ဗိုလ်လုပွဲတစ်ပွဲနဲ့ လားလားမှ အသွင်မတူနိုင်
ဗုဒ္ဓဟူးည ဥရောပစူပါဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး နှင့် ဗီလာရီးရဲလ် (ည ၁း၃၀)(စိုင်းကို တောင်ကြီး)
ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ချန်ပီယံချဲလ်ဆီးနဲ့ယူရိုပါလိဂ်ချန်ပီယံဗီလာရီးရဲလ်တို့ ဥရောပရာသီအဖွင့်ယှဉ်ပြိုင်ကစားကြမယ့် စူပါဖလားပြိုင်ပွဲပါ။ဒီပြိုင်ပွဲကိုမြောက်အိုင်ယာလန်နိုင်ငံရဲ့အကြီးဆုံးမြို့တော်ဘဲလ်ဖက်မှာယှဉ်ပြိုင်ပါလိမ့်မယ်။အရင်ဦးဆုံး လာလီဂါကလပ်ဗီလာရီးရဲလ်ရဲ့အနေအထားကို သုံးသပ်ပေးချင်ပါတယ်။
ဗီလာရီးရဲလ်ဟာပြီးခဲ့တဲ့ရာသီဗိုလ်လုပွဲမှာ မန်ယူကိုအနိုင်ရ ဗိုလ်စွဲခဲ့ပေမယ့်သူတို့ရဲ့ခြေစွမ်းပိုင်းအထင်ကြီးစရာနည်းနည်းလေးတောင်မရှိခဲ့ပါဘူး။ယိုယွင်လွန်းတဲ့ခံစစ်ကြောင်းကဗီလာရီးရဲလ်ရဲ့အဓိကအားနည်းချက်ဖြစ်ပြီးလုံခြုံအောင်လို့ ခဏလေးပဲ ပြင်ဆင်ကစားနိုင်ခဲ့တယ်။ရာသီကြိုကာလတစ်လျှောက်လုံး ပြင်ဆင်မှုသိပ်မလုပ်နိုင်ခဲ့တဲ့ ဗီလာရီးရဲလ်ဟာစိုးရိမ်စရာအခြေအနေပိုင်ဆိုင်ထားပြီးခံစစ်ကြောင်းကလည်း နဂိုကအတိုင်းထူးမခြားနားပါပဲ။
ဒါပေမဲ့လည်းဗီလာရီးရဲလ်တိုက်စစ်ကြောင်းကတော့ဂိုးသွင်းအားထက်မြက်မှုရှိနေပါသေးတယ်။ပရီးမီးယားလိဂ်ကလပ်ချဲလ်ဆီးဆိုတာကလည်း တိုက်စစ်ပိုင်းထက်မြက်မှုရှိအောင် အထူးပြင်ဆင်ထားနိုင်တဲ့အသင်းပါ။ချဲလ်ဆီးတိုက်စစ်ကဂိုးသွင်းအားကောင်းပြီးဇီယက်လိုကွင်းလယ်ကစားသမားတွေကလည်း တိုက်စစ်ကို ပံ့ပိုးကူညီနေနိုင်တယ်။
ချဲလ်ဆီးအနေနဲ့ တိုက်စစ်ဘယ်လောက်ပဲအားကောင်းကောင်းခံစစ်ပိုင်းလုံခြံုမှုရှိအောင်တော့ ကြိုးစားပြင်ဆင်နိုင်စွမ်းမရှိသေးဘူး။ဒါကြောင့် အခုပွဲဟာ ဗိုလ်လုပွဲတစ်ပွဲနဲ့ လုံးဝမတူညီနိုင်ဘဲ တိုက်စစ်ချင်းအားပြိုင်မှုအသွင်း ဆောင်လာမှာ အသေအချာပါ။ချဲလ်ဆီးဘက်ကနေ ၁+၆၅ အကျောပေးဖွင့်လှစ်ထားမှုမှာ ဘော်ဒီရွေးဖို့ ဘယ်ဘက်ကိုမှ စိတ်မရဲပါဘူး။ဂိုးပေါင်းစျေးကတော့ ၂-၅၅ဖြစ်နေတယ်။ ဒီတော့ကာ စိတ်ထဲအရမ်းပျော်ရွှင်မိပြီလေ။ဗိုလ်လုပွဲတစ်ပွဲနဲ့ လားလားမှ အသွင်မတူနိုင်တဲ့ ဒီပွဲရဲ့အပိုင်အောကွက်က ဂိုးပေါင်းအပေါ်ဖြစ်ပါတယ်။
zawgyi