ဟယ်ဆေးရိုဒရီဂွက်ဇ်ကို ရည်းစားဖြစ်သူက ကားဖြင့်တိုက်သတ်ရန် ကြိုးစားသလား?

October 16, 2021 playmaker 0

ရီးရဲလ်မက်ဒရစ်စတားဟောင်းဟယ်ဆေးရိုဒရီဂွက်ဇ်နဲ့တွဲလိုက်ပြတ်လိုက်ဖြစ်နေတဲ့ရည်းစားဖြစ်သူဟာစပိန်တောင်ပံကစားသမားကိုကားဖြင့်တိုက်သတ်ရန်ကြိုးပမ်းခဲ့တယ်လို့မီဒီယာများရဲ့ဖော်ပြမှုကိုငြင်းဆိုလာပါတယ်။ အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်တစ်ခုအရ ဟယ်ဆေးရိုဒရီဂွက်ဇ်ဟာကားမတော်တဆမှုကြောင့်ထော့နင်းထော့နင်းဖြစ်ခဲ့ကြောင်းတွေ့ရပါတယ်။ကနေရီကျွန်းဒေသခံသတင်းစာ ကလည်းအဆိုပါနေရာမှာဟယ်ဆေးရိုဒရီဂွက်ဇ်နှင့်ချစ်သူတို့နေထိုင်တဲ့နေရာအနားတွင်ဖြစ်ကြောင်းဖော်ပြသွားပါတယ်။ ၎င်းတို့စုံတွဲဟာ Grand Canaria Stadium တွင် ပြုလုပ်တဲ့ရှိုးပွဲသို့သွားရောက်ခဲ့ကြတာဖြစ်ပြီးရည်စားဟောင်းအူရာဟာစတုတ်စီးတီးကစားသမားဟောင်းနှင့်အချင်းများပြီးနောက်ကားနှင့်တိုက်သတ်ရန်ကြိုးပမ်းခဲ့ကြောင်းမီဒီယာများကဆိုပါတယ်။ ဒါပေမယ့်အူရာကအချင်းများခဲ့တယ်ဆိုပေမယ့်ကားတိုက်သတ်ကြိုးပမ်းခဲ့ခြင်းမရှိကြောင်းငြင်းဆိုလာပါတယ်။ အူရာက “ဘယ်သူ့ကိုမှကားတိုက်သတ်ဖို့မကြိုးစားဖူးပါဘူး။ဒီကအလိမ်အညာပါ။တကယ့်ကိုကြီးမားတဲ့အလိမ်အညာပါ။ကျွန်မရည်းစားကိုကားတိုက်သတ်ဖို့ကြိုးစားတယ်လို့ဘယ်သူမှပြောတာခွင့်ပြုမှာမဟုတ်ပါဘူး။ကျွန်မတို့အကြားမှာဖြစ်ပျက်ခဲ့တာတွေကအများကြီးပါ။ဒီအတွက်ကျွန်မတို့လည်းဂုဏ်မယူပါဘူး။ဒါပေမယ့်ကျွန်မတို့တစ်ယောက်ကိုတစ်ယောက်ချစ်ကြပါတယ်။သူ့ကိုလည်းကားတိုက်သတ်ဖို့မကြိုးစားဖူးပါဘူး”လို့ပြောကြားသွားပါတယ်။ တစ်နေ့တွင်ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်လာမယ်လို့သတ်မှတ်ခံခဲ့ရဖူးတဲ့ဟယ်ဆေးရိုဒရီဂွက်ဇ်ဟာလာလီဂါဒုတိယတန်းကလပ်လက်စ်ပါးမက်စ်တွင်ကစားနေပါတယ်။ လက်စ်ပါးမက်စ်အသင်းမှာလည်းဟယ်ဆေးရိုဒရီဂွက်ဇ်မှာအထက်ပါမတော်တဆမှုတွင်မပါဝင်ကြောင်းနှင့်ပုံမှန်အတိုင်းလေ့ကျင့်ခန်းဆင်းနေကြောင်းကြေညာသွားပါတယ်။ ၎င်းတို့ချစ်သူနှစ်ဦးတို့ဟာ၂နှစ်အရွယ်သားတစ်ဦးပိုင်ဆိုင်ထားပါတယ်။၎င်းတို့စုံတွဲဟာမကြာခဏဆိုသလိုပြတ်လိုက်တွဲလိုက်ဖြစ်နေပြီးတရားစွဲမှုများလည်းရှိခဲ့ကြပါတယ်။အူရာဟာကလေးစရိတ်မပေးမှုအတွက်ဟယ်ဆေးရိုဒရီဂွက်ဇ်ကိုတရားစွဲဆိုခဲ့ပြီး၂၀၂၀ခုနှစ်တွင်အဆင်ပြေမှုရရှိခဲ့ပါတယ်။ ဟယ်ဆေးရိုဒရီဂွက်ဇ်ဟာချစ်သူကိုကလဲ့စားပြန်ချေတဲ့အနေဖြင့်သူမယှဉ်ပြိုင်တဲ့ ၂၀၁၈ခုနှစ်တုန်းက Big Brother ပြိုင်ပွဲမှစောစောစီးစီးထွက်ရအောင်ယူရို၅၀၀၀သုံးပြီးလူငှားရမ်းကာပြုလုပ်ခဲ့ပါတယ်။အူရာဟာလည်းယင်းပြိုင်ပွဲမှာပထမဆုံးထွက်ရတဲ့သူဖြစ်လာခဲ့ပါတယ်။ ဟယ်ဆေးရိုဒရီဂွက်ဇ်ဟာပြီးခဲ့တဲ့၂၀၂၀ခုနှစ်တုန်းကအူရာရဲ့နောက်ကွယ်တွင်သူမရဲ့သူငယ်ချင်းရိုစီယိုမေမာနှင့်ဖောက်ပြန်မှုကြောင့်ပီအက်စ်ဂျီအသင်းရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။ ZawGyi ဟယ္ေဆး႐ိုဒရီဂြက္ဇ္ကို ရည္းစားျဖစ္သူက […]

