အစဉ်အလာကို လှမ်းမျှော်ကြည့်လိုက်တော့

သောကြာည စပိန်လာလီဂါ ပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

ဆယ်တာဗီဂို နှင့် ကာဒစ်ဇ် (ည ၁း၃၀)(သတိုး မှော်ဘီ)

ရာသီတာထွက်ချိန်ကတည်းကရလဒ်ဆိုးတွေချည်းရင်ဆိုင်နေကြတဲ့ အသင်းနှစ်သင်းထိပ်တိုက်ရင်ဆိုင်မှုပါ။ဆယ်တာဗီဂိုဟာသူတို့ရဲ့အဖွင့် ၄ပွဲမှာ ၃ပွဲရှုံး၊ တစ်ပွဲသရေကျထားတဲ့အသင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းသေချာကြည့်ရင်အက်သလက်တီကို၊ ဘီလ်ဘာအို၊ ရီးရဲလ်တို့လိုထိပ်သီးပြိုင်ဘက်တွေကိုဆက် တိုက်ယှဉ်ပြိုင်ရပြီးပွဲကျပ်ခဲ့ရတာကြောင့်ဆိုတာ တွေ့ရပါမယ်။

ကာဒစ်ဇ်ကတော့ဆယ်တာဗီဂိုလောက် ပွဲကျပ်ခြင်းမရှိဘဲရာသီအဖွင့် ၄ပွဲဆက်တိုက်အနိုင်ပျောက်ဆုံးထားတဲ့အသင်းပါ။ဒါကြောင့်အခုပွဲမှာလည်း အဝေးကွင်းဖြစ်နေလို့ကာဒစ်ဇ်အတွက်မလွယ်နိုင်သေးဘူး။ပွဲကျပ်ကာလလွန်မြောက်သွားပြီဖြစ်လို့နိုင်ပွဲဆာလောင်နေတဲ့ဆယ်တာဗီဂိုအတွက် အခုလိုပွဲမျိုးက အခွင့်ကောင်လို့ဆိုရပါမယ်။

အစဉ်အလာကိုလှမ်းမျှော်ကြည့်ရှုလိုက်တော့ဆယ်တာဗီဂိုကွင်းနောက်ဆုံး ၅ပွဲစလုံးကာဒစ်ဇ်အရေးနိမ့်ခဲ့တာတွေ့ရှိရတယ်။ခြေစွမ်းနဲ့လူအင်အားသာလွန်ပြီးအိမ်ရှင်လည်းဖြစ်လို့ ဆယ်တာဗီဂိုသေချာပေါက်အနိုင်ယူပြမယ်လို့ ယုံကြည်တယ်။

zawgyi

အစဥ္အလာကို လွမ္းေမွ်ာ္ၾကည့္လိုက္ေတာ့

ေသာၾကာည စပိန္လာလီဂါ ပြဲစဥ္-၅ ပြဲႀကိဳသုံးသပ္ခ်က္

ဆယ္တာဗီဂို ႏွင့္ ကာဒစ္ဇ္ (ည ၁း၃၀)(သတိုး ေမွာ္ဘီ)

ရာသီတာထြက္ခ်ိန္ကတည္းက ရလဒ္ဆိုးေတြခ်ည္း ရင္ဆိုင္ေနၾကတဲ့ အသင္းႏွစ္သင္း ထိပ္တိုက္ရင္ဆိုင္မႈပါ။ဆယ္တာဗီဂိုဟာ သူတို႔ရဲ႕အဖြင့္ ၄ပြဲမွာ ၃ပြဲရႈံး၊ တစ္ပြဲသေရက်ထားတဲ့အသင္းျဖစ္ပါတယ္။ဒါေပမဲ့လည္း ေသခ်ာၾကည့္ရင္ အက္သလက္တီကို၊ ဘီလ္ဘာအို၊ ရီးရဲလ္တို႔လို ထိပ္သီးၿပိဳင္ဘက္ေတြကို ဆက္တိုက္ယွဥ္ၿပိဳင္ရၿပီး ပြဲက်ပ္ခဲ့ရတာေၾကာင့္ဆိုတာ ေတြ႕ရပါမယ္။ကာဒစ္ဇ္ကေတာ့ ဆယ္တာဗီဂိုေလာက္ ပြဲက်ပ္ျခင္းမရွိဘဲ ရာသီအဖြင့္ ၄ပြဲဆက္တိုက္ အႏိုင္ေပ်ာက္ဆုံးထားတဲ့အသင္းပါ။

ဒါေၾကာင့္ အခုပြဲမွာလည္း အေဝးကြင္းျဖစ္ေနလို႔ ကာဒစ္ဇ္အတြက္ မလြယ္ႏိုင္ေသးဘူး။ပြဲက်ပ္ကာလလြန္ေျမာက္သြားၿပီျဖစ္လို႔ ႏိုင္ပြဲဆာေလာင္ေနတဲ့ ဆယ္တာဗီဂိုအတြက္ အခုလိုပြဲမ်ိဳးက အခြင့္ေကာင္လို႔ဆိုရပါမယ္။အစဥ္အလာကို လွမ္းေမွ်ာ္ၾကည့္ရႈလိုက္ေတာ့ ဆယ္တာဗီဂိုကြင္း ေနာက္ဆုံး ၅ပြဲစလုံး ကာဒစ္ဇ္ အေရးနိမ့္ခဲ့တာ ေတြ႕ရွိရတယ္။ေျခစြမ္းနဲ႔ လူအင္အားသာလြန္ၿပီး အိမ္ရွင္လည္းျဖစ္လို႔ ဆယ္တာဗီဂို ေသခ်ာေပါက္ အႏိုင္ယူျပမယ္လို႔ ယုံၾကည္တယ္။