Champions League Final ကို ဝင်ဘာလေတွင်ကစားရန် ယူအီးအက်ဖ်အေတိုက်တွန်းခံနေရ

ယူအီးအက်ဖ်အေဟာချန်ပီယံလိဂ်ဗိုလ်လုပွဲအားဝင်ဘာလေကွင်းသို့ရွှေ့ပြောင်းကျင်းပရန်တိုက်တွန်းခြင်းခံနေရပါတယ်။

၂၀၂၁ခုနှစ်ချန်ပီယံလိဂ်ဖိုင်နယ်တွင် All-English အဖြစ်မန်စီးတီးနှင့်ချဲလ်ဆီးတို့ရင်ဆိုင်ကစားရပါမယ်။မန်စီးတီးနှင့်ချဲလ်ဆီးတို့ဟာလာမယ့်မေလ၂၉ရကျနေ့မှာတူရကီနိုငျငံ၊အစ်စတန်ဘူလ်ရှိ Ataturk Stadium တွင်ရင်ဆိုင်ကစားကြရပါမယ်။

အစ္စတန်ဘူလ်ဟာ၂၀၂၀ဗိုလ်လုပွဲကိုလည်းလက်ခံကျင်းပခွင့်ရရှိခဲ့ပေမယ့်ကိုဗစ်ကြောင့်ပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းကနောက်ဆုံးအဆင့်၃ဆင့်ကိုရှုံးထွက်ပြိုင်ပွဲငယ်အဖြစ်ပေါ်တူဂီနိုင်ငံ၊လစ္စဘွန်းသို့ပြောင်းရွှေ့ကျင်းပခဲ့ရပါတယ်။

လက်ရှိအချိန်တွင်တူရကီတွင်ကိုဗစ်ကူးစက်မှုများရှိနေပြီးလော့ဒ်ဒေါင်းချထားပါတယ်။ဒါပေမယ့်တူရကီအစိုးရဟာလော့ဒ်ဒေါင်းကိုလာမယ့်မေလ၁၇ရက်နေ့မှာဖြေလျှော့မှုများပြုလုပ်လာပါမယ်။ဒါကြောင့်လည်းယူအီးအက်ဖ်အေကချန်ပီယံလိဂ်ဗိုလ်လုပွဲကိုယခင်သတ်မှတ်ထားတဲ့အတိုင်းအစ္စတန်ဘူလ်တွင်ပင်ကျင်းပမယ်လို့ဆိုထားပါတယ်။

အစ္စတန်ဘူလ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုပရိသတ်၂၅၀၀၀ဝင်ရောက်ကြည့်ခွင့်ပေးသွားမှာဖြစ်ပြီးဗိုလ်လုပွဲရောက်မန်စီးတီးနှင့်ချဲလ်ဆီးတို့ဟာလက်မှတ်ခွဲတမ်း၄၀၀၀စီရရှိထားကြပါတယ်။

ဒါပေမယ့်လည်းချန်ပီယံလိဂ်ဗိုလ်လုပွဲကိုအင်္ဂလိပ်ကလပ်နှစ်သင်းတကျရောကျထားနိုငျမှုနဲ့အတူအငျ်ဂလန်သို့ပြောင်းရွှေ့ကျင်းပရန်တောင်းဆိုနေကြပါတယ်။

ဗြိတိန်တွင်ကိုဗစ်ကာကွယ်ဆေးထိုးမှုများတိုးမြှင့်ပြုလုပ်နေပြီးပရီးမီးယားလိဂ်ရာသီသိမ်းပွဲနှစ်ပွဲကိုပရိသတ်၁၀၀၀၀အထိတက်ရောက်ကြည့်ရှုခွင့်ပေးရန်စီစဉ်ထားပါတယ်။

ဝင်ဘာလေကွင်းဟာလက်စတာနှင့်ဆောက်သမ်တန်တို့ရဲ့အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်နှင့်မန်စီးတီးကစပါးစ်ကိုအနိုင်ရရှိတဲ့ကာရာဘောင်းဖလားဗိုလ်လုပွဲတို့တွင်ပရိသတ်များဝင်ရောက်ကြည့်ရှုခွင့်ပေးထားပြီးလည်းဖြစ်ပါတယ်။