ရေကူးကန်ဘေးပါတီပွဲတွင် ဟိုတယ်ဝန်ထမ်းမယ်နဲ့ ပျော်ပါးခဲ့တဲ့ ဒိန်းမတ်စတားများ

October 16, 2021 playmaker 0

ဒိန်းမတ်စတားများဟာအရေးပါတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ ရေကူးကန်ဘေးပါတီတွင်ဝတ်လစ်စလစ်အမျိုးသမီးများနှင့်ပျော်ပါးနေခဲ့မှုအတွက် ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ရဲ့စုံစမ်းစစ်ဆေးမှုနှင့်ရင်ဆိုင်နေရပါတယ်။ ဒိန်းမတ်လက်ရွေးစင်ကစားသမားများဟာပြီးခဲ့တဲ့အပတ်တုန်းကမော်ဒိုဗာရှိဟိုတယ်တွင်တည်းခိုစဉ်အတွင်းဟိုတယ်ဝန်ထမ်းမယ်များနှင့်ပျော်ပါးခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒိန်းမတ်ဟာပြီးခဲ့တဲ့စနေနေ့တုန်းကမော်ဒိုဗာရဲ့မြို့တော်ချီဆီနူသို့သွားရောက်ကာကမ္ဘာ့ဖလားခြေစစ်ပွဲကစားခဲ့ကြပါတယ်။၎င်းတို့ဟာကမ္ဘာ့ဖလားခြေစစ်ပွဲသွားကစားစဉ် Hotel Marienlyst တွင်တည်းခိုခဲ့ကြပါတယ်။ ဒိန်းမတ်အသင်းတွင်ချဲလ်ဆီးမှအင်ဒရေခရစ်တင်ဆင်၊စပါးစ်ရဲ့ဟိုဘတ်၊လက်စတာမှရှမိုက်ကယ်နှင့်ဗက်စ်တာဂတ်၊ဘရန့်ဖို့ဒ်မှနော်ဂတ်နှင့်မားသီးယပ်စ်ဂျန်ဆင်တို့လည်းပါဝင်ခဲ့ကြပါတယ်။ ဟိုတယ်မန်နေဂျာမိုက်ကယ်လော်ရစ်ဆင်ဟာဒိန်းမတ်ကစားသမားများရဲ့ပါတီပွဲသို့ ခင်မင်ရင်းနှီးစွာသွားရောက်ကာပျော်ပါးခဲ့တဲ့ဝန်ထမ်းများအပေါ်အကြီးအကျယ်ဒေါသထွက်နေပြီးဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ကိုလည်းတိုင်ကြားမှုပြုလုပ်ခဲ့ပါတယ်။ ဒိန်းမတ်ကစားသမားများဟာအရေးပါတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီပါတီပွဲပြုလုပ်ခဲ့ပေမယ့်မော်ဒိုဗာကို၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။၎င်းတို့ဟာအင်္ဂါနေ့တုန်းကဩစတြီးယားကို၁-၀ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ZawGyi ေရကူးကန္ေဘးပါတီပြဲတြင္ ဟိုတယ္ဝန္ထမ္းမယ္နဲ႔ ေပ်ာ္ပါးခဲ့တဲ့ ဒိန္းမတ္စတားမ်ား ဒိန္းမတ္စတားမ်ားဟာအေရးပါတဲ့ကမာၻ႔ဖလားေျခစစ္ပြဲမတိုင္မီ ေရကူးကန္ေဘးပါတီတြင္ဝတ္လစ္စလစ္အမ်ိဳးသမီးမ်ားႏွင့္ေပ်ာ္ပါးေနခဲ့မႈအတြက္ ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕စုံစမ္းစစ္ေဆးမႈႏွင့္ရင္ဆိုင္ေနရပါတယ္။ ဒိန္းမတ္လက္ေ႐ြးစင္ကစားသမားမ်ားဟာၿပီးခဲ့တဲ့အပတ္တုန္းကေမာ္ဒိုဗာရွိဟိုတယ္တြင္တည္းခိုစဥ္အတြင္းဟိုတယ္ဝန္ထမ္းမယ္မ်ားႏွင့္ေပ်ာ္ပါးခဲ့ၾကတာလည္းျဖစ္ပါတယ္။ ဒိန္းမတ္ဟာၿပီးခဲ့တဲ့စေနေန႔တုန္းကေမာ္ဒိုဗာရဲ႕ၿမိဳ႕ေတာ္ခ်ီဆီႏူသို႔သြားေရာက္ကာကမာၻ႔ဖလားေျခစစ္ပြဲကစားခဲ့ၾကပါတယ္။၎တို႔ဟာကမာၻ႔ဖလားေျခစစ္ပြဲသြားကစားစဥ္ Hotel Marienlyst တြင္တည္းခိုခဲ့ၾကပါတယ္။ […]

ဒဏ်ရာကို ခွဲစိတ်ကုသမှုမပြုလုပ်လျှင် ကစားသမားဘဝအဆုံးသတ်ရတော့မယ့် အမျိုးသမီးဘောလုံးသမားကို လိုအပ်ငွေများ လှူဒါန်းခဲ့တဲ့ ဂယ်ရီလိုင်နီကာ

October 16, 2021 playmaker 0

အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဂယ်ရီလိုင်နီကာဟာဒဏ်ရာပြင်းထန်စွာရရှိပြီးနောက် ခွဲစိတ်ကုသရန်ငွေကြေးအခက်အခဲရှိနေကာကစားသမားဘဝအဆုံးသတ်ရမယ့်အရေးနှင့်ရင်ဆိုင်နေရတဲ့ ဒွန်ကက်စတာရိုဗာဘယ်လက်စ်မှကစားသမားဆိုဖီစကာဂဲလ်အား ခွဲစိတ်ကုသရန်လိုအပ်နေတဲ့ပေါင်၃၀၀၀ကိုလှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။ စကာဂဲလ်ဟာစက်တင်ဘာလတုန်းကလေ့ကျင့်ခန်းပြုလုပ်စဉ်ဒူးအရွတ်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ သူမကစားနေတဲ့ကလပ်မှာလိဂ် ၁ မှဒွန်ကက်စတာရိုဗာပိုင် အမျိုးသမီးအသင်းဖြစ်ပြီးစတုတ္ထတန်းတွင်ကစားနေတဲ့အမျိုးသမီးအပျော်တမ်းအသင်းမျှသာဖြစ်ပါတယ်။ဒါကြောင့်၎င်းတို့ဟာအသင်းခေါင်းဆောင်ရဲ့ဒူးအရွတ်ဒဏ်ရာကိုဆေးကုသဖို့အတွက်ငွေကြေးတတ်နိုင်ခြင်းမရှိပါဘူး။ဒါကြောင့်သူမဟာကစားသမားဘဝအဆုံးသတ်ရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်သူမဟာ ခွဲစိတ်ကုသမှုလိုအပ်နေတဲ့ ပေါင်၅၀၀၀ရရှိရေးအတွက် Just Giving စာမျက်နှာကနေအကူအညီတောင်းခဲ့ပါတယ်။အသက်၂၆နှစ်ရှိသူမရဲ့ဆေးကုသမှုစရိတ်အတွက်ဒွန်ကက်စတာကစားသမားများဖြစ်ကြတဲ့ဂျိမ်းစ်ကိုပင်ဂါ၊ဘင်ဝှိုက်မင်း၊မတ်တီဘလဲတို့ကပေါင်၂၁၂၈ကိုလှူဒါန်းခဲ့ပါတယ်။ယင်းနောက်အထက်ပါသတင်းကို အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဂယ်ရီလိုင်နီကသိရှိသွားပြီးနောက်ကျန်လိုအပ်နေတဲ့ပေါင်၃၀၀၀ကိုလှူဒါန်းကိုအမြန်ဆုံးခွဲစိတ်ကုသနိုင်အောင်လုပ်ပေးလိုက်ပါတယ်။ စကာဂဲလ်က “ကျွန်မမှာအာမခံရှိတယ်လို့ပြောပါတယ်။ဒါပေမယ့်အဲဒါကပေါင်၂၅၀ဘဲရပါမယ်။ MRI စကင်ဖတ်တာတင် ပေါင်၃၅၀ ဆိုတော့စကင်ဖတ်လို့တောင်မရပါဘူး။(NHS)အမျိုးသားကျန်းမာရေးဝန်ဆောင်မှုကလည်းကျွန်တော့်စိတ်ကျန်းမာရေးအခြေအနေကအောက်ဆုံးရောက်နေတယ်ဆိုပြီးခွဲစိတ်ဖို့၂နှစ်စောင့်ဖိုပြောပါတယ်။ဆရာဝန်ကအချိန်ကြာသွားရင်ဘောလုံးဘယ်တော့မှကစားနိုင်တော့မှာမဟုတ်ဘူးလို့ပြောပါတယ်။လူတွေက Crownfunding ကနေအကူအညီတောင်းဖို့ပြောလာပါတယ်။အဲဒီလိုလုပ်ရင်ငွေချေးစရာလည်းမလိုတော့ပါဘူး”လို့ပြောကြားသွားပါတယ်။ သူမဟာဂယ်ရီလိုင်နီကာထံမှပေါင်၃၀၀၀လှူဒါန်းခြင်းခံရပြီးနောက်နောက်ထပ်ပေါင်၂၅၀၀ကျော်ပါထပ်မံအလှူငွေရရှိခဲ့ပါတယ်။ […]

