ဆောက်သမ်တန်နှင့်ပွဲတွင် အနီကတ်ပြသခံရပြီးနောက် နောက်ထပ် ပွဲပယ်ခံရမဲ့ အရေးနှင့် ကြုံနေရတဲ့ ကက်စ်မီရို

မန်ချက်စတာယူနိုက်တက်စတားကက်စ်မီရိုဟာဆောက်သမ်တန်နှင့်ပွဲတွင်အနီကတ်ပြသခြင်းခံရပြီးနောက်နောက်ထပ်ပွဲပယ်ခံရမဲ့အရေးနှင့်ရင်ဆိုင်နေရပြန်ပါတယ်။

ဘရာဇီးကွင်းလယ်ကစားသမားဟာတနင်္ဂနွေနေ့တုန်းကအိုးထရက်ဖို့ဒ်တွင်ဆောက်သမ်တန်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာဆောက်သမ်တန်အလယ်တန်းကစားသမားကားလို့စ်အယ်ကာရက်ဇ်ကိုကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။

ကွင်းလယ်ဒိုင်လူကြီးအန်တိုနီတေလာဟာအစောပိုင်းတုန်းကကက်စ်မီရိုကိုအဝါကတ်သာပြခဲ့ပေမဲ့လည်းVAR ရဲ့အကြံပေးမှုကြောင့်ကွင်းဘေးရှိမော်နီတာတွင်စစ်ဆေးပြီးချိန်တွင်အနီကတ်ပြောင်းလဲပြသခဲ့ပါတယ်။

ကက်စ်မီရိုဟာယခုရာသီတွင်ဒုတိယမြောက်အနီကတ်ပြသခြင်းခံရတာကြောင့်တစ်ပွဲထပ်လောင်းကျခံရမှာဖြစ်ပြီးစုစုပေါင်း၄ပွဲပယ်အထိကျခံရပါမယ်။

သူဟာယခုအပတ်အကုန်တွင်ဖူလ်ဟမ်နှင့်ရင်ဆိုင်ကစားရမဲ့အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်နှင့်နယူးကာဆယ်၊ဘရန့်ဖို့ဒ်၊အဲဗာတန်တို့နှင့်ရင်ဆိုင်ရမဲ့ပရီးမီးယားလိဂ်ပွဲများကိုလွဲပါမယ်။

ဒါပေမဲ့သူဟာကြာသပတေးနေ့ညတွင်စပိန်သို့သွားရောက်ကာဘက်တစ်နှင့်ရင်ဆိုင်ရမဲ့ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်တွင်ပါ ဝင်နိုင်ပါမယ်။

သူဟာယူရိုပါလိဂ်တွင်အဝါကတ်နှစ်ကြိမ်ပြသခြင်းခံထားရပြီးသူလည်းဖြစ်ပါတယ်။တကယ်လို့များသူဟာဘက်တစ်နှင့်ပွဲစဉ်တွင်အဝါကတ်ပြသခြင်းခံရပါကအဝါကတ်သုံးကတ်ပြည့်လာမှာဖြစ်လို့တစ်ပွဲအလိုအလျှောက်ပွဲပယ်ခံရပါမယ်။

ဒါကြောင့်လည်းသူဟာဘက်တစ်နှင့်ပွဲတွင်အဝါကတ်ထပ်မံပြသခံရပြီးနောက်တဆင့်သို့တက်ရောက်ပါကတစ်ပွဲပယ်ခံရလာမည်ဖြစ်ကာယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်ကိုလွဲချော်ပါမယ်။

ZawGyi

ေဆာက္သမ္တန္ႏွင့္ပြဲတြင္ အနီကတ္ျပသခံရၿပီးေနာက္ ေနာက္ထပ္ ပြဲပယ္ခံရမဲ့ အေရးႏွင့္ ႀကဳံေနရတဲ့ ကက္စ္မီ႐ို

မန္ခ်က္စတာယူႏိုက္တက္စတားကက္စ္မီ႐ိုဟာေဆာက္သမ္တန္ႏွင့္ပြဲတြင္အနီကတ္ျပသျခင္းခံရၿပီးေနာက္ေနာက္ထပ္ပြဲပယ္ခံရမဲ့အေရးႏွင့္ရင္ဆိုင္ေနရျပန္ပါတယ္။

ဘရာဇီးကြင္းလယ္ကစားသမားဟာတနဂၤေႏြေန႔တုန္းကအိုးထရက္ဖို႔ဒ္တြင္ေဆာက္သမ္တန္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္မွာေဆာက္သမ္တန္အလယ္တန္းကစားသမားကားလို႔စ္အယ္ကာရက္ဇ္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္အနီကတ္ျပသျခင္းခံခဲ့ရပါတယ္။

ကြင္းလယ္ဒိုင္လူႀကီးအန္တိုနီေတလာဟာအေစာပိုင္းတုန္းကကက္စ္မီ႐ိုကိုအဝါကတ္သာျပခဲ့ေပမဲ့လည္းVAR ရဲ႕အႀကံေပးမႈေၾကာင့္ကြင္းေဘးရွိေမာ္နီတာတြင္စစ္ေဆးၿပီးခ်ိန္တြင္အနီကတ္ေျပာင္းလဲျပသခဲ့ပါတယ္။

ကက္စ္မီ႐ိုဟာယခုရာသီတြင္ဒုတိယေျမာက္အနီကတ္ျပသျခင္းခံရတာေၾကာင့္တစ္ပြဲထပ္ေလာင္းက်ခံရမွာျဖစ္ၿပီးစုစုေပါင္း၄ပြဲပယ္အထိက်ခံရပါမယ္။

သူဟာယခုအပတ္အကုန္တြင္ဖူလ္ဟမ္ႏွင့္ရင္ဆိုင္ကစားရမဲ့အက္ဖ္ေအဖလားကြာတားဖိုင္နယ္ပြဲစဥ္ႏွင့္နယူးကာဆယ္၊ဘရန႔္ဖို႔ဒ္၊အဲဗာတန္တို႔ႏွင့္ရင္ဆိုင္ရမဲ့ပရီးမီးယားလိဂ္ပြဲမ်ားကိုလြဲပါမယ္။

ဒါေပမဲ့သူဟာၾကာသပေတးေန႔ညတြင္စပိန္သို႔သြားေရာက္ကာဘက္တစ္ႏွင့္ရင္ဆိုင္ရမဲ့ယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္တြင္ပါဝင္ႏိုင္ပါမယ္။

သူဟာယူ႐ိုပါလိဂ္တြင္အဝါကတ္ႏွစ္ႀကိမ္ျပသျခင္းခံထားရၿပီးသူလည္းျဖစ္ပါတယ္။တကယ္လို႔မ်ားသူဟာဘက္တစ္ႏွင့္ပြဲစဥ္တြင္အဝါကတ္ျပသျခင္းခံရပါကအဝါကတ္သုံးကတ္ျပည့္လာမွာျဖစ္လို႔တစ္ပြဲအလိုအေလွ်ာက္ပြဲပယ္ခံရပါမယ္။

ဒါေၾကာင့္လည္းသူဟာဘက္တစ္ႏွင့္ပြဲတြင္အဝါကတ္ထပ္မံျပသခံရၿပီးေနာက္တဆင့္သို႔တက္ေရာက္ပါကတစ္ပြဲပယ္ခံရလာမည္ျဖစ္ကာယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။