ချဲလ်ဆီးကိုရူံးအပြီးရယ်မောနေမှုအပေါ်ဟာဇက်တောင်းပန်

အေဒင်ဟာဇက်ဟာကြားရက်တုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်ချဲလ်ဆီးအားရှုံးနိမ့်ကာချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှထွက်ခွာရပြီးနောက်ကွင်းအတွင်းတွင်ချဲလ်ဆီးကစားသမားဖော်ဟောင်းများနှင့်ရယ်မောနေမှု၊ဖက်လှဲတကင်းရှိနေမှုအတွက်ရီးရဲလ်မက်ဒရစ်ပရိသတ်များကိုတောင်းပန်လာပါတယ်။

အသက်၃၀နှစ်ရှိဟာဇက်ဟာဗုဒ္ဓဟူးနေ့တုန်းကချဲလ်ဆီးကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ကာချန်ပီယံလိဂ်မှထွက်ခွာရပြီးနောက်ရီးရဲလ်မက်ဒရစ်ပရိသတ်များ၊စပိန်မီဒီယာများရဲ့အပြင်းအထန်ဝေဖန်ခြင်းခံခဲ့ရပါတယ်။

ဟာဇက်ဟာ၂၀၁၉ခုနှစ်တွင်ချဲလ်ဆီးမှရီးရဲလ်မက်ဒရစ်သို့ယူရိုသန်း၁၀၀ဖြင့်ပြောင်းရွှေ့ပြီးနောက်ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်လာခဲ့ရသူဖြစ်ပါတယ်။

ဟာဇက်ရဲ့စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်အပြီးအပြုအမူများကြောင့်ရီးရဲလ်မက်ဒရစ်ဟာလာမယ့်နွေရာသီတွင်သူ့ကိုရောင်းချရန်စီစဉ်နေကြောင်းစပိန်မီဒီယာများကရေးသားနေပါတယ်။ယခုအခါဟာဇက်ဟာချဲလ်ဆီးပွဲစဉ်မှဖြစ်ရပ်နှင့်ပတ်သက်ပြီးရီးရဲလ်မက်ဒရစ်ပရိသတ်များကိုတောင်းပန်မှုပြုလုပ်လာခဲ့ပါတယ်။

ဟာဇက်က၎င်းမှာရီးရဲလ်မက်ဒရစ်ပရိသတ်များကိုထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မရှိကြောင်း၊ရီးရဲလ်မက်ဒရစ်မှာသူကစားဖို့အမြဲအိပ်မက်မက်လာခဲ့တဲ့အသင်းဖြစ်ကြောင်းအင်စတာဂရမ်တွင်ရေးသားကာတောင်းပန်လာပါတယ်။

 

zawgyi

ခ်ဲလ္ဆီးကို႐ူံးပြဲအၿပီးကစားသမားမ်ားႏွင့္ ရယ္ေမာေနမႈအေပၚ ဟာဇက္ေတာင္းပန္လာ

ေအဒင္ဟာဇက္ဟာၾကားရက္တုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ခ်ဲလ္ဆီးအားရႈံးနိမ့္ကာခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွထြက္ခြာရၿပီးေနာက္ကြင္းအတြင္းတြင္ခ်ဲလ္ဆီးကစားသမားေဖာ္ေဟာင္းမ်ားႏွင့္ရယ္ေမာေနမႈ၊ဖက္လွဲတကင္းရွိေနမႈအတြက္ရီးရဲလ္မက္ဒရစ္ပရိသတ္မ်ားကိုေတာင္းပန္လာပါတယ္။

အသက္၃၀ႏွစ္ရွိဟာဇက္ဟာဗုဒၶဟူးေန႔တုန္းကခ်ဲလ္ဆီးကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ကာခ်န္ပီယံလိဂ္မွထြက္ခြာရၿပီးေနာက္ရီးရဲလ္မက္ဒရစ္ပရိသတ္မ်ား၊စပိန္မီဒီယာမ်ားရဲ႕အျပင္းအထန္ေဝဖန္ျခင္းခံခဲ့ရပါတယ္။

ဟာဇက္ဟာ၂၀၁၉ခုႏွစ္တြင္ခ်ဲလ္ဆီးမွရီးရဲလ္မက္ဒရစ္သို႔ယူ႐ိုသန္း၁၀၀ျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႏွင့္ရင္ဆိုင္လာခဲ့ရသူျဖစ္ပါတယ္။

ဟာဇက္ရဲ႕စတမ္းဖို႔ဒ္ဘရစ္ခ်္ပြဲစဥ္အၿပီးအျပဳအမူမ်ားေၾကာင့္ရီးရဲလ္မက္ဒရစ္ဟာလာမယ့္ေႏြရာသီတြင္သူ႔ကိုေရာင္းခ်ရန္စီစဥ္ေနေၾကာင္းစပိန္မီဒီယာမ်ားကေရးသားေနပါတယ္။

ယခုအခါဟာဇက္ဟာခ်ဲလ္ဆီးပြဲစဥ္မွျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးရီးရဲလ္မက္ဒရစ္ပရိသတ္မ်ားကိုေတာင္းပန္မႈျပဳလုပ္လာခဲ့ပါတယ္။

ဟာဇက္က၎မွာရီးရဲလ္မက္ဒရစ္ပရိသတ္မ်ားကိုထိခိုက္ေစလိုတဲ့ရည္႐ြယ္ခ်က္မရွိေၾကာင္း၊ရီးရဲလ္မက္ဒရစ္မွာသူကစားဖို႔အၿမဲအိပ္မက္မက္လာခဲ့တဲ့အသင္းျဖစ္ေၾကာင္းအင္စတာဂရမ္တြင္ေရးသားကာေတာင္းပန္လာပါတယ္။