သောမတ်စ်တူချယ်ညဟာအလှကြည့်ရုံမဟုတ်ခဲ့ဘူး

သောမတ်စ်တူချယ်ညဟာအလှကြည့်ရုံမဟုတ်ခဲ့ဘူး

Nကြယ်မင်း၊ဟန်စိုးသွေး၊မင်းနဒီ(change)

Play Maker 3D

Chelsea – Crystal Palace

Chelsea 2+85

ရာသီသစ်ပြီ။ အရင်လို နှင်းဆီဆူးတွေ၊ အရင်လိုမိုးတိမ်တွေ၊ အရင်လို အော်သံတွေ၊ အရင်လိုအာရုံဦးမှာထကြည့်ရသော အောင်စာရင်းတွေ၊အရင်လို ခိုလှုံရာတပ်ဖွဲ့အသစ်တွေ၊ အရင်လိုရာဇဝင်သက်တံတွေ ဟုတ်ကြသေးရဲ့လား..။ကျွန်တော်တို့အိပ်မက်ရဲ့ ကိုယ်နေခါးကျတွေဘယ်အထိပြောင်းလဲသွားပြီလားမဆိုနိုင်ပါ။ မိမိကိုယ်ကိုယ်သော်လည်းကောင်း၊ သူတစ်ပါးနှင့်အခြားဂြိုဟ်ကမ္ဘာများကိုသော်လည်းကောင်းကျေနပ်မှုမရှိ။ ဘဝမှာထိစမ်းနေမိသေးသော ဘယ်လိုနာရီ၊ မိနစ်၊ စက္ကန့်ကိုမဆို ရိုက်ချိုးချင်နေမိသည့် အလိုမပြည့်နိုင်စွာ ရှင်သန်နေရပုံများ။

သို့သော် အဲ့ဒါတွေအားလုံး အလုံပိတ်အခန်းတစ်ခုထဲထည့်ပြီး ဖောက်ခွဲပစ်လိုက်တော့ရော ပြီးသွားမှာတဲ့လား..။ ဘာနေနေပါ၊ ဘောလုံးပွဲလေးတော့ကြည့်ပါရစေဦး။ မျှော်လင့်ချက်ရေနွေးအိုးလေးတော့ တည်ပါရစေဦးပေါ့။ ပြီးတော့ ချစ်ခင်ကြတဲ့အားလုံးမိတ်ဆွေတွေရဲ့ 3Dလေးတော့ဖတ်ပါရစေဦးပေါ့။ ကျွန်တော်တို့ရာသီသစ်စင်တော်ဖွင့်3Dကိုချဲလ်ဆီး – ခရစ္စတယ်ပဲလေ့စ်ပွဲနဲ့ စလိုက်ကြရအောင် ပါခင်ဗျား..

Nကြယ်မင်း

ဒီရာသီ ချန်ပီယံပြိုင်ဘက်တွေထဲ ဒင်းတို့ပဲလို့ထင်စရာသိပ်များများရှိမနေပါဘူး။ မန်စီးတီးကသရဖူကာကွယ်နိုင်လိမ့်မယ်။ ဟာရီကိန်းသာတကယ်ရောက်လာသောနှစ်များဖြစ်ခဲ့ရင် သူတို့ကိုတားဆီးဖို့ သိပ်ပြီးခက်ခဲသွားလိမ့်မယ်။ လီဗာပူးရဲ့ လိုအပ်တာထက်တည်ငြိမ်နေမှုက သူတို့ဆီဘယ်လိုသက်ရောက်စကားကိုမဆို ထုတ်ဖော်ပြသဖို့ခက်ခဲနိုင်ပါတယ်။ မန်ယူဟာ ဖာဂူဆန်အလွန်ဆိုတဲ့စိတ္တဇကိုအဆုံးစီရင်နိုင်သင့်တဲ့နှစ်ဖြစ်လာပါတယ်။

