
သောကြာည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၂ ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး နှင့် ဖူလ်ဟမ်(ည ၂း၃၀)စိုင်းကိုတောင်ကြီး
စံချိန်တင်သုံးစွဲမှုတွေနဲ့ ဇန်နဝါရီကိုသိမ်းပိုက်ခဲ့တဲ့ခြင်္သေ့ပြာတွေဟာပရီးမီးယားလိဂ်မှာတော့အဆင့် ၁၀ နေရာရောက်နေပြီးချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၁၀ မှတ်တောင်ကွာနေပါတယ်။အဲဒီကနောက်ဆုံး ၅ ပွဲမှာလည်းပေါ်တာရဲ့အသင်းဟာ ၁ ပွဲသာနိုင်ခဲ့ပြီးအဲဒီပွဲတွေမှာတစ်ပွဲတစ်ဂိုးထက်ပိုသွင်းနိုင်ခြင်းမရှိလို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရတယ်ဆိုတာထင်ရှားပေါ်လွင်ပါတယ်။
ချဲလ်ဆီးထက် ၂ မှတ်အသာအဆင့် ၇ နေရာမှာရပ်တည်နေတဲ့ဖူလ်ဟမ်ကလည်းပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက်နိုင်ပွဲပျောက်ထားကာမီထရိုဗစ်တို့တိုက်စစ်ကဂိုးသွင်းအားပါကျသွားတာပါ။အစဉ်အလာအရလည်းချဲလ်ဆီးအိမ်ကွင်းဖူလ်ဟမ်နဲ့ နောက်ဆုံးတွေ့ဆုံမှု ၇ ပွဲစလုံးမှာလည်းဂိုးမမျာခဲ့ပါဘူး။စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆက်လက်ဂိုးမိုးခေါင်ဦးမှာပါ။
zawgyi
ဆက္လက္ဂိုးမိုးေခါင္ဦးမယ့္ စတမ္းဖို႔ဒ္ဘရစ္ခ်္
ေသာၾကာည အဂၤလန္ပရီးမီးယားလိဂ္ပြဲစဥ္-၂၂ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ႏွင့္ ဖူလ္ဟမ္(ည ၂း၃၀)စိုင္းကိုေတာင္ႀကီး
စံခ်ိန္တင္သုံးစြဲမႈေတြနဲ႔ ဇန္နဝါရီကို သိမ္းပိုက္ခဲ့တဲ့ ျခေသၤ့ျပာေတြဟာ ပရီးမီးယားလိဂ္မွာေတာ့အဆင့္ ၁၀ ေနရာေရာက္ေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာနဲ႔ ၁၀ မွတ္ေတာင္ကြာေနပါတယ္။အဲဒီက ေနာက္ဆုံး ၅ ပြဲမွာလည္း ေပၚတာရဲ႕အသင္းဟာ ၁ ပြဲသာႏိုင္ခဲ့ၿပီး အဲဒီပြဲေတြမွာ တစ္ပြဲ တစ္ဂိုးထက္ပိုသြင္းႏိုင္ျခင္းမရွိလို႔ ဂိုးရဖို႔ ႐ုန္းကန္ခဲ့ရတယ္ဆိုတာ ထင္ရွားေပၚလြင္ပါတယ္။
ခ်ဲလ္ဆီးထက္ ၂ မွတ္အသာ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနတဲ့ ဖူလ္ဟမ္ကလည္း ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၃ ပြဲဆက္ႏိုင္ပြဲေပ်ာက္ထားကာ မီထ႐ိုဗစ္တို႔တိုက္စစ္က ဂိုးသြင္းအားပါ က်သြားတာပါ။အစဥ္အလာအရလည္း ခ်ဲလ္ဆီးအိမ္ကြင္း ဖူလ္ဟမ္နဲ႔ ေနာက္ဆုံးေတြ႕ဆုံမႈ ၇ ပြဲစလုံးမွာလည္း ဂိုးမမ်ာခဲ့ပါဘူး။စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဆက္လက္ဂိုးမိုးေခါင္ဦးမွာပါ။