
လီယွန်နယ်မက်ဆီဟာအာဂျင်တီးနားနှင့်အတူကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးတဲ့နောက်သူ့ရဲ့ဂန္ထဝင်ခရီးစဉ်ရဲ့ပထမဆုံးဆုအဖြစ်ဂုဏ်သိက္ခာမြင့်မားတဲ့ဆုတစ်ဆုထပ်မံဆွတ်ခူးလာနိုင်ခဲ့ပါတယ်။
မက်ဆီဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အာဂျင်တီးနားကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့အပြင် အကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပြင်သစ်ထိပ်သီးသတင်းစာ L’Equipe ကချီးမြှင့်တဲ့နောက်ထပ်ဆုတစ်ဆုဆွတ်ခူးလာပါတယ်။
အသက်၃၅နှစ်ရှိလီယွန်နယ်မက်ဆီဟာကိုင်လီယန်ဘက်ပေး၊မက်စ်ဗာစတက်ပန်၊စတီဖင်ကာရေးတို့ကိုကျော်ဖြတ်ကာ Champions of Champion ဆုကိုဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီစူပါစတားဟာရမှတ်၈၀၈မှတ်ဖြင့်အများဆုံးရရှိပြီးပီအက်စ်ဂျီကစားဖော်ကိုင်လီယန်ဘက်ပေးကိုပြတ်ပြတ်သားသားကျော်ဖြတ်ကာဆွတ်ခူးခဲ့တာပါ။
ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်ဟက်ထရစ်သွင်းယူပြီးနောက်ကမ္ဘာ့ဖလားရွှေဖိနပ်ဆုကိုရရှိခဲ့တဲ့ဘက်ပေးဟာရမှတ်၃၈၁မှတ်ဖြင့်ဒုတိယနေရာမှာရပ်တည်ခဲ့ပြီးရာဖေးလ်နာဒယ်က၂၈၅မှတ်ဖြင့်တတိယနေရာမှာရပ်တည်ခဲ့ပါတယ်။
စက်ဘီးချန်ပီယံရမ်ကိုအီဗီနီပိုရယ်နှင့်ဖော်မြူလာဝမ်းချန်ပီယံဗာစတက်ပန်တို့ကစတုတ္ထနှင့်ပဥ္စမနေရာတို့မှာအသီးသီးရပ်တည်ခဲ့ကြပါတယ်။
မက်ဆီဟာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်အာဂျင်တီးနားမှာအနားယူပြီးနောက်ပီအက်စ်ဂျီနှင့်ပြန်လည်ပူးပေါင်းနေပြီဖြစ်ပါတယ်။
သူဟာဇန်နဝါရီလ၁၂ရက်နေ့တွင်အင်ဂါးနှင့်ရင်ဆိုင်ကစားရမဲ့ လီဂူး၁ ပွဲစဉ်တွင်ပီအက်စ်ဂျီအတွက်စတင်ကစားလာနိုင်ဖို့ရှိနေပါတယ်။
ZawGyi
Champions of Champion ဆုဆြတ္ခူးၿပီး ျပင္သစ္ကို သိမ္းပိုက္လာတဲ့ လီယြန္နယ္မက္ဆီ
လီယြန္နယ္မက္ဆီဟာအာဂ်င္တီးနားႏွင့္အတူကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးတဲ့ေနာက္သူ႔ရဲ႕ဂႏၴဝင္ခရီးစဥ္ရဲ႕ပထမဆုံးဆုအျဖစ္ဂုဏ္သိကၡာျမင့္မားတဲ့ဆုတစ္ဆုထပ္မံဆြတ္ခူးလာႏိုင္ခဲ့ပါတယ္။
မက္ဆီဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အာဂ်င္တီးနားကိုကမာၻ႔ဖလားခ်န္ပီယံျဖစ္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့တဲ့အျပင္ အေကာင္းဆုံးကစားသမားဆုကိုလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။
သူဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ ျပင္သစ္ထိပ္သီးသတင္းစာ L’Equipe ကခ်ီးျမႇင့္တဲ့ေနာက္ထပ္ဆုတစ္ဆုဆြတ္ခူးလာပါတယ္။
အသက္၃၅ႏွစ္ရွိလီယြန္နယ္မက္ဆီဟာကိုင္လီယန္ဘက္ေပး၊မက္စ္ဗာစတက္ပန္၊စတီဖင္ကာေရးတို႔ကိုေက်ာ္ျဖတ္ကာ Champions of Champion ဆုကိုဆြတ္ခူးသြားခဲ့တာျဖစ္ပါတယ္။
ပီအက္စ္ဂ်ီစူပါစတားဟာရမွတ္၈၀၈မွတ္ျဖင့္အမ်ားဆုံးရရွိၿပီးပီအက္စ္ဂ်ီကစားေဖာ္ကိုင္လီယန္ဘက္ေပးကိုျပတ္ျပတ္သားသားေက်ာ္ျဖတ္ကာဆြတ္ခူးခဲ့တာပါ။
ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ဟက္ထရစ္သြင္းယူၿပီးေနာက္ကမာၻ႔ဖလားေ႐ႊဖိနပ္ဆုကိုရရွိခဲ့တဲ့ဘက္ေပးဟာရမွတ္၃၈၁မွတ္ျဖင့္ဒုတိယေနရာမွာရပ္တည္ခဲ့ၿပီးရာေဖးလ္နာဒယ္က၂၈၅မွတ္ျဖင့္တတိယေနရာမွာရပ္တည္ခဲ့ပါတယ္။
စက္ဘီးခ်န္ပီယံရမ္ကိုအီဗီနီပိုရယ္ႏွင့္ေဖာ္ျမဴလာဝမ္းခ်န္ပီယံဗာစတက္ပန္တို႔ကစတုတၳႏွင့္ပၪၥမေနရာတို႔မွာအသီးသီးရပ္တည္ခဲ့ၾကပါတယ္။
မက္ဆီဟာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္အာဂ်င္တီးနားမွာအနားယူၿပီးေနာက္ပီအက္စ္ဂ်ီႏွင့္ျပန္လည္ပူးေပါင္းေနၿပီျဖစ္ပါတယ္။
သူဟာဇန္နဝါရီလ၁၂ရက္ေန႔တြင္အင္ဂါးႏွင့္ရင္ဆိုင္ကစားရမဲ့ လီဂူး၁ ပြဲစဥ္တြင္ပီအက္စ္ဂ်ီအတြက္စတင္ကစားလာႏိုင္ဖို႔ရွိေနပါတယ္။