စပါးစ်ကစားသမားနှစ်ဦး ကိုဗစ်ကူးစက်ခံရမှုကြောင့် နယူးကာဆယ်အပါအဝင် သုံးပွဲအထိလွဲမည်

October 16, 2021 playmaker 0

စပါးစ်ဟာကစားသမားနှစ်ဦးကိုဗစ်ကူးစက်ခြင်းခံရမှုကြောင့်လာမယ့်ပွဲသုံးပွဲအထိလွဲချော်နိုင်တာကြောင့်အထိနာလျက်ရှိပါတယ်။ စပါးစ်နည်းပြနူနိုကတနင်္ဂနွေနေ့တွင်နယူးကာဆယ်အားစိန့်ဂျိမ်းစ်ပါ့ခ်သို့သွားရောက်ရမယ့်ပွဲမတိုင်မီအသင်းတွင်ကြီးမားတဲ့အခက်အခဲကြုံနေရကြောင်းဝန်ခံသွားခဲ့ပါတယ်။ ကိုဗစ်ကူးစက်ခြင်းခံရတဲ့စပါးစ်ကစားသမားနှစ်ဦးတို့ရဲ့အမည်ကိုနူနိုကအတည်ပြုပြောကြားခြင်းမရှိပေမယ့်၎င်းတို့နှစ်ဦးဟာ၁၀ရက်ကြာကွာရန်တင်းဝင်ရပါမယ်။ နူနိုက “နိုင်ငံတကာပွဲကစားပြီးတဲ့အချိန်မှာပြဿနာအကြီးကြီးတွေကအမြဲဖြစ်တတ်ပါတယ်။ကျွန်တော်တို့မှာလည်းပြဿနာတွေရှိပါတယ်။ပွဲမတိုင်ခင်တော့ပြောမှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။ ကိုဗစ်ကူးစက်ခံရသူနှစ်ဦးဟာနယူးကာဆယ်၊ဝက်စ်ဟမ်းတို့နှင့်ပရီးမီးယားလိဂ်ပွဲများအပြင်ဗီတက်စ်ဆီနှင့်ရင်ဆိုင်ကစားရမယ့်ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ်တို့ကိုလွဲပါမယ်။ စပါးစ်ဟာတောင်အမေရိကသို့ကမ္ဘာ့ဖလားခြေစစ်ပွဲသွားကစားကြတဲ့ခရစ္စတီယန်ရိုမဲရိုး၊ဂျီယိုဗန်နီလိုဆယ်ဆို၊ဒါဗီဆင်ဆန်းချက်ဇ်နှင့်အီမာဆင်ရွိုင်ရယ်တို့ကိုနယူးကာဆယ်နှင့်ပွဲတွင်အသုံးပြုရန်စဉ်းစားနေပါတယ်။ ZawGyi စပါးစ္ကစားသမားႏွစ္ဦး ကိုဗစ္ကူးစက္ခံရမႈေၾကာင့္ နယူးကာဆယ္အပါအဝင္ သုံးပြဲအထိလြဲမည္ စပါးစ္ဟာကစားသမားႏွစ္ဦးကိုဗစ္ကူးစက္ျခင္းခံရမႈေၾကာင့္လာမယ့္ပြဲသုံးပြဲအထိလြဲေခ်ာ္ႏိုင္တာေၾကာင့္အထိနာလ်က္ရွိပါတယ္။ စပါးစ္နည္းျပႏူႏိုကတနဂၤေႏြေန႔တြင္နယူးကာဆယ္အားစိန႔္ဂ်ိမ္းစ္ပါ့ခ္သို႔သြားေရာက္ရမယ့္ပြဲမတိုင္မီအသင္းတြင္ႀကီးမားတဲ့အခက္အခဲႀကဳံေနရေၾကာင္းဝန္ခံသြားခဲ့ပါတယ္။ ကိုဗစ္ကူးစက္ျခင္းခံရတဲ့စပါးစ္ကစားသမားႏွစ္ဦးတို႔ရဲ႕အမည္ကိုႏူႏိုကအတည္ျပဳေျပာၾကားျခင္းမရွိေပမယ့္၎တို႔ႏွစ္ဦးဟာ၁၀ရက္ၾကာကြာရန္တင္းဝင္ရပါမယ္။ ႏူႏိုက “ႏိုင္ငံတကာပြဲကစားၿပီးတဲ့အခ်ိန္မွာျပႆနာအႀကီးႀကီးေတြကအၿမဲျဖစ္တတ္ပါတယ္။ကြၽန္ေတာ္တို႔မွာလည္းျပႆနာေတြရွိပါတယ္။ပြဲမတိုင္ခင္ေတာ့ေျပာမွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။ ကိုဗစ္ကူးစက္ခံရသူႏွစ္ဦးဟာနယူးကာဆယ္၊ဝက္စ္ဟမ္းတို႔ႏွင့္ပရီးမီးယားလိဂ္ပြဲမ်ားအျပင္ဗီတက္စ္ဆီႏွင့္ရင္ဆိုင္ကစားရမယ့္ယူ႐ိုပါကြန္ဖရင့္လိဂ္ပြဲစဥ္တို႔ကိုလြဲပါမယ္။ စပါးစ္ဟာေတာင္အေမရိကသို႔ကမာၻ႔ဖလားေျခစစ္ပြဲသြားကစားၾကတဲ့ခရစၥတီယန္႐ိုမဲ႐ိုး၊ဂ်ီယိုဗန္နီလိုဆယ္ဆို၊ဒါဗီဆင္ဆန္းခ်က္ဇ္ႏွင့္အီမာဆင္႐ြိဳင္ရယ္တို႔ကိုနယူးကာဆယ္ႏွင့္ပြဲတြင္အသုံးျပဳရန္စဥ္းစားေနပါတယ္။

နယူးကာဆယ်ပိုင်ရှင်သစ်တို့နောက်က အရိပ်ဆိုးကြီးအဖြစ် နောက်ကထပ်ကျမကွာ လိုက်နေမယ့် အစဖျောက်ခံရတဲ့ ဂျာနယ်လစ်ဂျမယ်ခါရှိုဂီ

