Chevrolet နေရာတွင်အစားထိုးရန် ပေါင်သန်း ၇၀ တန် အင်္ကျီစပွန်ဆာစာချုပ်ချုပ်ဆိုဖို့ နီးစပ်နေတဲ့ သရဲနီ

မန်ယူဟာတစ်နှစ်လျှင်ပေါင်သန်း၇၀တန်အင်္ကျီစပွန်ဆာစာချုပ်ချုပ်ဆိုရန်နီးစပ်နေပြီဖြစ်ကြောင်းသိရပါတယ်။ မန်ယူဟာChevrolet နှင့်တစ်နှစ်လုပ်ခပေါင်သန်း၆၄သန်းတန်စာချုပ်ချုပ်ဆိုထားပြီးလာမယ့်ဒီဇင်ဘာလတွင် ကုန်ဆုံးပါမယ်။

မန်ယူဟာ Chevrolet နေရာတွင်အစားထိုးဖို့အမေရိကန်နာမည်ကြီးဆော့ဝဲလ်ကုမ္ပဏီကြီးတစ်ခုနှင့်ဆွေးနွေးမှု ပြုလုပ်နေပါတယ်။မန်ယူစီအီးအိုအက်ဒ်ဝုဒ်ဝတ်ဟာပြီးခဲ့တဲ့အပတ်တုန်းကယင်းကုမ္ပဏီမှတာဝန်ရှိသူနှင့်ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

ယင်းသို့အခြေအနေကြောင့်မန်ယူဟာလာမယ့်ဘောလုံးရာသီမှာအင်္ကျီရင်ဘတ်စပွန်ဆာနှစ်မျိုးဖြင့်ဝတ်ဆင်ရမယ့် အခြေအနေမျိုးမှာရှိနေပါတယ်။

မန်ယူဟာမကြာသေးမီတုန်းကဘဏ္ဍာရေးအခြေအနေကိုထုတ်ပြန်ခဲ့ပြီးကိုဗစ်ကြောင့်ဝင်ငွေကျဆင်းမှုနဲ့အတူကြွေးမြီပေါင်၆၄သန်းမြင့်တက်ကာပေါင်၄၅၅သန်းအထိရှိလာခဲ့ပါတယ်။

မန်ယူဟာမနေ့ညတုန်းကမန်ချက်စတာဒါဘီပွဲစဉ်မှာမန်စီးတီးကို၂-၀ဂိုးဖြင့်အနိုင်ရယူပြီးမန်စီးတီးရဲ့၂၁ပွဲဆက်နိုင်ပွဲဆက်စံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။

ZawGyi

Chevrolet ေနရာတြင္အစားထိုးရန္ ေပါင္သန္း ၇၀ တန္ အက်ႌစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ နီးစပ္ေနတဲ့ သရဲနီ

မန္ယူဟာတစ္ႏွစ္လွ်င္ေပါင္သန္း၇၀တန္အက်ႌစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုရန္နီးစပ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။ မန္ယူဟာChevrolet ႏွင့္တစ္ႏွစ္လုပ္ခေပါင္သန္း၆၄သန္းတန္စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီးလာမယ့္ဒီဇင္ဘာလတြင္ ကုန္ဆုံးပါမယ္။

မန္ယူဟာ Chevrolet ေနရာတြင္အစားထိုးဖို႔အေမရိကန္နာမည္ႀကီးေဆာ့ဝဲလ္ကုမၸဏီႀကီးတစ္ခုႏွင့္ေဆြးေႏြးမႈ ျပဳလုပ္ေနပါတယ္။မန္ယူစီအီးအိုအက္ဒ္ဝုဒ္ဝတ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကယင္းကုမၸဏီမွတာဝန္ရွိသူႏွင့္ေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။

ယင္းသို႔အေျခအေနေၾကာင့္မန္ယူဟာလာမယ့္ေဘာလုံးရာသီမွာအက်ႌရင္ဘတ္စပြန္ဆာႏွစ္မ်ိဳးျဖင့္ဝတ္ဆင္ရမယ့္ အေျခအေနမ်ိဳးမွာရွိေနပါတယ္။

မန္ယူဟာမၾကာေသးမီတုန္းကဘ႑ာေရးအေျခအေနကိုထုတ္ျပန္ခဲ့ၿပီးကိုဗစ္ေၾကာင့္ဝင္ေငြက်ဆင္းမႈနဲ႔အတူေႂကြးၿမီေပါင္၆၄သန္းျမင့္တက္ကာေပါင္၄၅၅သန္းအထိရွိလာခဲ့ပါတယ္။

မန္ယူဟာမေန႔ညတုန္းကမန္ခ်က္စတာဒါဘီပြဲစဥ္မွာမန္စီးတီးကို၂-၀ဂိုးျဖင့္အႏိုင္ရယူၿပီးမန္စီးတီးရဲ႕၂၁ပြဲဆက္ႏိုင္ပြဲဆက္စံခ်ိန္ကို႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။