အပိုဆုကြေးငွေများစွာ ရရှိမယ့် ချဲလ်ဆီးကစားသမားများ

ချဲလ်ဆီးကစားသမားများဟာချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်လျှင်အပိုဆုကြေးငွေများစွာရရှိကြမှာဖြစ်ကြောင်းသိရပါတယ်။

The Daily Mail သတင်းစာရဲ့ဖော်ပြချက်အရချဲလ်ဆီးကစားသမားများဟာချန်ပီယံလိဂ်နှင့်အက်ဖ်အေဖလား နှစ်လုံးစလုံးဆွတ်ခူးနိုင်လျှင်အပိုဆုကြေးငွေပေါင်၁၁သန်းအထိရရှိမှာဖြစ်ကြောင်းသိရပါတယ်။

သောမတ်စ်တူချယ်ဦးဆောင်တဲ့အသင်းဟာကလပ်ကိုချန်ပီယံလိဂ်ဗိုလ်လုပွဲသို့သုံးကြိမ်မြောက်ပို့ဆောင်ပေးထားနိုင်မှုနဲ့အတူအပိုဆုကြေးငွေပေါင်၅သန်းရရှိထားပြီးဖြစ်ကာမေလ၂၉ရက်နေ့အစ္စတန်ဘူလ်ပွဲတွင်ပရီးမီးယားလိဂ်ပြိုင်ဘက်မန်စီးတီးအားအနိုင်ရရှိလျှင်နောက်ထပ်ပေါင်၅သန်းရရှိပါမယ်။

ဒါ့အပြင်ချဲလ်ဆီးကစားသမားများဟာမေလ၁၅ရက်နေ့တွင်လက်စတာနှင့်ကစားရမယ့်အက်ဖ်အေဖလားဗိုလ်လုပွဲတွင်အနိုင်ရဗိုလ်စွဲပါကနောက်ထပ်ပေါင်၁သန်းရရှိပါမယ်။ဒါကြောင့်ချဲလ်ဆီးကစားသမားများဟာချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်လျှင်အပိုဆုကြေးပေါင်၁၀သန်းရရှိမှာဖြစ်လို့တစ်ဦးလျှင်ပေါင်၅သိန်းစီရရှိကြမှာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားဆွတ်ခူးလျှင်ရရှိမယ့်ချဲလ်ဆီးကစားသမားများရဲ့အပိုဆုကြေးငွေပမာဏမှာများပြားသော်လည်းမန်စီးတီးကစားသမားများရရှိမယ့်ဆုကြေးငွေလောက်များပြားခြင်းမရှိပါဘူး။မန်စီးတီးကစားသမားများဟာချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်လျှင်အပိုဆုကြေးငွေပေါင်၁၅သန်းအထိရရှိကြမှာဖြစ်ပါတယ်။

zawgyi