October 16, 2021 playmaker 0

အစဖျောက်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ဆော်ဒီဂျာနယ်လစ်ဂျမယ်ခါရှိုဂီရဲ့ကြီးမားတဲ့ပိုစတာတစ်ခုကို ဆော်ဒီပိုင်ရှင်သစ်တို့လက်အောက်မှာပထမဆုံးပွဲကစားမယ့် စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းပတ်ဝန်းကျင်တွင်ပြသမှုပြုလုပ်ထားကြောင်းသိရပါတယ်။ ဝါရှင်တန်ပို့စ်ကော်လံစားနှင့် Al-Arab News Channel ရဲ့အထွေထွေမန်နေဂျာနှင့်အယ်ဒီတာချုပ်ခါရှိုဂီဟာ နယူးကာဆယ်ပိုင်ရှင်သစ် ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ်မန်ကို ဝေဖန်ရေးသားခဲ့သူဖြစ်တဲ့အပြင် ဆော်ဒီနှင့်ထရန့်အစိုးရအကြား စစ်ရေးနှင့်စီးပွားရေးလျို့ဝှက်ဆက်ဆံရေးများကိုဖော်ထုတ်ရေးသားမှုများပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ၂၀၁၈ခုနှစ်၊အောက်တိုဘာလ၂ရက်နေ့တုန်းကတူရကီနိုင်ငံ၊အစ္စတန်ဘူလ်ရှိ ဆော်ဒီသံရုံးသို့ဝင်သွားပြီးနောက်ပြန်လည်ထွက်လာခြင်းမရှိမှုနဲ့အတူအစဖျောက်လုပ်ကြံသတ်ဖြတ်ခြင်းခံရတယ်လို့ယူဆခြင်းခံထားရပါတယ်။ ခါရှိုခီအားအစဖျောက်လုပ်ကြံသတ်ဖြတ်ရန်ညွှန်ကြားသူအဖြစ်နယူးကာဆယ်ပိုင်ရှင်သစ် ဆော်ဒီအိမ်ရှေ့မင်သားမိုဟာမက်ဘင်ဆယ်မန်ကစွပ်စွဲခြင်းခံထားရပါတယ်။ဒါ့အပြင်၂၀၁၈ခုနှစ်၊နိုဝင်ဘာလ၁၆ရက်နေ့တုန်းကအမေရိကန်ဗဟိုထောက်လှမ်းရေး(စီအိုအေ)ကလည်းနယူးကာဆယ်ပိုင်ရှင်သစ် ဆော်ဒီအိမ်ရှေ့မင်းသားကခါရှိုခီအားလုပ်ကြံသတ်ဖြတ်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်းကောက်ချက်ချကြောင်းကြေညာခဲ့ပါတယ်။ ဒါကြောင့်လည်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆော်ဒီမင်းသားမိုဟာမက်ဘင်ဆယ်မန်ကနယူးကာဆယ်ကိုဝယ်ယူလိုက်ပြီးနောက် အမျိုးသမီးအခွင့်အရေး၊လူ့အခွင့်အရေးပေါင်းများစွာချိုးဖောက်လာတဲ့ သူအား နယူးကာဆယ်ကိုဝယ်ယူခွင့်ပေးလိုက်မှုအတွက်ပရီးမီးယားလိဂ်ကိုအပြင်းအထန်ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကမိုဟာမက်ဘင်ဆယ်မန်မှာလူကြိုက်များတဲ့အားကစားနည်းများကိုအသုံးချကာ သူတို့လုပ်ဆောင်ခဲ့သမျှအမှားဆိုးကြီးမားကိုဖုံးကွယ်ရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်းဆိုခဲ့ပါတယ်။ […]

ပရဟိတသူရဲကောင်းအဖြစ် လူအာရုံစိုက်ခံလာရတဲ့ ရပ်ရှ်ဖို့ဒ်ကို ဘောလုံးအပေါ်တွင်လည်း အာရုံစိုက်ရန် ဆိုးလ်ရှားပြောကြား

October 16, 2021 playmaker 0

အိုလီဂန်းနားဆိုးလ်ရှားကမားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာမန်ချက်စတာယူနိုက်တက်နှင့်အင်္ဂလန်ကစားသမားဘဝအပေါ်တွင်လည်းအပြည့်အဝအာရုံစိုက်မှုပြုလုပ်ရန်တိုက်တွန်းပြောကြားလာပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာဆင်းရဲနွမ်းပါးတဲ့ကလေးငယ်များအားအဟာရပြည့်အစားအစာများအခမဲ့စားခွင့်ရရှိအောင်ရှေ့တန်းမှကူညီခဲ့သလိုအစိုးရကိုလည်းပြီးခဲ့တဲ့နှစ်တုန်းကကိုဗစ်ကြောင့်ကျောင်းပိတ်စဉ်အတွင်းကလေးများအတွက်အခမဲ့စားသောက်ခွင့်ဘောင်ချာပေးလာအောင်လုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာသူ့ရဲ့ပရဟိတလုပ်ရပ်များကြောင့်ဗြိတိန်ဘုရင်မကြီးချီးမြှင့်တဲ့ MBE ဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရသလိုမကြာသေးမီတုန်းကမန်ချက်စတာတက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဆိုးလ်ရှားဟာအသက်၂၃နှစ်ရှိရပ်ရှ်ဖို့ဒ်ရဲ့ပရဟိတလုပ်ဆောင်မှုများအပေါ်ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။ဒါပေမယ့်မန်ယူနည်းပြကရပ်ရှိဖို့ဒ်အနေဖြင့်သူ့ရဲ့အရေးအကြီးဆုံးအလုပ်ဖြစ်တဲ့ဘောလုံးအပေါ်တွင်လည်းအာရုံစိုက်ရန်တိုက်တွန်းမှုပြုလုပ်ခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာဩဂုတ်လတုန်းကခွဲစိတ်ကုသမှုပြုလုပ်ခဲ့တဲ့ပုခုံးဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့်ယနေ့ညတွင်လက်စတာနှင့်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာပထမဆုံးအနေဖြင့်မန်ယူလူစာရင်းမှာပါဝင်လာပါတယ်။ ဆိုးလ်ရှားက “လာမယ့်နှစ်တွေမှာမားကပ်စ်ရဲ့အကောင်းဆုံးပုံစံကိုကျွန်တော်တို့မြင်တွေ့ရမယ်ဆိုတာကျွန်တော်သိနေပါတယ်။သူဟာငယ်ငယ်လေးနဲ့အများကြီးလုပ်ပြခဲ့ပြီးဖြစ်ပါတယ်။ဒါပေမယ့်အခုသူဟာဘောလုံးသမားတစ်ဦးအတွက်အကောင်းဆုံးအသက်အရွယ်အပိုင်းအခြားသို့ရောက်နေပါတယ်။ကွင်းပြင်ပမှာသူလုပ်ပြခဲ့တာတွေကတကယ့်ကိုကောင်းမွန်လွန်းလှပါတယ်။အခုသူ့အတွက်အရေးအကြီးကဘောလုံးဖြစ်ရပါမယ်။ဘောလုံးအပေါ်မှာဘဲအာရုံစိုက်ရပါမယ်။မန်ချက်စတာယူနိုက်တက်မှာသူ့မှာစိန်ခေါ်မှုကြုံနေရပါတယ်။အင်္ဂလန်မှာကစားခွင့်ရဖို့စိန်ခေါ်မှုရှိပါတယ်။မားကပ်စ်ကယင်းစိန်ခေါ်မှုတွေကိုရင်ဆိုင်မယ့်သူမျိုးပါ။သူ့ဆီကအများကြီးလိုချင်တာလည်းသူသိထားပြီးသားပါ။ဒါပေမယ့်ကျွန်တော်တို့အနေနဲ့သူ့အကောင်းဆုံးပုံစံရောက်လာဖို့အချိန်တော့ပေးရပါမယ်”လို့ပြောကြားသွားပါတယ်။ မန်ယူဟာအနာဂတ်တွင်မားကပ်စ်ရပ်ရှ်ဖို့ဒ်အနေဖြင့်ကြွက်သားဒဏ်ရာများရရှိမှုမှရှောင်လွဲနိုင်ရန်အတွက်ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားကို၄၀ကီလိုအထိမြှင့်တက်နေစေလိုနေပြီးခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားကိုလည်းပိုမိုတောင့်တင်းလာစေလိုနေကြောင်း သိရပါတယ်။ ZawGyi ပရဟိတသူရဲေကာင္းအျဖစ္ လူအာ႐ုံစိုက္ခံလာရတဲ့ ရပ္ရွ္ဖို႔ဒ္ကို ေဘာလုံးအေပၚတြင္လည္း အာ႐ုံစိုက္ရန္ ဆိုးလ္ရွားေျပာၾကား အိုလီဂန္းနားဆိုးလ္ရွားကမားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္အဂၤလန္ကစားသမားဘဝအေပၚတြင္လည္းအျပည့္အဝအာ႐ုံစိုက္မႈျပဳလုပ္ရန္တိုက္တြန္းေျပာၾကားလာပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာဆင္းရဲႏြမ္းပါးတဲ့ကေလးငယ္မ်ားအားအဟာရျပည့္အစားအစာမ်ားအခမဲ့စားခြင့္ရရွိေအာင္ေရွ႕တန္းမွကူညီခဲ့သလိုအစိုးရကိုလည္းၿပီးခဲ့တဲ့ႏွစ္တုန္းကကိုဗစ္ေၾကာင့္ေက်ာင္းပိတ္စဥ္အတြင္းကေလးမ်ားအတြက္အခမဲ့စားေသာက္ခြင့္ေဘာင္ခ်ာေပးလာေအာင္လုပ္ေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာသူ႔ရဲ႕ပရဟိတလုပ္ရပ္မ်ားေၾကာင့္ၿဗိတိန္ဘုရင္မႀကီးခ်ီးျမႇင့္တဲ့ MBE ဘြဲ႕ခ်ီးျမႇင့္ျခင္းခံခဲ့ရသလိုမၾကာေသးမီတုန္းကမန္ခ်က္စတာတကၠသိုလ္ရဲ႕ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႕ခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။ ဆိုးလ္ရွားဟာအသက္၂၃ႏွစ္ရွိရပ္ရွ္ဖို႔ဒ္ရဲ႕ပရဟိတလုပ္ေဆာင္မႈမ်ားအေပၚခ်ီးက်ဴးမႈျပဳလုပ္သြားခဲ့ပါတယ္။ဒါေပမယ့္မန္ယူနည္းျပကရပ္ရွိဖို႔ဒ္အေနျဖင့္သူ႔ရဲ႕အေရးအႀကီးဆုံးအလုပ္ျဖစ္တဲ့ေဘာလုံးအေပၚတြင္လည္းအာ႐ုံစိုက္ရန္တိုက္တြန္းမႈျပဳလုပ္ခဲ့ပါတယ္။ ရပ္ရွ္ဖို႔ဒ္ဟာဩဂုတ္လတုန္းကခြဲစိတ္ကုသမႈျပဳလုပ္ခဲ့တဲ့ပုခုံးဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီျဖစ္တာေၾကာင့္ယေန႔ညတြင္လက္စတာႏွင့္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္မွာပထမဆုံးအေနျဖင့္မန္ယူလူစာရင္းမွာပါဝင္လာပါတယ္။ […]

