တီမိုဝါနာအတွက်ထူးခြားတဲ့ပရိသတ်သစ်တစ်ဦးကဘယ်သူလဲ

တီမိုဝါနာဟာရီးရဲလ်မက်ဒရစ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာပရိသတ်သစ်တစ်ဦးရရှိလာခဲ့ပါတယ်။ဂျာမနီတိုက်စစ်မှူးတီမိုဝါနာရဲ့ပရိသတ်သစ်ကတော့ချဲလ်ဆီးကစားဖော်တီယာဂိုဆေးလ်ဗားရဲ့ဇနီးသည်ဖြစ်ပါတယ်။

တီယာဂိုဆေးလ်ဗားရဲ့ဇနီးသည်ဟာပြီးခဲ့တဲ့အပတ်တုန်းကစပိန်မှာရီးရဲလ်မက်ဒရစ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာတီမိုဝါနာကိုအပြင်းအထန်ဝေဖန်မှုပြုလုပ်ခဲ့ပြီးနောက်တစ်ပတ်အကြာမှာချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ပြီးနောက်ချီးကျူးမှုပြုလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။

တီမိုဝါနာဟာ၂၀၁၂ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်ချဲလ်ဆီးအသင်းချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့တဲ့ပွဲမှာချဲလ်ဆီးအတွက်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ယင်းသို့တီမိုဝါနာကချဲလ်ဆီးအတွက်ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပြီးနောက်ဆေးလ်ဗားရဲ့ဇနီးဘယ်လီက “ဒါကကျွန်မပြောနေပါတယ်။ဂိုးတစ်ဂိုးကိုဘယ်လိုသွင်းရမလဲရှင်သိပါတယ်။ရှင်ကအကောင်းဆုံးပါသူငယ်ချင်း”ဆိုပြီးဆိုရှယ်မီဒီယာမှာတင်သွားပါတယ်။ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာချဲလ်ဆီးအတွက်ဒုတိယအနိုင်ဂိုးကိုမေဆင်မောင့်ကသွင်းယူခဲ့တာဖြစ်ပါတယ်။

တီမိုဝါနာဟာပြီးခဲ့တဲ့အပတ်တုန်းကစပိန်မှာရီးရဲလ်မက်ဒရစ်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲမှာတုန်းကပထမပိုင်းမှာလေးကိုက်အကွာမှာအပိုင်ဂိုးအခွင့်အရေးကိုဖြုန်းတီးပစ်ခဲ့ပါတယ်။ဒါကြောင့်လည်းဆေးလ်ဗားရဲ့ဇနီးသည်ဘယ်လီကဂျာမနီတိုက်စစ်မှူးကိုဝေဖန်မှုပြုလုပ်ခဲ့တာပါ။

ချဲလ်ဆီးဟာချန်ပီယံလိဂ်ဗိုလ်လုပွဲမှာပရီးမီးယားလိဂ်ပြိုင်ဘက်မန်စီးတီးအသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုမေလ၂၉ရက်နေ့မှာကစားသွားပါမယ်။

 

zawgyi

တီမိုဝါနာအတြက္ထူးျခားတဲ့ပရိသတ္သစ္တစ္ဦးကဘယ္သူလဲ

တီမိုဝါနာဟာရီးရဲလ္မက္ဒရစ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပြဲစဥ္မွာပရိသတ္သစ္တစ္ဦးရရွိလာခဲ့ပါတယ္။ဂ်ာမနီတိုက္စစ္မႉးတီမိုဝါနာရဲ႕ပရိသတ္သစ္ကေတာ့ခ်ဲလ္ဆီးကစားေဖာ္တီယာဂိုေဆးလ္ဗားရဲ႕ဇနီးသည္ျဖစ္ပါတယ္။

တီယာဂိုေဆးလ္ဗားရဲ႕ဇနီးသည္ဟာၿပီးခဲ့တဲ့အပတ္တုန္းကစပိန္မွာရီးရဲလ္မက္ဒရစ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာတီမိုဝါနာကိုအျပင္းအထန္ေဝဖန္မႈျပဳလုပ္ခဲ့ၿပီးေနာက္တစ္ပတ္အၾကာမွာခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ၿပီးေနာက္ခ်ီးက်ဴးမႈျပဳလုပ္လာခဲ့တာလည္းျဖစ္ပါတယ္။

တီမိုဝါနာဟာ၂၀၁၂ခုႏွစ္ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ခ်ဲလ္ဆီးအသင္းခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့တဲ့ပြဲမွာခ်ဲလ္ဆီးအတြက္ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ယင္းသို႔တီမိုဝါနာကခ်ဲလ္ဆီးအတြက္ဦးေဆာင္ဂိုးကိုသြင္းယူခဲ့ၿပီးေနာက္ေဆးလ္ဗားရဲ႕ဇနီးဘယ္လီက “ဒါကကြၽန္မေျပာေနပါတယ္။ဂိုးတစ္ဂိုးကိုဘယ္လိုသြင္းရမလဲရွင္သိပါတယ္။ရွင္ကအေကာင္းဆုံးပါသူငယ္ခ်င္း”ဆိုၿပီးဆိုရွယ္မီဒီယာမွာတင္သြားပါတယ္။ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပြဲစဥ္မွာခ်ဲလ္ဆီးအတြက္ဒုတိယအႏိုင္ဂိုးကိုေမဆင္ေမာင့္ကသြင္းယူခဲ့တာျဖစ္ပါတယ္။

တီမိုဝါနာဟာၿပီးခဲ့တဲ့အပတ္တုန္းကစပိန္မွာရီးရဲလ္မက္ဒရစ္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲမွာတုန္းကပထမပိုင္းမွာေလးကိုက္အကြာမွာအပိုင္ဂိုးအခြင့္အေရးကိုျဖဳန္းတီးပစ္ခဲ့ပါတယ္။ဒါေၾကာင့္လည္းေဆးလ္ဗားရဲ႕ဇနီးသည္ဘယ္လီကဂ်ာမနီတိုက္စစ္မႉးကိုေဝဖန္မႈျပဳလုပ္ခဲ့တာပါ။

ခ်ဲလ္ဆီးဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာပရီးမီးယားလိဂ္ၿပိဳင္ဘက္မန္စီးတီးအသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုေမလ၂၉ရက္ေန႔မွာကစားသြားပါမယ္။