အခုပွဲမှာလည်း ဂိုးလုံးဝမပေါ်နိုင်

အင်္ဂါည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၇ ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး နှင့် လက်စတာ (ည ၁း၄၅)(အိုဇုန်း)

ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှ အက်ဖ်အေဗိုလ်လုပွဲအဖြစ် ရင်ဆိုင်ခဲ့ကြပြီး လက်စတာက ၁-ဝဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားတယ်။အခုပွဲက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အဆုံးအဖြတ်ပွဲလိုဖြစ်နေတာကြောင့် အကြိတ်အနယ်ရှိဦးမှာပါ။

အမှတ်ပိုသာထားတဲ့ လက်စတာ ခံစစ်ဦးစားပေးလာနိုင်ပြီး ချဲလ်ဆီးကလည်း သူတို့ထုံးစံအတိုင်း ခံစစ်ဆင်မှာပါ။ချဲလ်ဆီးရဲ့အိမ်ကွင်းနောက်ဆုံး ၇ပွဲဆက်တိုက် ဂိုးတွေနည်းခဲ့ရလို့ ဒီပွဲကလည်း ဂိုးနည်းမယ်လို့ယူဆမိတယ်။

တွေ့ခဲ့တဲ့ နောက်ဆုံး ၉ပွဲမှာ ဂိုးပေါ်အောင်တာ ရှားရှားပါးပါး တစ်ပွဲသာရှိခဲ့တဲ့ အစဉ်အလာအတိုင်း အခုပွဲမှာလည်း ဂိုးလုံးဝမပေါ်နိုင်ဘူး။

zawgyi




