
မိုင်ခေလိုမူဒရစ်ဟာချဲလ်ဆီးအတွက်ပထမဆုံးပွဲထွက်ကစားတဲ့ပွဲအဖြစ်မနေ့ညတုန်းကဖူလ်ဟမ်နှင့်ပွဲမှာပါဝင်ကစားခဲ့ပေမဲ့လည်း၄၅မိနစ်သာကစားခွင့်ရခဲ့ပြီးခြေစွမ်းမပြနိုင်လို့လူစားလဲခြင်းခံခဲ့ရပါတယ်။
မူဒရစ်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ချဲလ်ဆီးသို့ပြောင်းရွှေ့လာတဲ့ကစားသမားအမြောက်အမြားထဲမှတစ်ဦးဖြစ်ပါတယ်။
ချဲလ်ဆီးဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်တုန်လှုပ်ဖွယ်ငွေကြေးအမြောက်အမြားသုံးစွဲခဲ့တာပါ။
ယူကရိန်းစတားဟာအာဆင်နယ်သို့ပြောင်းလိမ့်မယ်လို့ယူဆခဲ့ရပြီးမှစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြောင်းခဲ့တာလည်းဖြစ်ပါတယ်။
မူဒရစ်ဟာချဲလ်ဆီးအတွက်ပထမဆုံးကစားတဲ့လီဗာပူးနှင့်ပွဲမှာလူစားဝင်ရောက်လာပြီးနောက်ခြေစွမ်းပြကစားနိုင်မှုနဲ့အတူ အာဆင်နယ်တို့နောင်တရလာကြရလိမ့်မယ်လို့အားလုံးယူဆခဲ့ကြပါတယ်။
ဒါပေမဲ့သောကြာနေ့ညအနောက်လန်ဒန်ပြိုင်ဘက်ဖူလ်ဟမ်နှင့်ပွဲမှာမူဒရစ်ဟာချဲလ်ဆီးအတွက်ပထမဆုံးပွဲထွက်ကစားတဲ့ပွဲမှာတော့ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပါဘူး။
မူဒရစ်ဟာပထမပိုင်းခြေစွမ်းအလွန်ဆိုးရွားမှုနဲ့အတူ၄၅မိနစ်သာကစားခွင့်ရခဲ့ကာလူစားလဲခံခဲ့ရပါတယ်။ဂရေဟမ်ပေါ်တာဟာမူဒရစ်ကိုနိုနီမူဒူကီနှင့်လူ စားလဲခဲ့တာလည်းဖြစ်ပါတယ်။
မူဒရစ်ဟာချဲလ်ဆီးအတွက်ပထမဆုံးပွဲထွက်ကစားတဲ့၄၅မိနစ်အတွက်မှာဂိုးပေါက်ကန်မှု(၀)၊အခွင့်အရေးဖန်တီးမှု(၀)၊ပြိုင်ဘက်ကိုကျော်ဖြတ်မှု(၀)၊ပြိုင်ဘက်ကိုကျော်ဖြတ်ကာဧရိယာအတွင်းဝင်ရောက်မှု(၀)၊ပြစ်ဒဏ်ဘောရရှိမှု(၀)တို့ကြုံခဲ့ရပါတယ်။
ချဲလ်ဆီးဟာမနေ့ညတုန်းကဖူလ်ဟမ်နှင့်ဂိုးမရှိသရေကျတဲ့ပွဲမှာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကပေါင်၁၀၇သန်းဖြင့်ခေါ်ယူထားတဲ့အာဂျင်တီးနားစတားအန်ဇိုဖာနန်ဒက်ဇ်ကိုလည်းပွဲစကတည်းကအသုံးပြသွားခဲ့ပါတယ်။
ZawGyi