ချဲလ်ဆီးနှင့်လက်စတာတို့ဟာလာမယ့်မေလ၁၅ရက်နေ့မှာဝင်ဘာလေကွင်းမှာအက်ဖ်အေဖလားဗိုလ်လုပွဲရင်ဆိုင်ကစားကြရမှာဖြစ်ပြီးတစ်သင်းလျှင်လက်မှတ်ခွဲတမ်း၆၀၀၀ဝန်းကျင်စီရရှိထားကြပါတယ်။

ယင်းကဲ့သို့အနေအထားများကြောင့်ဘောလုံးကစားသမားဟောင်းများ၊ဗြိတိန်လွှတ်တော်အမတ်များကချန်ပီယံလိဂ်ဗိုလ်လုပွဲကိုဝင်ဘာလေကွင်းတွင်ကျင်းပရန်အသင့်တော်ဆုံးလို့ဆိုနေကြပါတယ်။ဒါပေမယ့်အခြားတစ်ဖက်မှာယင်းနေ့တွင်ချန်ပီယံရှစ်ပလေးအော့ဖ်ဖိုင်နယ်ပွဲကစားရန်ရှိမှုကိုလည်းထောက်ပြမှုများရှိနေပါတယ်။

အက်ဖ်အေတာဝန်ရှိသူများဟာဝင်ဘာလေကွင်းတွင်ချန်ပီယံလိဂ်ဗိုလ်လုပွဲလက်ခံကျင်းပခွင့်ရရှိမည်ဆိုပါကချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲကိုအိုးထရက်ဖို့ဒ်သို့ပြောင်းရွှေ့ကျင်းပရန်စဉ်းစားထားကြပါတယ်။

 

zawgyi

Champions League Final ကို ဝင္ဘာေလတြင္ကစားရန္ ယူအီးအက္ဖ္ေအတိုက္တြန္းခံေနရ

ယူအီးအက္ဖ္ေအဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲအားဝင္ဘာေလကြင္းသို႔ေ႐ႊ႕ေျပာင္းက်င္းပရန္တိုက္တြန္းျခင္းခံေနရပါတယ္။

၂၀၂၁ခုႏွစ္ခ်န္ပီယံလိဂ္ဖိုင္နယ္တြင္ All-English အျဖစ္မန္စီးတီးႏွင့္ခ်ဲလ္ဆီးတို႔ရင္ဆိုင္ကစားရပါမယ္။မန္စီးတီးႏွင့္ခ်ဲလ္ဆီးတို႔ဟာလာမယ့္ေမလ၂၉ရက်ေန႔မွာတူရကီႏိုင်ငံ၊အစ္စတန္ဘူလ္ရွိ Ataturk Stadium တြင္ရင္ဆိုင္ကစားၾကရပါမယ္။

အစၥတန္ဘူလ္ဟာ၂၀၂၀ဗိုလ္လုပြဲကိုလည္းလက္ခံက်င္းပခြင့္ရရွိခဲ့ေပမယ့္ကိုဗစ္ေၾကာင့္ၿပီးခဲ့တဲ့ႏွစ္ဩဂုတ္လတုန္းကေနာက္ဆုံးအဆင့္၃ဆင့္ကိုရႈံးထြက္ၿပိဳင္ပြဲငယ္အျဖစ္ေပၚတူဂီႏိုင္ငံ၊လစၥဘြန္းသို႔ေျပာင္းေ႐ႊ႕က်င္းပခဲ့ရပါတယ္။