ဖာရန်တောရက်စ်မှာ သုံးလအထိအနားယူရမည်ဖြစ်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာအတည်ပြု

October 16, 2021 playmaker 0

မန်စီးတီးဟာစပိန်လက်ရွေးစင်ရှေ့တန်းကစားသမားဖာရန်တောရက်စ်ကိုလာမယ့်နှစ်သစ်ကူးကာလအထိလက်လွှတ်ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ဗလင်စီယာတိုက်စစ်သမားဟောင်းဟာယူအီးအက်ဖ်အေနေးရှင်းဗိုလ်လုပွဲကစားစဉ်ခြေချောင်းရိုးကျိုးဒဏ်ရာရရှိခဲ့ပါတယ်။ အစောပိုင်းတုန်းကဖာရန်တောရက်စ်မှာတစ်လမှခြောက်ပတ်အထိသာအနားယူရမယ်လို့ယူဆခဲ့ကြရပါတယ်။ဒါပေမယ့်တောရက်စ်ရဲ့ဒဏ်ရာမှာထင်မှတ်ထားတာထက်ဆိုးရွားနေမှုကြောင့်သုံးလအထိအနားယူရတော့မှာဖြစ်ကြောင်းဂွါဒီယိုလာကအတည်ပြုလာပါတယ်။ တောရက်စ်အားဆုံးရှုံးလိုက်ရမှုနဲ့အတူနည်းပြဂွါဒီယိုလာအတွက်တိုက်စစ်မှူးနေရာအတွက်အကြပ်တွေ့လာပြီဖြစ်ပါတယ်။ဂွါဒီယိုလာဟာဘရာဇီးတိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်စ်အပေါ်တွင်အပြည့်အဝယုံကြည်မှုမရှိမှုနဲ့အထောင်တိုက်စစ်တွင်ဖာရန်တောရက်စ်ကိုအသုံးပြုနေပါတယ်။သူဟာယခုရာသီမှာပရီးမီးယားလိဂ်ပွဲလေးပွဲကစားထားရာမှာ၂ဂိုးသွင်းယူထားပါတယ်။ ZawGyi ဖာရန္ေတာရက္စ္မွာ သုံးလအထိအနားယူရမည္ျဖစ္ေၾကာင္း မန္စီးတီးနည္းျပဂြါဒီယိုလာအတည္ျပဳ မန္စီးတီးဟာစပိန္လက္ေ႐ြးစင္ေရွ႕တန္းကစားသမားဖာရန္ေတာရက္စ္ကိုလာမယ့္ႏွစ္သစ္ကူးကာလအထိလက္လႊတ္ဆုံးရႈံးရေတာ့မွာျဖစ္ပါတယ္။ဗလင္စီယာတိုက္စစ္သမားေဟာင္းဟာယူအီးအက္ဖ္ေအေနးရွင္းဗိုလ္လုပြဲကစားစဥ္ေျခေခ်ာင္း႐ိုးက်ိဳးဒဏ္ရာရရွိခဲ့ပါတယ္။ အေစာပိုင္းတုန္းကဖာရန္ေတာရက္စ္မွာတစ္လမွေျခာက္ပတ္အထိသာအနားယူရမယ္လို႔ယူဆခဲ့ၾကရပါတယ္။ဒါေပမယ့္ေတာရက္စ္ရဲ႕ဒဏ္ရာမွာထင္မွတ္ထားတာထက္ဆိုး႐ြားေနမႈေၾကာင့္သုံးလအထိအနားယူရေတာ့မွာျဖစ္ေၾကာင္းဂြါဒီယိုလာကအတည္ျပဳလာပါတယ္။ ေတာရက္စ္အားဆုံးရႈံးလိုက္ရမႈနဲ႔အတူနည္းျပဂြါဒီယိုလာအတြက္တိုက္စစ္မႉးေနရာအတြက္အၾကပ္ေတြ႕လာၿပီျဖစ္ပါတယ္။ဂြါဒီယိုလာဟာဘရာဇီးတိုက္စစ္မႉးဂါဘရီရယ္ဂ်ီးဆပ္စ္အေပၚတြင္အျပည့္အဝယုံၾကည္မႈမရွိမႈနဲ႔အေထာင္တိုက္စစ္တြင္ဖာရန္ေတာရက္စ္ကိုအသုံးျပဳေနပါတယ္။သူဟာယခုရာသီမွာပရီးမီးယားလိဂ္ပြဲေလးပြဲကစားထားရာမွာ၂ဂိုးသြင္းယူထားပါတယ္။

