သွင်းဂိုးတွေမြူးကြွစတမ်းဖို့ဒ်ဘရစ်ခ်ျည

ကြာသပတေးည အင်္ဂလန်ပရီးမီးယးလိဂ်ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး နှင့် မန်စီးတီး(ည ၂း၃၀)(စိုင်းကို တောင်ကြီး)

ချဲလ်ဆီးနဲ့မန်စီးတီးတို့ဟာဒီရာသီမှာအတော်လေးရေစက်ဆုံနေကြတာဖြစ်ပြီးဒါနဲ့ဆိုဒုတိယအကြိမ်မြောက်တွေ့ဆုံတာဖြစ်သလိုလာမယ့်တနင်္ဂနွေအက်ဖ်အေဖလားမှာလည်းထပ်ဆုံကြဖို့ ရှိပါတယ်။ပြီးခဲ့တဲ့နို၀င်ဘာကကာရာဘောင်းပွဲမှာတော့ချဲလ်ဆီးဟာစီးတီးကွင်းမှာ၂-၀ နဲ့ ဒူးထောက်ခဲ့ရတာပါ။

ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာနိုင်ခဲ့တဲ့ချဲလ်ဆီးရဲ့လက်ရှိခြေစွမ်းကတော့အားရစရာမရှိပါဘူး။

စီးတီးကလည်းနောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲမှာ ၁ ပွဲသာနိုင်ခဲ့ကာဂွါဒီယိုလာရဲ့အသင်းဟာအဝေးကွင်းဆို ခနော်နီ ခနော်နဲ့ နိုင်တတ်တယ်။ဒါ့အပြင်ဒီယက်စ်မပါနိုင်သေးတဲ့စီးတီးခံစစ်ဟာနောက်ဆုံးလိဂ် ၇ ပွဲမှာ ၁ ပွဲသာပေးဂိုးမရှိခဲ့တာပါ။သွင်းဂိုးတွေမြူးကြွ စတမ်း‌ဖို့ဒ်ဘရစ်ခ်ျညလို့ ဆိုပါရစေ။

zawgyi