ခ်ဲလ္ဆီးအတြက္ ပထမဆုံးပြဲထြက္ကစားတဲ့ပြဲမွာ ေျခစြမ္းမျပႏိုင္လို႔ ပထမပိုင္းမွာတင္လူစားလဲခံခဲ့ရတဲ့ မူဒရစ္
မိုင္ေခလိုမူဒရစ္ဟာခ်ဲလ္ဆီးအတြက္ပထမဆုံးပြဲထြက္ကစားတဲ့ပြဲအျဖစ္မေန႔ညတုန္းကဖူလ္ဟမ္ႏွင့္ပြဲမွာပါဝင္ကစားခဲ့ေပမဲ့လည္း၄၅မိနစ္သာကစားခြင့္ရခဲ့ၿပီးေျခစြမ္းမျပႏိုင္လို႔လူစားလဲျခင္းခံခဲ့ရပါတယ္။
မူဒရစ္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕လာတဲ့ကစားသမားအေျမာက္အျမားထဲမွတစ္ဦးျဖစ္ပါတယ္။ခ်ဲလ္ဆီးဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္တုန္လႈပ္ဖြယ္ေငြေၾကးအေျမာက္အျမားသုံးစြဲခဲ့တာပါ။
ယူကရိန္းစတားဟာအာဆင္နယ္သို႔ေျပာင္းလိမ့္မယ္လို႔ယူဆခဲ့ရၿပီးမွစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ေျပာင္းခဲ့တာလည္းျဖစ္ပါတယ္။
မူဒရစ္ဟာခ်ဲလ္ဆီးအတြက္ပထမဆုံးကစားတဲ့လီဗာပူးႏွင့္ပြဲမွာလူစားဝင္ေရာက္လာၿပီးေနာက္ေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူ အာဆင္နယ္တို႔ေနာင္တရလာၾကရလိမ့္မယ္လို႔အားလုံးယူဆခဲ့ၾကပါတယ္။
ဒါေပမဲ့ေသာၾကာေန႔ညအေနာက္လန္ဒန္ၿပိဳင္ဘက္ဖူလ္ဟမ္ႏွင့္ပြဲမွာမူဒရစ္ဟာခ်ဲလ္ဆီးအတြက္ပထမဆုံးပြဲထြက္ကစားတဲ့ပြဲမွာေတာ့ေျခစြမ္းျပႏိုင္ခဲ့ျခင္းမရွိပါဘူး။
မူဒရစ္ဟာပထမပိုင္းေျခစြမ္းအလြန္ဆိုး႐ြားမႈနဲ႔အတူ၄၅မိနစ္သာကစားခြင့္ရခဲ့ကာလူစားလဲခံခဲ့ရပါတယ္။ဂေရဟမ္ေပၚတာဟာမူဒရစ္ကိုႏိုနီမူဒူကီႏွင့္လူစားလဲခဲ့တာလည္းျဖစ္ပါတယ္။
မူဒရစ္ဟာခ်ဲလ္ဆီးအတြက္ပထမဆုံးပြဲထြက္ကစားတဲ့၄၅မိနစ္အတြက္မွာဂိုးေပါက္ကန္မႈ(၀)၊အခြင့္အေရးဖန္တီးမႈ(၀)၊ၿပိဳင္ဘက္ကိုေက်ာ္ျဖတ္မႈ(၀)၊ၿပိဳင္ဘက္ကိုေက်ာ္ျဖတ္ကာဧရိယာအတြင္းဝင္ေရာက္မႈ(၀)၊ျပစ္ဒဏ္ေဘာရရွိမႈ(၀)တို႔ႀကဳံခဲ့ရပါတယ္။
ခ်ဲလ္ဆီးဟာမေန႔ညတုန္းကဖူလ္ဟမ္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲမွာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကေပါင္၁၀၇သန္းျဖင့္ေခၚယူထားတဲ့အာဂ်င္တီးနားစတားအန္ဇိုဖာနန္ဒက္ဇ္ကိုလည္းပြဲစကတည္းကအသုံးျပသြားခဲ့ပါတယ္။