ဂျက်စီလင်ဂတ်ကို စာချုပ်သစ်ချုပ်ဆိုလိုကြောင်း ဆိုးလ်ရှားအတည်ပြု

October 16, 2021 playmaker 0

ဂျက်စီလင်ဂတ်ရဲ့မန်ချက်စတာယူနိုက်တက်အနာဂတ်မှာမရေမရာဖြစ်နေပါတယ်။ဒါပေမယ့်နည်းပြအိုလီဂန်းနားဆိုးလ်ရှားကတော့ကလပ်ဘက်ကအလယ်တန်းတိုက်စစ်သမားရဲ့စာချုပ်ကိုသက်တမ်းတိုးလိုနေကြောင်းအတည်ပြုပြောကြားလာပါတယ်။ ဂျက်စီလင်ဂတ်ဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဥရောပထိပ်သီးများဖြစ်ကြတဲ့ဘာစီလိုနာနှင့်အေစီမီလန်တို့ကသူ့ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့ရာသီတုန်းကအငှားဖြင့်ကစားခဲ့တဲ့ဝက်စ်ဟမ်းကလည်းသူ့ကိုခေါ်ယူလိုနေပါတယ်။ ဒါပေမယ့်ဆိုးလ်ရှားက “သူ့ကိုကျွန်တော်တို့အတွက်အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ်သတ်မှတ်ထားတာကြောင့်သူ့ကိုဒီမှာကာလရှည်ရှိစေချင်ပါတယ်။သူ့ဆုံးဖြတ်ချက်အပေါ်မှာဘဲမူတည်ပါတယ်။သူ့ကိုပွဲကစားခွင့်အများကြီးပေးဖို့ကလည်းထိုက်တန်တာကြောင့်သူ့ကိုကျွန်တော့်ဘက်ကပေးသွားမှာပါ။သူ့ကိုကျွန်တော်တို့ကအရမ်းအလေးထားတာကြောင့်ဂျက်စီနဲ့စာချုပ်ချုပ်ဆိုနိုင်ဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။ မန်ယူအကယ်ဒမီထွက်လင်ဂတ်ဟာပြီးခဲ့တဲ့နှစ်များတွင်ကစားသမားဘဝအတက်အကျများနှင့်ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။သူဟာပေါင်ခြံဒဏ်ရာမှကောင်းမွန်လာပြီးနောက်နေရာရရှိရန်ရုန်းကန်ရမှုနဲ့အတူပြီးခဲ့တဲ့ရာသီတုန်းကဝက်စ်ဟမ်းသို့အငှားဖြင့်သွားကစားခဲ့ရပါတယ်။ သူဟာဝက်စ်ဟမ်းတွင်ခြောက်လအငှားဖြင့်ကစားစဉ်အတွင်း၉ဂိုးသွင်းကာ၆ကြိမ်ဖန်တီးနိုင်မှုနဲ့အတူအင်္ဂလန်အသင်းမှာပြန်လည်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ သူဟာယခုရာသီမှာမန်ယူမှာပွဲကစားခွင့်ပိုမိုရရှိလာမယ်လို့ယူဆရပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဆန်ချိုတို့ရောက်လာမှုနဲ့အတူ နေရာရရှိရေးထပ်မံရုန်းကန်နေရပါတယ်။ ZawGyi ဂ်က္စီလင္ဂတ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေၾကာင္း ဆိုးလ္ရွားအတည္ျပဳ ဂ်က္စီလင္ဂတ္ရဲ႕မန္ခ်က္စတာယူႏိုက္တက္အနာဂတ္မွာမေရမရာျဖစ္ေနပါတယ္။ဒါေပမယ့္နည္းျပအိုလီဂန္းနားဆိုးလ္ရွားကေတာ့ကလပ္ဘက္ကအလယ္တန္းတိုက္စစ္သမားရဲ႕စာခ်ဳပ္ကိုသက္တမ္းတိုးလိုေနေၾကာင္းအတည္ျပဳေျပာၾကားလာပါတယ္။ ဂ်က္စီလင္ဂတ္ဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး ဥေရာပထိပ္သီးမ်ားျဖစ္ၾကတဲ့ဘာစီလိုနာႏွင့္ေအစီမီလန္တို႔ကသူ႔ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူရန္စိတ္ဝင္စားေနပါတယ္။ဒါ့အျပင္ၿပီးခဲ့တဲ့ရာသီတုန္းကအငွားျဖင့္ကစားခဲ့တဲ့ဝက္စ္ဟမ္းကလည္းသူ႔ကိုေခၚယူလိုေနပါတယ္။ ဒါေပမယ့္ဆိုးလ္ရွားက “သူ႔ကိုကြၽန္ေတာ္တို႔အတြက္အေရးပါတဲ့ကစားသမားတစ္ဦးအျဖစ္သတ္မွတ္ထားတာေၾကာင့္သူ႔ကိုဒီမွာကာလရွည္ရွိေစခ်င္ပါတယ္။သူ႔ဆုံးျဖတ္ခ်က္အေပၚမွာဘဲမူတည္ပါတယ္။သူ႔ကိုပြဲကစားခြင့္အမ်ားႀကီးေပးဖို႔ကလည္းထိုက္တန္တာေၾကာင့္သူ႔ကိုကြၽန္ေတာ့္ဘက္ကေပးသြားမွာပါ။သူ႔ကိုကြၽန္ေတာ္တို႔ကအရမ္းအေလးထားတာေၾကာင့္ဂ်က္စီနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။ မန္ယူအကယ္ဒမီထြက္လင္ဂတ္ဟာၿပီးခဲ့တဲ့ႏွစ္မ်ားတြင္ကစားသမားဘဝအတက္အက်မ်ားႏွင့္ရင္ဆိုင္ခဲ့ရသူျဖစ္ပါတယ္။သူဟာေပါင္ၿခံဒဏ္ရာမွေကာင္းမြန္လာၿပီးေနာက္ေနရာရရွိရန္႐ုန္းကန္ရမႈနဲ႔အတူၿပီးခဲ့တဲ့ရာသီတုန္းကဝက္စ္ဟမ္းသို႔အငွားျဖင့္သြားကစားခဲ့ရပါတယ္။ သူဟာဝက္စ္ဟမ္းတြင္ေျခာက္လအငွားျဖင့္ကစားစဥ္အတြင္း၉ဂိုးသြင္းကာ၆ႀကိမ္ဖန္တီးႏိုင္မႈနဲ႔အတူအဂၤလန္အသင္းမွာျပန္လည္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။ သူဟာယခုရာသီမွာမန္ယူမွာပြဲကစားခြင့္ပိုမိုရရွိလာမယ္လို႔ယူဆရေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဆန္ခ်ိဳတို႔ေရာက္လာမႈနဲ႔အတူ ေနရာရရွိေရးထပ္မံ႐ုန္းကန္ေနရပါတယ္။

ဒီဘရိုင်းရဲ့ဖျက်ထုတ်မှုကို အသုံးချပြီး ဝမ်ဘစ်ဆာကာရဲ့ပြစ်ဒဏ်ကို လျှော့ချနိုင်ခဲ့တဲ့ သရဲနီ

