ခြေလှမ်းတစ်ခုတိုးချင်ပါတယ်။ကြီးမားလာဖို့အတွက်သက်တောင့်သက်သာဝန်းကျင်ကထွက်ခွာဖို့လိုပါတယ်။နားလည်မှုလွဲမှားတာမျိုးမဖြစ်စေချင်လို့ဒီလိုပြောရတာပါ”လို့ပြောကြားသွားပါတယ်။

အလာဘာဟာပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကဘိုင်ယန်မြူးနစ်မှထွက်ခွာတော့မှာဖြစ်ကြောင်းတရားဝင်ကြေညာထားသူဖြစ်ပါတယ်။သူဟာချဲလ်ဆီး၊မန်စီးတီး၊မန်ယူတို့ရဲ့ကမ်းလှမ်းမှုများရရှိခဲ့ပေမယ့်ရီးရဲလ်မက်ဒရစ်သို့ပြောင်းမယ်လို့ယူဆရပါတယ်။

zawgyi

ဘိုင္ယန္မွ ထြက္ခြာရတဲ့အေၾကာင္းရင္းကို အလာဘာဖြင့္ဟလာ

ေဒးဗစ္အလာဘာက၎မွာဘိုင္ယန္ျမဴးနစ္မွာေခါင္းေမာ့ရင္ေကာ့ကာထြက္ခြာလာျခင္းျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဆြစ္ဇာလန္လက္ေ႐ြးစင္ေနာက္ခံလူဟာလာမယ့္ဇြန္လတြင္ဘိုင္ယန္ျမဴးနစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးေႏြရာသီတြင္ရီးရဲလ္မက္ဒရစ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းမယ္လို႔ယူဆရပါတယ္။

ဘိုင္ယန္ျမဴးနစ္မွထြက္ခြာရတဲ့အေၾကာင္းရင္းျမစ္ကိုဆြစ္ဇာလန္အသင္းေခါင္းေဆာင္က “အဆုံးသတ္ဖို႔ေရာက္လာခ်ိန္မွာအရမ္းခက္ခဲေလ့ရွိပါတယ္။ဒီမွာ(ဘိုင္ယန္)အၿမဲသက္ေတာင့္သက္သာခံစားရတယ္ဆိုတာလ်ိဳ႕ဝွက္ခ်က္မဟုတ္ပါဘူး။ဘိုင္ယန္ကေနမ်က္ရည္ေတြနဲ႔ထြက္ခြာရတယ္ဆိုေပမယ့္တစ္ခ်ိန္တည္းမွာဘဲအနာဂတ္အတြက္ေပ်ာ္႐ႊင္ရပါတယ္။ကလပ္ကိုဆန႔္က်င္ၿပီးဆုံးျဖတ္ခဲ့တာမဟုတ္ပါဘူး။ကိုယ့္အတြက္ဆုံးျဖတ္ခ်က္ခ်ခဲ့တာပါ။အသစ္တစ္ခုလုပ္ခ်င္ခဲ့တယ္။ၿပီးေတာ့ေရွ႕သို႔ေျခလွမ္းတစ္ခုတိုးခ်င္ပါတယ္။ႀကီးမားလာဖို႔အတြက္သက္ေတာင့္သက္သာဝန္းက်င္ကထြက္ခြာဖို႔လိုပါတယ္။နားလည္မႈလြဲမွားတာမ်ိဳးမျဖစ္ေစခ်င္လို႔ဒီလိုေျပာရတာပါ”လို႔ေျပာၾကားသြားပါတယ္။

အလာဘာဟာၿပီးခဲ့တဲ့ဇန္နဝါရီလကတည္းကဘိုင္ယန္ျမဴးနစ္မွထြက္ခြာေတာ့မွာျဖစ္ေၾကာင္းတရားဝင္ေၾကညာထားသူျဖစ္ပါတယ္။သူဟာခ်ဲလ္ဆီး၊မန္စီးတီး၊မန္ယူတို႔ရဲ႕ကမ္းလွမ္းမႈမ်ားရရွိခဲ့ေပမယ့္ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းမယ္လို႔ယူဆရပါတယ္။