ဒါ့ထက်ပိုပြီးဆယ်စုနှစ်တစ်ခုအတွင်းစဉ်ဆက်မပြတ်စီးဆင်းနိုင်ခဲ့မှု၊ သောမတ်စ်တူချယ်နဲ့အတူကာလတိုတစ်ခုအတွင်း ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့မှု၊ တည်ဆောက်ပြီးသားလူစာရင်းထဲ လူကာကူကိုချိန်သားကိုက်ထည့်သွင်းနိုင်မှုတွေကြောင့် ဒီရာသီတစ်ခုလုံး သူတို့ကိုပိုပြီးသတိထားရပါတော့မယ်။ပြီးတော့နှစ်ဘက်သဘောတူစာချုပ်တွေပွဲစဉ်တော်တော်များများမှာ ချုပ်ဆိုနိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားရပါတော့မယ်။ရာသီကြိုခြေစမ်းပွဲတွေမှာ အာဆင်နယ်ကိုနိုင်၊ စပါးကို သရေကစားခဲ့တယ်။ ပြီးတော့ဥရောပအိမ်ရှေ့စံအူနိုင်းအမ်းမရီကိုကျော်လွှားပြီး Super Cup ကိုရယူတယ်။ အဲ့ဒီချဲလ်ဆီးတွေခရစ္စတယ်ပဲလေ့စ်ကိုဘယ်လိုကစားမှာလဲ။ လင်းယုန်တွေဟာ အဖိုးကြီးရွိုင်းဟော့ဆန်လက်ထဲကရုန်းထွက်ပျံသန်းပြီးအာဆင်နယ်ဝိဉာဉ်ဖြစ်ခဲ့ဖူးတဲ့ဗီအဲရာဆီခိုနားခဲ့ပါတယ်။

အဲ့ဒီပေါင်းစပ်မှုအတွက်ပထမဆုံးဖြစ်ပေါ်လာတဲ့ဂယက်အနက်တစ်ခုကတော့ထုတ်ပယ်ခံရဖို့ရေပန်းအစားဆုံးနည်းပြစာရင်းထဲ ဗီအဲရာကဒုတိယနေရာရောက်လာတာပဲဖြစ်ပါတယ်။ အဲ့ဒါကချဲ့ကားထားတဲ့မှောက်မှားမှုတစ်ခုတော့မဟုတ်ပါဘူး။ပဲလေ့စ်လက်ရှိလူစာရင်း၊ ဗီအဲရာရဲ့မရောက်မရှိနည်းပြသက်တမ်းတွေကြောင့် ဒီရေပန်းစားမှုကိုသဘောတူရပါလိမ့်မယ်။ ချဲလ်ဆီးဟာ ဒီပွဲပြီးရင် အာဆင်နယ်၊ လီဗာပူးတို့နဲ့ဆက်တိုက်ကစားရမှာကြောင့် လက်ရှိရနေတဲ့ယုံကြည်မှုအလံတော်ကို နည်းနည်းလေးမှ လေတိုက်ခံမယ်မဟုတ်ပါဘူး။ ဒါဟာချဲလ်ဆီးရဲ့ပွဲဖြစ်ပါတယ်။ ကျွန်တော် အဲ့ဒီလိုခိုင်မာပါတယ်။

ဟန်စိုးသွေး

ချဲလ်ဆီးဟာမနှစ်ကအဆင့်၄နေရာနဲ့ရာသီသိမ်းနိုင်ခဲ့တယ်။ချန်ပီယံဆုကိုစိန်ခေါ်နိုင်စွမ်းမရှိခဲ့ဘဲအဆင့်၄နေရာရအောင်တောင်နောက်ဆုံးရာသီသိမ်းချိန်ထိကြိုးစားခဲ့ရတာဖြစ်တယ်။မနှစ်ကချဲလ်ဆီးရဲ့အားနည်းချက်ကတော့တိုက်စစ်ပါပဲ။၃၆ဂိုးသာပေးခဲ့ရတဲ့ခံစစ်ကမန်စီးတီးပြီးရင်ပေးဂိုးအနည်းဆုံးဖြစ်ခဲ့ပေမယ့် ၅၈ဂိုးသာသွင်းနိုင်ခဲ့တဲ့တိုက်စစ်ကတော့အဆင့်၁ ကနေ၇အတွင်းအညံ့ဆုံးတိုက်စစ်ဖြစ်ခဲ့တယ်။