October 16, 2021 playmaker 0

မန်ချက်စတာယူနိုက်တက်ရဲ့ခံစစ်ပြဿနာမှာအေရွန်ဝမ်ဘစ်ဆာကာရဲ့ပွဲပယ်ပြစ်ဒဏ်လျှော့ချခံရမှုနဲ့အတူအနည်းငယ်လျှော့ပါးသွားခဲ့ပါတယ်။ မန်ယူဟာဝမ်ဘစ်ဆာကာရဲ့နှစ်ပွဲပယ်ပြစ်ဒဏ်အားယူအီးအက်ဖ်အေထံသို့အယူခံဝင်ခဲ့ရာမှာအောင်မြင်မှုရရှိခဲ့ပြီးတစ်ပွဲသို့လျှော့ချခြင်းခံခဲ့ရပါတယ်။ ဒါကြောင့်လည်းအသက်၂၃နှစ်ရှိညာနောက်ခံလူဟာလာမယ့်အပတ်ဗုဒ္ဓဟူးနေ့မှာအိုးထရက်ဖို့ဒ်ကွင်းမှာအတ္တလန္တာကိုဧည့်ခံကစားရမယ့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာပါဝင်လာနိုင်ပါမယ်။ သူဟာပြီးခဲ့တဲ့လတုန်းကယန်းဘွိုင်းစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲရဲ့ပထမပိုင်းမှာအနီကတ်ပြအထုတ်ခံရပြီးနောက်ဗီလာရီးရဲလ်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ ယူအီးအက်ဖ်အေကအေရွန်ဝမ်ဘစ်ဆာကာအားကြမ်းတမ်းစွာကစားတယ်ဆိုပြီးနှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ဒါပေမယ့်မန်ယူဟာပီအက်စ်ဂျီနှင့်မန်စီးတီးတို့ပွဲတွင်ကီဗင်ဒီဘရိုင်းကပြိုင်ဘက်ကစားသမားကိုအေဘရွန်ဝမ်ဘစ်ဆာကာကဲ့သို့ပြိုင်ဘက်ကကိုနင်းခဲ့သော်လည်းအဝါကတ်သာပြသခံရမှုကိုထောက်ပြကိုအယူခံဝင်ခဲ့ရာအောင်မြင်မှုရရှိသွားခဲ့ပါတယ်။ လက်ရှိအချိန်တွင်မန်ယူအသင်းဟာအဓိကဗဟိုနောက်ခံလူများဖြစ်တဲ့ဟယ်ရီမက်ဂွိုင်းယားနှင့်ရာဖေးလ်ဗာရိန်းတို့အားဆုံးရှုံးထားရကာဗဟိုခံစစ်ပြဿနာကြုံနေရပါတယ်။အိုလီဂန်းနားဆိုးလ်ရှားဟာလက်စတာနှင့်ပွဲစဉ်တွင်ဗဟိုခံစစ်မှာအဲရစ်ဘိုင်လီနှင့်လင်ဒီလော့ဖ်တို့ကိုအသုံးပြုသွားမှာဖြစ်ပြီးဖီးလ်ဂျုံးစ်ကိုအရန်စာရင်းမှာထည့်သွင်းလာဖို့ရှိပါတယ်။ မန်ယူဟာလာမယ့်အပတ်ဗုဒ္ဓဟူးမှာအတ္တလန္တာနှင့်ချန်ပီယံလိဂ်ပွဲကစားပြီးဖြစ်ပါကလီဗာပူးနှင့်ပရီးမီးယားလိဂ်ပွဲရင်ဆိုင်ကစားသွားရပါမယ်။ ZawGyi ဒီဘ႐ိုင္းရဲ႕ဖ်က္ထုတ္မႈကို အသုံးခ်ၿပီး ဝမ္ဘစ္ဆာကာရဲ႕ျပစ္ဒဏ္ကို ေလွ်ာ့ခ်ႏိုင္ခဲ့တဲ့ သရဲနီ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ခံစစ္ျပႆနာမွာေအ႐ြန္ဝမ္ဘစ္ဆာကာရဲ႕ပြဲပယ္ျပစ္ဒဏ္ေလွ်ာ့ခ်ခံရမႈနဲ႔အတူအနည္းငယ္ေလွ်ာ့ပါးသြားခဲ့ပါတယ္။ မန္ယူဟာဝမ္ဘစ္ဆာကာရဲ႕ႏွစ္ပြဲပယ္ျပစ္ဒဏ္အားယူအီးအက္ဖ္ေအထံသို႔အယူခံဝင္ခဲ့ရာမွာေအာင္ျမင္မႈရရွိခဲ့ၿပီးတစ္ပြဲသို႔ေလွ်ာ့ခ်ျခင္းခံခဲ့ရပါတယ္။ ဒါေၾကာင့္လည္းအသက္၂၃ႏွစ္ရွိညာေနာက္ခံလူဟာလာမယ့္အပတ္ဗုဒၶဟူးေန႔မွာအိုးထရက္ဖို႔ဒ္ကြင္းမွာအတၱလႏၲာကိုဧည့္ခံကစားရမယ့္ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာပါဝင္လာႏိုင္ပါမယ္။ သူဟာၿပီးခဲ့တဲ့လတုန္းကယန္းဘြိဳင္းစ္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲရဲ႕ပထမပိုင္းမွာအနီကတ္ျပအထုတ္ခံရၿပီးေနာက္ဗီလာရီးရဲလ္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပါဝင္ကစားႏိုင္ခဲ့ျခင္းမရွိပါဘူး။ ယူအီးအက္ဖ္ေအကေအ႐ြန္ဝမ္ဘစ္ဆာကာအားၾကမ္းတမ္းစြာကစားတယ္ဆိုၿပီးႏွစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။ဒါေပမယ့္မန္ယူဟာပီအက္စ္ဂ်ီႏွင့္မန္စီးတီးတို႔ပြဲတြင္ကီဗင္ဒီဘ႐ိုင္းကၿပိဳင္ဘက္ကစားသမားကိုေအဘ႐ြန္ဝမ္ဘစ္ဆာကာကဲ့သို႔ၿပိဳင္ဘက္ကကိုနင္းခဲ့ေသာ္လည္းအဝါကတ္သာျပသခံရမႈကိုေထာက္ျပကိုအယူခံဝင္ခဲ့ရာေအာင္ျမင္မႈရရွိသြားခဲ့ပါတယ္။ လက္ရွိအခ်ိန္တြင္မန္ယူအသင္းဟာအဓိကဗဟိုေနာက္ခံလူမ်ားျဖစ္တဲ့ဟယ္ရီမက္ဂြိဳင္းယားႏွင့္ရာေဖးလ္ဗာရိန္းတို႔အားဆုံးရႈံးထားရကာဗဟိုခံစစ္ျပႆနာႀကဳံေနရပါတယ္။အိုလီဂန္းနားဆိုးလ္ရွားဟာလက္စတာႏွင့္ပြဲစဥ္တြင္ဗဟိုခံစစ္မွာအဲရစ္ဘိုင္လီႏွင့္လင္ဒီေလာ့ဖ္တို႔ကိုအသုံးျပဳသြားမွာျဖစ္ၿပီးဖီးလ္ဂ်ဳံးစ္ကိုအရန္စာရင္းမွာထည့္သြင္းလာဖို႔ရွိပါတယ္။ မန္ယူဟာလာမယ့္အပတ္ဗုဒၶဟူးမွာအတၱလႏၲာႏွင့္ခ်န္ပီယံလိဂ္ပြဲကစားၿပီးျဖစ္ပါကလီဗာပူးႏွင့္ပရီးမီးယားလိဂ္ပြဲရင္ဆိုင္ကစားသြားရပါမယ္။

