”ရေငုပ်သင်္ဘောကြီး ဖွတ်ချပ် ဖွတ်ချပ်”

သောကြာည စပိန်လာလီဂါ ပွဲစဉ်-၁၈ ပွဲကြိုသုံးသပ်ချက်

ဆယ်တာဗီဂို နှင့် ဗီလာရီးရဲလ် (ည ၂:၃၀)(သတိုး- မှော်ဘီ)

စပိန်ဘုရင့်ဖလားမှာအိုင်ဘီဇာကိုဂိုးပြတ်အရေးနိမ့်လိုက်တဲ့ဆယ်တာဗီဂိုအဲဒီပွဲကိုအလေးထားခြင်းမရှိခဲ့ပါဘူး။သူတို့အနေနဲ့ လာလီဂါမှာရပ်တည်ချက်တစ်ခုခုရရှိဖို့ အဓိကရည်မှန်းထားပုံရတယ်။

လာလီဂါနောက်ဆုံးပွဲမှာရီးရဲလ်ကိုအရေးနိမ့်လိုက်ပေမယ့်လည်းဆယ်တာဗီဂိုရဲ့ခြေစွမ်းအဲဒီလောက်မချာပါဘူး။အထူးသဖြင့်အိမ်ကွင်းပွဲစဉ်တွေဆိုရင် အက်စ်ပက်စ်၊ နိုလီတိုတို့ရဲ့တိုက်စစ်ပိုင်းအစွမ်းပြသမှုနဲ့အတူဆယ်တာဗီဂိုရဲ့ခြေစွမ်းထက်မြက်လာပါတယ်။

ဒါကြောင့်လည်းလာလီဂါအိမ်ကွင်းနောက်ဆုံး ၄ပွဲဆက်တိုက်အနိုင်ရလဒ်တွေရရှိထားတာပါ။ဗီလာရီးရဲလ်ကတော့ရလဒ်ပိုင်းအရလတ်တလောခြေစွာသလိုထင်ရပေမယ့်ခံစစ်ယိုယွင်းမှုကို ပြင်ဆင်နိုင်စွမ်းမရှိသေးပါဘူး။ခံစစ်လုံခြုံအောင်ပြင်ဆင်နေရချိန်မှာဂက်စ်ပါအပြင်အယ်ကာကာလည်းနာနေလို့ ဗီလာရီးရဲလ်တိုက်စစ်ကအထိုက်အလျောက်အားပျော့နေဦးမှာပါ။

ဒါကိုတောင်သရေဆိုရင်ဗီလာရီးရဲလ်က ၄၀ နစ်နာရဦးမယ်ဆိုတော့အမှတ်ရအောင်ယူမယ့်အိမ်ရှင်ဆယ်တာဗီဂိုကိုကြိုက်တယ်။ရေငုပ်သင်္ဘောကြီး ဖွတ်ချပ်ဖွတ်ချပ်မြည်သံနဲ့အတူအသံတောင်ထွက်နိုင်မှာမဟုတ်ဘူး။အိမ်ရှင်မှအိမ်ရှင်ပဲရွေးချယ်ပါ။

Zawgyi