ဒါကြောင့်ချဲလ်ဆီးဟာဒီရာသီမှာကြီးကြီးမားမားခေါ်ယူမှုသိပ်မလုပ်ခဲ့ပေမယ့်မနှစ်ကအားနည်းခဲ့တဲ့တိုက်စစ်ကိုမြှင့်တင်နိုင်ဖို့ လူကာကူ ကိုဝယ်ယူအားဖြည့်ခဲ့တယ်။ရှေ့လယ်နောက်ကစားသမားကောင်းများစွာရှိနေတဲ့ချဲလ်ဆီးအသင်းဆီ လူကာကူ ရောက်လာလို့မနှစ်ကထက်တိုက်စစ်စွမ်းဆောင်ရည်ပိုကောင်းလာလိမ့်မယ်လို့ယူဆရတယ်။ပဲလေ့စ်ကတော့မနှစ်ကအဆင့်၁၄နေရာနဲ့ရာသီသိမ်းခဲ့တယ်။ရာသီတလျှောက်လုံးနိုင်ပွဲထက်သရေနဲ့ရှုံးပွဲပိုများခဲ့တဲ့ပဲလေ့စ်ဟာဒီရာသီမှာငွေသိပ်မသုံးထားတာမို့မနှစ်ကလူစာရင်းအများစုနဲ့ပဲဒီနှစ်ခရီးလမ်းကိုဖြတ်သန်းလိမ့်မယ်။

ပဲလေ့စ်ရဲ့ထူးခြားချက်က ခြေရည်တူအသင်းတွေနဲ့ရင်ဆိုင်တဲ့ပွဲတွေမှာ ရလဒ်တွေညံ့ဖျင်းတတ်ပေမယ့်အသင်းကြီးတွေနဲ့တွေ့ရင်ခံကန်အားကောင်းတတ်ပြီးမထင်မှတ်ထားတဲ့ရလဒ်တွေထွက်လာတတ်တယ်။ဒီပွဲမှာချဲလ်ဆီးက၂ဂိုး၈၀နိုင်ဆိုပြီးအကျောပေးထားတယ်။မနှစ်က အိမ်ကွင်းမှာ ၄-ဝအဝေးကွင်းမှာ ၁-၄နဲ့ နှစ်ကြော့စလုံးအပြတ်အသတ်နိုင်ခဲ့တဲ့ချဲလ်ဆီးဟာ ဒီထက်ပိုအကျောပေးသင့်တာကတော့အမှန်ပါပဲ။ပဲလေ့စ်ဟာခံကန်အားမနိမ့်သလို ဇဟာမာတီနာ အယူး တို့ရဲ့တန်ပြန်တိုက်စစ်ကလည်းမညံ့တာမို့ချဲလ်ဆီးကိုအခက်တွေ့အောင်လုပ်နိုင်လိမ့်မယ်လို့ယူဆရတယ်။ချဲလ်ဆီးနိုင်ချေများလွန်းပေမယ့်ဂိုးပြတ်အနိုင်ရဖို့တော့မလွယ်လောက်တာမို့၁ဂိုးနဲ့ကပ်ရှုံးရင်တောင်အပြည့်ပျော်ခွင့်ရဦးမယ့်ဧည့်သည်ပဲလေ့စ်ကိုသာအရဲစွန့်ရွေးချယ်လိုက်သင့်ပါတယ်။


မင်းနဒီ(change)

