ဘရုဂျက်ကို ကိုင်တွယ်ပြီး ၆၇ ရက်အကြာမှာ အထုတ်ခံခဲ့ရတဲ့ စကော့ပါကား

စကော့ပါကားဟာကလပ်ဘရုဂျက်အသင်းချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာခဲ့ရပြီးနောက်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံလာရပြီဖြစ်ပါတယ်။

စကော့ပါကားဟာဘုန်းမောက်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်သုံးလဝန်းကျင်အကြာဒီဇင်ဘာလ၃၁ရက်နေ့တုန်းကဘရုဂျက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့သူဟာဘင်ဖီကာကိုနှစ်ကျော့ပေါင်းရလဒ်၇-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခဲ့ရပြီးနောက်ကလပ်ဘရုဂျက်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံလာရပြီဖြစ်ပါတယ်။

သူဟာကလပ်ဘရုဂျက်အသင်းကို၁၂ပွဲကိုင်တွယ်ခဲ့ရာတွင်၂ပွဲတည်းသာအနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။သူ့ကိုင်တွယ်ခဲ့တဲ့ကလပ်ဘရုဂျက်ဟာဘယ်လ်ဂျီယံပရိုလိဂ်အမှတ်ပေးဇယားအဆင့်၄နေရာမှာရပ်တည်နေပြီးထိပ်ဆုံးမှဂျန့်နှင့်၂၁မှတ်အထိကွာဟနေပါတယ်။

လက်ရှိအချိန်တွင်ကလပ်ဘရုဂျက်နည်းပြရာထူးအတွက်အေဂျက်စ်နည်းပြဟောင်းအယ်ဖရက်ရှရူဒါကထိပ်ဆုံးမှရေပန်းစားနေပါတယ်။ရှရူဒါဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကအေဂျက်စ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံရပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။

စကော့ပါကားဟာဖူလ်ဟမ်နှင့်ဘုန်းမောက်တို့ကိုချန်ပီယံရှစ်မှပရီးမီးယားလိဂ်သို့တန်းတက်နိုင်အောင်စွမ်းဆောင်ခဲ့ဖူးတဲ့မှတ်တမ်းကောင်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ZawGyi

ခ်န္ပီယံလိဂ္မွ အရွက္တကြဲထြက္ရၿပီးေနာက္ ဘ႐ုဂ်က္ကို ကိုင္တြယ္ၿပီး ၆၇ ရက္အၾကာမွာ အထုတ္ခံခဲ့ရတဲ့ စေကာ့ပါကား

စေကာ့ပါကားဟာကလပ္ဘ႐ုဂ်က္အသင္းခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ နည္းျပရာထူးမွထုတ္ပယ္ျခင္းခံလာရၿပီျဖစ္ပါတယ္။

စေကာ့ပါကားဟာဘုန္းေမာက္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္သုံးလဝန္းက်င္အၾကာဒီဇင္ဘာလ၃၁ရက္ေန႔တုန္းကဘ႐ုဂ်က္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့သူဟာဘင္ဖီကာကိုႏွစ္ေက်ာ့ေပါင္းရလဒ္၇-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခဲ့ရၿပီးေနာက္ကလပ္ဘ႐ုဂ်က္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံလာရၿပီျဖစ္ပါတယ္။

သူဟာကလပ္ဘ႐ုဂ်က္အသင္းကို၁၂ပြဲကိုင္တြယ္ခဲ့ရာတြင္၂ပြဲတည္းသာအႏိုင္ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။သူ႔ကိုင္တြယ္ခဲ့တဲ့ကလပ္ဘ႐ုဂ်က္ဟာဘယ္လ္ဂ်ီယံပ႐ိုလိဂ္အမွတ္ေပးဇယားအဆင့္၄ေနရာမွာရပ္တည္ေနၿပီးထိပ္ဆုံးမွဂ်န႔္ႏွင့္၂၁မွတ္အထိကြာဟေနပါတယ္။

လက္ရွိအခ်ိန္တြင္ကလပ္ဘ႐ုဂ်က္နည္းျပရာထူးအတြက္ေအဂ်က္စ္နည္းျပေဟာင္းအယ္ဖရက္ရွ႐ူဒါကထိပ္ဆုံးမွေရပန္းစားေနပါတယ္။ရွ႐ူဒါဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကေအဂ်က္စ္နည္းျပရာထူးမွထုတ္ပယ္ျခင္းခံရၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ပါတယ္။

စေကာ့ပါကားဟာဖူလ္ဟမ္ႏွင့္ဘုန္းေမာက္တို႔ကိုခ်န္ပီယံရွစ္မွပရီးမီးယားလိဂ္သို႔တန္းတက္ႏိုင္ေအာင္စြမ္းေဆာင္ခဲ့ဖူးတဲ့မွတ္တမ္းေကာင္းပိုင္ဆိုင္ထားသူျဖစ္ပါတယ္။