”ဟဲလို မင်္ဂလာပါ လာခြင်းကောင်းတဲ့တူချယ် ဖြစ်ပါစေ”

ဗုဒ္ဓဟူးည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၂၀ ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး နှင့် ဝုဗ် (ည ၁၂:၃၀)(အိုဇုန်း)

နည်းပြလမ်းပတ်ကိုရာထူးကိုထုတ်ပယ်လိုက်ရုံနဲ့ ချဲလ်ဆီးရဲ့ခြေစွမ်းကချက်ချင်းကြီးတိုးတက်ကောင်းမွန်လာမှာလားဆိုတာသံသယဝင်စရာကောင်းပါတယ်။ဒါပေမဲ့ပွဲကျပ်တွေဆက်နေလို့ ချဲလ်ဆီးရုန်းကန်ရပြီးရလဒ်တွေဆက်တိုက်ဆိုးရွားနေရတာပါ။

ချဲလ်ဆီးရဲ့ပွဲချောင်တွေကအခုကနေစလို့ လာမယ့် ဖေဖော်ဝါရီတစ်လလုံးစောင့်ကြိုနေတာပါ။ဒီလိုပွဲချောင်တွေမလာခင်အချိန်မီထုတ်ပယ်လိုက်တာလားလို့တောင်သံသယဝင်စရာကောင်းလွန်းလှတယ်။

အခုရင်ဆိုင်ရမယ့်ဝုဗ်ကခံစစ်ယိုယွင်းမှုနဲ့အတူပရီးမီးယားလိဂ်ရလဒ်ဆိုးတွေဆက်တိုက်ရင်ဆိုင်နေရတဲ့အသင်းဖြစ်တယ်။ အထူးသဖြင့်အဝေးကွင်းဆိုရင် ဝုဗ်ခံစစ်ကလုံးဝစိတ်မချရဘူး။ဒါကြောင့်အိမ်ကွင်းမှာချဲလ်ဆီးအနိုင်ရလဒ်တော့သေချာပေါက်ရယူနိုင်လိမ့်မယ်။

ဖွင့်လှစ်မှုကချဲလ်ဆီးတစ်ဂိုးနိုင်ရင် ၃၀ ရမှာပါ။ ချဲလ်ဆီးနည်းပြသစ်သောမတ်စ်တူချယ်အချိန်မီကိုင်တွယ်နိုင်မလားဆိုတာမသေချာသေးပေမယ့်ဒီပွဲကစားချိန်မှာလန်ဒန်ဆီရောက်နေပါလိမ့်မယ်။ ဟဲလို မင်္ဂလာပါလာခြင်းကောင်းတဲ့တူချယ်ဖြစ်ပါစေပေါ့။

zawgyi




