ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဝင်ဘာလေ(သို့မဟုတ်)လစ္စဘွန်းသို့ ရွှေ့ဆိုင်းရနိုင်

မန်စီးတီးနှင့်ချဲလ်ဆီးတို့ရင်ဆိုင်ကစားကြရမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုအစ္စတန်ဘူလ်မှဝင်ဘာလေ(သို့မဟုတ်)လစ္စဘွန်းသို့ရွှေ့ဆိုင်းကစားရဖို့ရှိနေကြောင်းသိရပါတယ်။

ယူအီးအက်ဖ်အေဟာ All-English Final ကိုကိုဗစ်ကန့်သတ်ချက်များကြောင့်ဝင်ဘာလေသို့ရွှေ့ဆိုင်းရန်ဖိအားပေးခြင်းခံခဲ့ရပါတယ်။ယခုအခါဗြိတိန်အစိုးရကတူရကီတွင်ကိုဗစ်ကူးစက်မှုများရှိနေမှုကြောင့်တူရကီသို့ခရီးသွားလာခွင့်ကန့်သတ်လိုက်မှုနဲ့အတူယူအီးအက်ဖ်အေဟာချန်ပီယံလိဂ်ဗိုလ်လုပွဲကိုနေရာရွှေ့ဆိုင်းကျင်းပရဖို့ရှိနေပါတယ်။

The Times ရဲ့ဖော်ပြချက်အရအက်ဖ်အေနှင့်ယူအီးအက်ဖ်အေတို့ဟာချန်ပီယံလိဂ်ဗိုလ်လုပွဲအားဝင်ဘာလေကွင်းသို့ရွှေ့ပြောင်းကျင်းပရန်ဆွေးနွေးလျက်ရှိနေကြောင်းသိရပါတယ်။အခြားတစ်ဖက်တွင်ယူအီးအက်ဖ်အေဟာမန်စီးတီးနှင့်ချဲလ်ဆီးတို့ရဲ့ပွဲကိုပေါ်တူဂီနိုင်ငံ၊လစ္စဘွန်းတွင်ကစားရန်လည်းဆွေးနွေးနေပါတယ်။

ခနြျပီယံလိဂျဗိုလျလုပှဲကိုအစ်စတန်ဘူလ်ရှိ Ataturk Stadium တွင်ကျင်းပရန်စီစဉ်ထားပြီးကွင်းရဲ့ဝင်ဆန့်ပမာဏရဲ့သုံးပုံတစ်ပုံဖြစ်တဲ့ပရိသတ်၂၅၀၀၀အားဝင်ရောက်ကြည့်ခွင့်ပေးရန်စီစဉ်ထားပါတယ်။

ဒါပေမယ့်ဗြိတိန်အစိုးရကတူရကီသို့ခရီးသွားလာမှုကန့်သတ်လိုက်မှုကြောင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့သွားရောက်ကြည့်ရှုကြမယ့်မန်စီးတီးနှင့်ချဲလ်ဆီးပရိသတ်များမှာပြန်ရောက်လာချိန်တွင်ကွာရန်တင်း၁၀ရက်နေထိုင်ရတော့မှာဖြစ်ပါတယ်။ချဲလ်ဆီးနှင့်မန်စီးတီးတို့ဟာချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက်လက်မှတ်ခွဲတမ်း၄၀၀၀(သို့မဟုတ်)၆၀၀၀ရရှိထားတယ်လို့ယူဆရပါတယ်။

zawgyi





ခနျြပီယံလိဂျဗိုလျလုပှဲကိုအစ်စတန်ဘူလ်ရှိ Ataturk Stadium တွင်ကျင်းပရန်စီစဉ်ထားပြီးကွင်းရဲ့ဝင်ဆန့်ပမာဏရဲ့သုံးပုံတစ်ပုံဖြစ်တဲ့ပရိသတ်၂၅၀၀၀အားဝင်ရောက်ကြည့်ခွင့်ပေးရန်စီစဉ်ထားပါတယ်။