လက္ရွိအခ်ိန္တြင္တူရကီတြင္ကိုဗစ္ကူးစက္မႈမ်ားရွိေနၿပီးေလာ့ဒ္ေဒါင္းခ်ထားပါတယ္။ဒါေပမယ့္တူရကီအစိုးရဟာေလာ့ဒ္ေဒါင္းကိုလာမယ့္ေမလ၁၇ရက္ေန႔မွာေျဖေလွ်ာ့မႈမ်ားျပဳလုပ္လာပါမယ္။ဒါေၾကာင့္လည္းယူအီးအက္ဖ္ေအကခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုယခင္သတ္မွတ္ထားတဲ့အတိုင္းအစၥတန္ဘူလ္တြင္ပင္က်င္းပမယ္လို႔ဆိုထားပါတယ္။

အစၥတန္ဘူလ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုပရိသတ္၂၅၀၀၀ဝင္ေရာက္ၾကည့္ခြင့္ေပးသြားမွာျဖစ္ၿပီးဗိုလ္လုပြဲေရာက္မန္စီးတီးႏွင့္ခ်ဲလ္ဆီးတို႔ဟာလက္မွတ္ခြဲတမ္း၄၀၀၀စီရရွိထားၾကပါတယ္။

ဒါေပမယ့္လည္းခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုအဂၤလိပ္ကလပ္ႏွစ္သင္းတက်ေရာက်ထားႏိုင်မႈနဲ႔အတူအင်္ဂလန္သို႔ေျပာင္းေ႐ႊ႕က်င္းပရန္ေတာင္းဆိုေနၾကပါတယ္။

ၿဗိတိန္တြင္ကိုဗစ္ကာကြယ္ေဆးထိုးမႈမ်ားတိုးျမႇင့္ျပဳလုပ္ေနၿပီးပရီးမီးယားလိဂ္ရာသီသိမ္းပြဲႏွစ္ပြဲကိုပရိသတ္၁၀၀၀၀အထိတက္ေရာက္ၾကည့္ရႈခြင့္ေပးရန္စီစဥ္ထားပါတယ္။

ဝင္ဘာေလကြင္းဟာလက္စတာႏွင့္ေဆာက္သမ္တန္တို႔ရဲ႕အက္ဖ္ေအဖလားဆီမီးဖိုင္နယ္ပြဲစဥ္ႏွင့္မန္စီးတီးကစပါးစ္ကိုအႏိုင္ရရွိတဲ့ကာရာေဘာင္းဖလားဗိုလ္လုပြဲတို႔တြင္ပရိသတ္မ်ားဝင္ေရာက္ၾကည့္ရႈခြင့္ေပးထားၿပီးလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးႏွင့္လက္စတာတို႔ဟာလာမယ့္ေမလ၁၅ရက္ေန႔မွာဝင္ဘာေလကြင္းမွာအက္ဖ္ေအဖလားဗိုလ္လုပြဲရင္ဆိုင္ကစားၾကရမွာျဖစ္ၿပီးတစ္သင္းလွ်င္လက္မွတ္ခြဲတမ္း၆၀၀၀ဝန္းက်င္စီရရွိထားၾကပါတယ္။

ယင္းကဲ့သို႔အေနအထားမ်ားေၾကာင့္ေဘာလုံးကစားသမားေဟာင္းမ်ား၊ၿဗိတိန္လႊတ္ေတာ္အမတ္မ်ားကခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုဝင္ဘာေလကြင္းတြင္က်င္းပရန္အသင့္ေတာ္ဆုံးလို႔ဆိုေနၾကပါတယ္။ဒါေပမယ့္အျခားတစ္ဖက္မွာယင္းေန႔တြင္ခ်န္ပီယံရွစ္ပေလးေအာ့ဖ္ဖိုင္နယ္ပြဲကစားရန္ရွိမႈကိုလည္းေထာက္ျပမႈမ်ားရွိေနပါတယ္။

အက္ဖ္ေအတာဝန္ရွိသူမ်ားဟာဝင္ဘာေလကြင္းတြင္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲလက္ခံက်င္းပခြင့္ရရွိမည္ဆိုပါကခ်န္ပီယံရွစ္ပေလးေအာ့ဖ္ဗိုလ္လုပြဲကိုအိုးထရက္ဖို႔ဒ္သို႔ေျပာင္းေ႐ႊ႕က်င္းပရန္စဥ္းစားထားၾကပါတယ္။