တူချယ်ပြသမယ့် ခံစစ်အနုပညာ
ဗုဒ္ဓဟူးည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး နှင့် ရီးရဲလ် (ည ၁း၃၀)(စိုင်းကို-တောင်ကြီး)
ရီးရဲလ်ကွင်းမှာကစားတဲ့ပထမအကျော့တုန်းကတစ်ဂိုးစီသရေကျပြီး ပြီးဆုံးခဲ့ရတယ်။ဒါဟာနှစ်သင်းစလုံးအတွက်ခံစစ်ကြောင်းဆက်တိုက်လုံခြုံခဲ့ပြီးမှဂိုးစပေးလိုက်ရခြင်းပါပဲ။
ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ ကြိုတင်မျှော်လင့်ခဲ့ကြတဲ့အတိုင်းဂိုးပေါင်းအောက်တော့အောင်ခဲ့တယ်မဟုတ်ပါလား။အခုပွဲမှာချဲလ်ဆီးအနေနဲ့ဂိုးမရှိသရေကစားနိုင်ရင်ဗိုလ်လုပွဲတက်လှမ်းနိုင်မှာဖြစ်လို့ ပွဲစတယ်ဆိုကတည်းကခံစစ်ဦးစားပေးယှဉ်ပြိုင်လာမှာပါ။
နည်းပြတူချယ်ဟာလည်းခံစစ်ဘုရင်တစ်ပါးဖြစ်တယ်ဆိုတာကို ချဲလ်ဆီးနဲ့အတူပြသနေနိုင်သူဖြစ်တယ်။ဒါကြောင့်ရီးရဲလ်အသင်းဘယ်လိုပဲတိုက်စစ်ဆင်ဆင်ဘင်ဇီမာ၊ ဂျူနီယာတို့ ရုန်းကန်ရပြီးဂိုးရဖို့ရုန်းကန်ရပါလိမ့်မယ်။
ဒီပွဲရဲ့ဂိုးပေါင်းစျေးက၂ဂိုးဆိုရင်တစ်ဝက်နီးပါးရူံး ဖြစ်နေတယ်။တူချယ်ပြသမယ့်ခံစစ်အနုပညာကြောင့် ပထမအကျော့တုန်းကအတိုင်းဂိုးပေါင်းအောက်ပဲ အောင်သွားမှာပါ။
zawgyi