ဂိုးပြတ်တောင်မှ နိုင်သွားနိုင်တယ်

သောကြာနံနက် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ချီလီ နှင့် ဗင်နီဇွဲလား (နံနက် ၆း၃၀)(အိုဇုန်း)

ပါရာဂွေးကိုအနိုင်ယူပြီးရလဒ်ဆိုးတွေကြားကနေရုန်းထလိုက်နိုင်လို့ ချီလီရဲ့စိတ်ဓာတ်ပိုင်းမြင့်မားနေမှာအသေအချာပါပဲ။နဂိုကတည်းကလည်းချီလီဟာအဝေးကွင်းခြေစွမ်းညံ့ဖျင်းသလောက်အိမ်ကွင်းစိတ်ချရတဲ့အသင်းပါ။

ချီလီတိုက်စစ်ကသူတို့အိမ်ကွင်းဆိုရင်ဘယ်လိုခံစစ်မျိုးကိုမဆိုဖြတ်ကျော်ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။ဗင်နီဇွဲလားကတော့ခံစစ်ပိုင်းအမှားများလွန်းပြီးဘယ်အသင်းနဲ့ပဲရင်ဆိုင်တွေ့တွေ့ ဂိုးအလှူပေးနေရတဲ့အသင်းဖြစ်တယ်။ ချီလီဂိုးပြတ်တောင်မှ နိုင်သွားနိုင်တယ်။

zawgyi




