အောင်သေအောင်သားအနေနဲ့ ဝံပုလွေသားစားမယ့် ခြင်္သေ့ပြာ

စနေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၀ ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး နှင့် ဝုဗ်(ည ၈း၃၀)(စိုင်းကိုတောင်ကြီး)

ဂရေဟမ်ပေါ်တာလက်ထက်ပထမဆုံးနိုင်ပွဲဆက်မှုကြောင့်စတမ်းဖို့ဒ်ဘရစ်ခ်ျမှာမျှော်လင့်ချက်ရောင်ခြည်တွေပိုမိုထွန်းလင်းလာပါတယ်။မြေခွေးတွေကတော့ဘရူနိုလာ့ဂ်ျနဲ့ တစ်ခန်းရပ်ဖြစ်သွားပြီးနောက်ဆုံး ၂ ပွဲမှာ ၅ ဂိုးပေးခဲ့ရလို့ အရင်လို မာကျောမှုလည်းမရှိတောပါဘူး။

ဒါ့အပြင်ရူဘင်နီဗက်စ်နဲ့ နသန်ကောလင်းတို့လိုအဓိကဒေါက်တိုင်တွေရဲ့ပွဲပယ်ထိထားမှုကသူတို့ကို ရိုက်ခတ်ဦးမှာပါ။၀ံပုလွေတွေဟာခြင်္သေ့ပြာတို့စားတာခံရမယ့်သားကောင်းတွေဖြစ်နေပါတယ်။

zawgyi