ပိုင်ရှင်သစ်များနှင့် ၁၀ မိနစ်တည်းသာ စကားပြောခွင့်ရသေးကြောင်း စတိဗ်ဘရုစ်ဖွင့်ဟလာ

October 16, 2021 playmaker 0

စတိဗ်ဘရုစ်ကနယူးကာဆယ်ပိုင်ရှင်သစ်များနှင့်၁၀မိနစ်ခန့်တည်းသာတွေ့ဆုံစကားပြောရသေးပေမယ့်နယူးကာဆယ်နည်းပြရာထူးအတွက်အသင့်တော်ဆုံးသူဖြစ်ကြောင်းသက်သေပြသွားမယ်လို့ကြုံးဝါးပြောကြားလိုက်ပါတယ်။ နယူးကာဆယ်ကိုဆော်ဒီရင်းနှီးမြှပ်နှံရေးကုမ္ပဏီကပေါင်၃၀၅သန်းဖြင့်ဝယ်ယူလိုက်ပြီးနောက်စတိဗ်ဘရုစ်အနာဂတ်မရေမရာဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်စတိဗ်ဘရုစ်ဟာသူ့နည်းပြဘဝပွဲ၁၀၀၀ပွဲအဖြစ်တနင်္ဂနွေနေ့စပါးစ်နှင့်ပွဲစဉ်ကိုကိုင်တွယ်သွားဦးမှာဖြစ်ပါတယ်။ စတိဗ်ဘရုစ်က “ကျွန်တော့်ဘက်ကတော့အစွမ်းကုန်ကြိုးစားအားထုတ်သွားပါမယ်။သူတို့ဘက်ကသင့်တော်တဲ့သူလို့မြင်ရင်တော့အကောင်းဆုံးပေါ့ဗျာ။အလွယ်တကူအလျှော့ပေးသွားမှာတော့မဟုတ်ပါဘူး။အနာဂတ်ကိုဘဲကြည့်နေပါတယ်။နယူးကာဆယ်ကိုကိုင်တွယ်နိုင်မယ့်အခွင့်အရေးကိုဘယ်သူများမလိုချင်ဘဲနေမှာလဲ။ကျွန်တော်ဘက်ကတော့သေချာနေတယ်။အခြားရာနဲ့ချီတဲ့နည်းပြတွေလည်းကိုင်တွယ်ချင်နေမှာပါ။ကျွန်တော့်နေရာမှာနည်းပြတိုင်းထိုင်ချင်နေပါတယ်။ကျုပ်ဘက်ကလည်းအမိအရဖမ်းဆုပ်မှာပါ။တနင်္လာနေ့တုန်းကပိုင်ရှင်သစ်တွေနဲ့ဆယ်မိနစ်လောက်ခဏတဖြုတ်တွေ့ခဲ့ပါတယ်။သူတို့ဘက်ကအလုပ်ဆက်ပြီးလုပ်ဖို့ပြောပါတယ်။ကစားသမားတွေကလည်းအစွမ်းကုန်ကြိုးစားနေကြပါတယ်”လို့ပြောကြားသွားပါတယ်။ နယူးကာဆယ်ပိုင်ရှင်သစ်များဟာစတိဗ်ဘရုစ်ကိုထုတ်ပယ်ပြီးနည်းပြသစ်ဖြင့်ခေတ်သစ်တစ်ခုကိုစတင်ချင်ပေမယ့်လည်းနည်းပြသစ်ရှာမတွေ့မီအတွင်းတွင်ဆက်လက်လက်တွဲသွားရန်ဆုံးဖြတ်ထားကြပါတယ်။ ZawGyi ပိုင္ရွင္သစ္မ်ားႏွင့္ ၁၀ မိနစ္တည္းသာ စကားေျပာခြင့္ရေသးေၾကာင္း စတိဗ္ဘ႐ုစ္ဖြင့္ဟလာ စတိဗ္ဘ႐ုစ္ကနယူးကာဆယ္ပိုင္ရွင္သစ္မ်ားႏွင့္၁၀မိနစ္ခန႔္တည္းသာေတြ႕ဆုံစကားေျပာရေသးေပမယ့္နယူးကာဆယ္နည္းျပရာထူးအတြက္အသင့္ေတာ္ဆုံးသူျဖစ္ေၾကာင္းသက္ေသျပသြားမယ္လို႔ႀကဳံးဝါးေျပာၾကားလိုက္ပါတယ္။ နယူးကာဆယ္ကိုေဆာ္ဒီရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီကေပါင္၃၀၅သန္းျဖင့္ဝယ္ယူလိုက္ၿပီးေနာက္စတိဗ္ဘ႐ုစ္အနာဂတ္မေရမရာျဖစ္လာခဲ့ပါတယ္။ဒါေပမယ့္စတိဗ္ဘ႐ုစ္ဟာသူ႔နည္းျပဘဝပြဲ၁၀၀၀ပြဲအျဖစ္တနဂၤေႏြေန႔စပါးစ္ႏွင့္ပြဲစဥ္ကိုကိုင္တြယ္သြားဦးမွာျဖစ္ပါတယ္။ စတိဗ္ဘ႐ုစ္က “ကြၽန္ေတာ့္ဘက္ကေတာ့အစြမ္းကုန္ႀကိဳးစားအားထုတ္သြားပါမယ္။သူတို႔ဘက္ကသင့္ေတာ္တဲ့သူလို႔ျမင္ရင္ေတာ့အေကာင္းဆုံးေပါ့ဗ်ာ။အလြယ္တကူအေလွ်ာ့ေပးသြားမွာေတာ့မဟုတ္ပါဘူး။အနာဂတ္ကိုဘဲၾကည့္ေနပါတယ္။နယူးကာဆယ္ကိုကိုင္တြယ္ႏိုင္မယ့္အခြင့္အေရးကိုဘယ္သူမ်ားမလိုခ်င္ဘဲေနမွာလဲ။ကြၽန္ေတာ္ဘက္ကေတာ့ေသခ်ာေနတယ္။အျခားရာနဲ႔ခ်ီတဲ့နည္းျပေတြလည္းကိုင္တြယ္ခ်င္ေနမွာပါ။ကြၽန္ေတာ့္ေနရာမွာနည္းျပတိုင္းထိုင္ခ်င္ေနပါတယ္။က်ဳပ္ဘက္ကလည္းအမိအရဖမ္းဆုပ္မွာပါ။တနလၤာေန႔တုန္းကပိုင္ရွင္သစ္ေတြနဲ႔ဆယ္မိနစ္ေလာက္ခဏတျဖဳတ္ေတြ႕ခဲ့ပါတယ္။သူတို႔ဘက္ကအလုပ္ဆက္ၿပီးလုပ္ဖို႔ေျပာပါတယ္။ကစားသမားေတြကလည္းအစြမ္းကုန္ႀကိဳးစားေနၾကပါတယ္”လို႔ေျပာၾကားသြားပါတယ္။ နယူးကာဆယ္ပိုင္ရွင္သစ္မ်ားဟာစတိဗ္ဘ႐ုစ္ကိုထုတ္ပယ္ၿပီးနည္းျပသစ္ျဖင့္ေခတ္သစ္တစ္ခုကိုစတင္ခ်င္ေပမယ့္လည္းနည္းျပသစ္ရွာမေတြ႕မီအတြင္းတြင္ဆက္လက္လက္တြဲသြားရန္ဆုံးျဖတ္ထားၾကပါတယ္။