ဗိုလ်လုပွဲတွင် ဘင်ချဲလ်ဝဲလ်ရဲ့ချေပဂိုးကို VAR အငြင်းပွားဖွယ်ငြင်းပယ်ခဲ့

ချဲလ်ဆီးဟာစနေနေ့တုန်းကအက်ဖ်အေဖလားဗိုလ်လုပွဲမှာVAR ကမီလီမီတာမျှသာလူကျွံနေမှုအားလူကျွံဘောအဖြစ်သတ်မှတ်ခဲ့မှုကြောင့်အဖိုးတန်ချေပဂိုးနှင့်လွဲခဲ့ရကာရှုံးနိမ့်ခဲ့ရပါတယ်။

ဝင်ဘာလေမှာကစားတဲ့အက်ဖ်အေဖလားဗိုလ်လုပွဲမှာလက်စတာဟာယူရီတေလီမန်းရဲ့အမိုက်စားဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။တကယ်လို့ယူရီတေလီမန်းကလက်စတာအတွက်ဂိုးမသွင်းမီကစားကွက်တည်ဆောက်ရာမှာအေယိုဇီပီရက်ဇ်လက်ထိဘောဖြစ်ခဲ့ပါတယ်။ဒါပေမယ့်VARဖြင့်စစ်ဆေးမှုမပြုလုပ်ခဲ့တာကြောင့်လက်စတာတို့ဂိုးရခဲ့ပါတယ်။

နောက်တော့ပွဲပြီးခါနီးပွဲချိန်၈၈အချိန်မှာချဲလ်ဆီးဟာဘင်ချဲလ်ဝဲလ်ရဲ့ဂိုးနဲ့ချေပဂိုးရခဲ့ပါတယ်။လက်စတာကစားသမားဟောင်းဘင်ချဲလ်ဝဲလ်ဟာနောက်ခံလူတီယာဂိုဆေးလ်ဗားတင်ပေးလိုက်တဲ့ဘောလုံးမှတဆင့်ဧရိယာထဲတိုးဝင်ခဲ့ပြီးဖြတ်တင်ခဲ့ပါတယ်။

လက်စတာရဲ့ကာဂလာဆိုယန်ကူကရှင်းထုတ်ခဲ့ပေမယ့်လည်းဘင်ရှဲလ်ဝဲလ်နဲ့ထိကာဂိုးဝင်သွားခဲ့ပါတယ်။

ဘင်ချဲလ်ဝဲလ်၊ချဲလ်ဆီးကစားသမားများနှင့်ချဲလ်ဆီးပရိသတ်များဟာပွဲပြီးခါနီးချေပဂိုးရရှိခဲ့မှုကြောင့်အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

ဒါပေမယ့်လည်းVARကယင်းဂိုးကိုပြန်လည်စစ်ဆေးတဲ့အခါဘင်ချဲလ်ဆီးဟာမီလီမီတာခန့်မျှလူကျွံနေတယ်ဆိုပြီးဂိုးအဖြစ်ခွင့်မပြုခဲ့ပါဘူး။

ယင်းသို့ဂိုးအဖြစ်ခွင့်မပြုခဲ့မှုနဲ့အတူလက်စတာကချဲလ်ဆီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိသွားခဲ့ပြီးကလပ်သမိုင်းတစ်လျှောက်ပထမဆုံးအက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

zawgyi

ဗိုလ္လုပြဲတြင္ ဘင္ခ်ဲလ္ဝဲလ္ရဲ႕ေခ်ပဂိုးကို VAR အျငင္းပြားဖြယ္ျငင္းပယ္ခဲ့

ခ်ဲလ္ဆီးဟာစေနေန႔တုန္းကအက္ဖ္ေအဖလားဗိုလ္လုပြဲမွာVAR ကမီလီမီတာမွ်သာလူကြၽံေနမႈအားလူကြၽံေဘာအျဖစ္သတ္မွတ္ခဲ့မႈေၾကာင့္အဖိုးတန္ေခ်ပဂိုးႏွင့္လြဲခဲ့ရကာရႈံးနိမ့္ခဲ့ရပါတယ္။

ဝင္ဘာေလမွာကစားတဲ့အက္ဖ္ေအဖလားဗိုလ္လုပြဲမွာလက္စတာဟာယူရီေတလီမန္းရဲ႕အမိုက္စားဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။တကယ္လို႔ယူရီေတလီမန္းကလက္စတာအတြက္ဂိုးမသြင္းမီကစားကြက္တည္ေဆာက္ရာမွာေအယိုဇီပီရက္ဇ္လက္ထိေဘာျဖစ္ခဲ့ပါတယ္။ဒါေပမယ့္VARျဖင့္စစ္ေဆးမႈမျပဳလုပ္ခဲ့တာေၾကာင့္လက္စတာတို႔ဂိုးရခဲ့ပါတယ္။

ေနာက္ေတာ့ပြဲၿပီးခါနီးပြဲခ်ိန္၈၈အခ်ိန္မွာခ်ဲလ္ဆီးဟာဘင္ခ်ဲလ္ဝဲလ္ရဲ႕ဂိုးနဲ႔ေခ်ပဂိုးရခဲ့ပါတယ္။လက္စတာကစားသမားေဟာင္းဘင္ခ်ဲလ္ဝဲလ္ဟာေနာက္ခံလူတီယာဂိုေဆးလ္ဗားတင္ေပးလိုက္တဲ့ေဘာလုံးမွတဆင့္ဧရိယာထဲတိုးဝင္ခဲ့ၿပီးျဖတ္တင္ခဲ့ပါတယ္။

လက္စတာရဲ႕ကာဂလာဆိုယန္ကူကရွင္းထုတ္ခဲ့ေပမယ့္လည္းဘင္ရွဲလ္ဝဲလ္နဲ႔ထိကာဂိုးဝင္သြားခဲ့ပါတယ္။

ဘင္ခ်ဲလ္ဝဲလ္၊ခ်ဲလ္ဆီးကစားသမားမ်ားႏွင့္ခ်ဲလ္ဆီးပရိသတ္မ်ားဟာပြဲၿပီးခါနီးေခ်ပဂိုးရရွိခဲ့မႈေၾကာင့္အႀကီးအက်ယ္ေအာင္ပြဲခံခဲ့ၾကပါတယ္။

ဒါေပမယ့္လည္းVARကယင္းဂိုးကိုျပန္လည္စစ္ေဆးတဲ့အခါဘင္ခ်ဲလ္ဆီးဟာမီလီမီတာခန႔္မွ်လူကြၽံေနတယ္ဆိုၿပီးဂိုးအျဖစ္ခြင့္မျပဳခဲ့ပါဘူး။

ယင္းသို႔ဂိုးအျဖစ္ခြင့္မျပဳခဲ့မႈနဲ႔အတူလက္စတာကခ်ဲလ္ဆီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိသြားခဲ့ၿပီးကလပ္သမိုင္းတစ္ေလွ်ာက္ပထမဆုံးအက္ဖ္ေအဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။