လူကာကူကြောင့် တောင့်တင်းသွားတဲ့ ချဲလ်ဆီးတိုက်စစ် ဂိုးပြတ်သွားမယ်လို့ ယုံကြည်တယ်

ချဲလ်ဆီးက တိုက်စစ်အတွက် လူကာကူကို ပြန်လည်ခေါ်ယူနိုင်ခဲ့တာကို တော်တော်အားရမိတယ်။ လူကာကူဟာ ချဲလ်ဆီးတိုက်စစ်အတွက် လိုအပ်တဲ့ ခေါ်ယူမှုလည်းဖြစ်တယ်။ ဗာနာ၊ အီဘရာဟင်တို့နဲ့ ရုန်းကန်နေရတဲ့ တိုက်စစ်ထက်စာရင် လူကာကူက သူ့ရဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံတွေနဲ့ ရင့်ကျက်မှုအားကောင်းလာတဲ့ အတွေ့အကြုံတွေကြောင့် ချဲလ်ဆီးတိုက်စစ်ကို အကောင်းဆုံးဦးဆောင်ပေးနိုင်မယ်လို့ ယုံကြည်မိတယ်။

ကွင်းလယ်ပိုင်းမှာတော့ ပြီးခဲ့တဲ့ရာသီက အထိုင်ကျနှင့်ပြီးသားဖြစ်တဲ့ ဂျော်ဂျင်ဟို၊ ကန်တေတို့အတွဲက ယုံကြည်မှုတွေပိုမိုအားကောင်းလာလိမ့်မယ်လို့ ယုံကြည်တယ်။ အထူးသဖြင့် အီတလီလက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၂၀ ချန်ပီယံဖြစ်ခဲ့တဲ့ ဂျော်ဂျင်ဟိုက ချဲလ်ဆီးကွင်းလယ်မောင်းနှင့်အားအတွက် လုံးဝသံသယမရှိအောင် ထိန်းကျောင်းပေးနိုင်မယ်လို့ ယုံကြည်တယ်။ တိုက်စစ်အတွက် ဇီယက်ချ် ဒဏ်ရာရသွားတာက နှမြောစရာကောင်းပေမယ့် ပူလီဆစ်၊ မေဆန်မောင့် တို့ကြောင့် လုပ်အားနှုန်းလျှော့ကျသွားမယ်မထင်ဘူး။

ဥရောပ စူပါဖလားပွဲမှာလည်း အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေကို အနားပေးခဲ့တာကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်အတွက် အားအင်ပြည့်ဝနေမယ်လို့ ယုံကြည်ထားတယ်။ ခံစစ်ပိုင်းကိုကြည့်မယ်ဆိုရင်လည်း သီယာဂိုဆေးလ်ဗား၊ ရူဒီဂါ၊ ဘန်ချီးဝဲလ်၊ အီမာဆန်၊ အက်စ်ပလီကူတာတို့နဲ့ လူစုံနေတာကြောင့် ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးခံစစ်ပုံစံအတိုင်း နည်းနည်းမှလျှော့သွားမယ်မထင်ဘူး။

ခရစ္စတယ်ပဲလေ့စ်က အာဆင်နယ်ကွင်းလယ်လူဟောင်း ဗီအဲရာကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပြီး ခံစစ်ပိုင်းကို အန်ဒါဆန်၊ ဂူဟီတို့နဲ့ အားဖြည့်ခဲ့ပြီး ထွက်ခွာသွားတဲ့ ဂိုးသမား ဟန်နက်ဆီရဲ့နေရာကို စတုတ်စီးတီးရဲ့ ဂျက်ဘတ်လန်းနဲ့ အစားထိုးနိုင်ခဲ့တယ်။ ဗီအဲရာလက်ထက် ခြေစွမ်းပွဲတွေမှာလည်း အတိုင်းအတာတစ်ခုအထိ ရလဒ်တွေကောင်းခဲ့တာကိုတွေ့ရတယ်။ ဗီအဲရာက အသင်းကို တိုက်စစ်ဦးစားပေးပုံစံနဲ့ ပြင်ဆင်လာတာကလည်း အတော်လေးအားရစရာကောင်းနေပါတယ်။ ဒါပေမယ့် ခြေစွမ်းပွဲတွေမှာ အသင်းရဲ့ ခံစစ်ပိုင်းက ဂိုးတွေပေးခဲ့ရပြီး လိုအပ်ချက်ရှိနေသေးတာကိုတော့ ဗီအဲရာ အချိန်ယူပြင်ဆင်ရမယ့် သဘောမျိုးတွေ့ရတယ်။

