”လတ်တလော အစဉ်အလာကို အံတုပြီး”

သောကြာည စပိန်လာလီဂါပွဲစဉ်-၂၃ ပွဲကြိုသုံးသပ်ချက်

ဆယ်တာဗီဂို နှင့် အယ်ချီ (ည ၂:၃၀)(သတိုး- မှော်ဘီ)

လာလီဂါတန်းဆင်းဇုန်ထဲကရုန်းထွက်နိုင်ဖို့ အယ်ချီအစွမ်းကုန်ကြိုးစားနေပေမယ့်လည်းခြေစွမ်းနဲ့ရလဒ်ပိုင်းကျဆင်းနေဆဲပါပဲ။လာလီဂါနောက်ဆုံး ၁၅ပွဲဆက်တိုက်အယ်ချီအနိုင်ပျောက်ဆုံးထားပြီးခံစစ်ကြောင်းကလည်းအဲဒီ ၁၅ပွဲမှာဂိုးမပေးရအောင်ရှားရှားပါးပါးတစ်ပွဲသာစွမ်းဆောင်နိုင်ခဲ့တယ်။

အခုနောက်ပိုင်းမှာအယ်ချီရဲ့အဝေးကွင်းရလဒ်ကလည်းတဖြည်းဖြည်းဆိုးရွားလာနေပါပြီ။ဒါကြောင့် လောလောဆယ်ပြိုင်ပွဲစုံနောက်ဆုံး ၇ပွဲဆက်တိုက် အနိုင်ပျောက်ဆုံးထားတဲ့ဆယ်တာဗီဂိုအတွက်နိုင်ပွဲပြန်ရှာဖို့ အခွင့်ကောင်းပါ။

သေချာကြည့်ရင်ဆယ်တာဗီဂိုရဲ့အိမ်ကွင်းခြေစွမ်းနဲ့ ရလဒ်ပိုင်းကပုံမှန်ဂိုးသွင်းနိုင်လို့မဆိုးလှပါဘူး။ ရလဒ်တွေကျလာသလိုရှိပေမယ့်ပုံမှန်အားဖြင့်ဆိုရင် ဆယ်တာဗီဂိုဟာအိမ်ကွင်းမာကျောမှုရှိပါတယ်။

ဒီပွဲမှာဆယ်တာဗီဂိုက ၁-၁၅အထိတောင်ပြင်းပြင်းရှရှ အကျောပေးထားတယ်။ဆယ်တာဗီဂိုကွင်းနောက်ဆုံး ၄ပွဲဆက်တိုက်အယ်ချီမရှုံးခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ နှစ်သင်းကြားခြေစွမ်း ကွာခြားလွန်းလို့ လတ်တလောအစဉ်အလာကိုအံတုပြီး ဆယ်တာဗီဂို ဂိုးပြတ်အနိုင်ရရှိသွားပါလိမ့်မယ်။

zawgyi

”လတ္တေလာ အစဥ္အလာကို အံတုၿပီး”