ချဲလ်ဆီးရဲ့ တိုက်စစ်က လူကာကူကြောင့် သိသိသာသာပြောင်းလဲသွားဖို့ရှိနေပါတယ်။ လူကာကူက ပရီးမီးယားလိဂ် အထာကို ကောင်းကောင်းသိနေသူတစ်ယောက်ဖြစ်တာကြောင့် ပြီးခဲ့တဲ့ရာသီမှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရတဲ့ ပုံစံမျိုးကနေ သိသိသာသာ ကွဲထွက်သွားလိမ့်မယ်လို့ ယုံကြည်တယ်။ ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ကန်တေအတွဲကလည်းခရစ္စတယ်ပဲလေ့ကွင်းလယ်လောက်ကို ကောင်းကောင်းလွှမ်းမိုးနိုင်စွမ်းရှိနေမှာ သေချာတယ်။

ဗီအဲရာအနေနဲ့ တိုက်စစ်ဦးစားပေးပုံစံနဲ့ ချဉ်းကပ်လာနိုင်ပေမယ့် အသင်းရဲ့ ခံစစ်ပိုင်းမှာ လိုအပ်ချက်လေးတွေရှိနေသေးတာကို အချိန်ယူပြုပြင်ရမယ့် လိုအပ်ချက်တွေရှိနေတယ်။ ချဲလ်ဆီးက 2+85 ပေးထားတဲ့ ကြေးကလည်း ပြီးခဲ့တဲ့ရာသီကအိမ်ကွင်းမှာ 1-70 ပေးခဲ့တဲ့ ကြေးထက်သိသိသာသာကို ပြင်းရှနေခဲ့တယ်။ ခရစ္စတယ်ပဲလေ့စ်ရဲ့ခံစစ်မှာအားနည်းချက်တွေရှိနေပြီး လူကာကူကြောင့်တောင့်တင်းသွားတဲ့ချဲလ်ဆီးတိုက်စစ်ကို တားဆီးနိုင်ဖို့ မလွယ်ဘူးလို့ သုံးသပ်မိတာကြောင့် ချဲလ်ဆီးနဲ့ နေထိုင်စွန့်စားချင်မိတယ်။

ဒီတစ်ပတ် 3D

ပထမဆုံးရက်သတ္တပတ်မှာ သုံးယောက်တစ်သံတော့ဖြစ်မလာပါဘူး။ ဆရာဟန်စိုးသွေးကချဲလ်ဆီးသံသယမှာတစ်ပတ်စာအပင်ငယ်စိုက်ထားဆဲဖြစ်ပြီး ဆရာကြယ်တို့နှစ်ယောက်ကအပေါ်အသင်းနဲ့ပဲစတင်လိုက်ပါတယ်။ ဒီတော့လည်း နှစ်ယောက်တစ်ယောက်မှာ နှစ်ယောက်ရဲ့အားကို အတည်ပြုမြဲ3D မူအတိုင်း ချဲလ်ဆီးကိုရွေးချယ်လိုက်ရပါတယ်။သောမတ်စ်တူချယ်ညဟာ အလှကြည့်ရုံမဟုတ်ခဲ့ဘူးပါတဲ့ပရိသတ်ကြီး..