တရုတ်နဲ့အတူ စွန့်စားချင်

အင်္ဂါနေ့ အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

တရုတ် နှင့် ဂျပန် (ည ၉း၃၀)(မော်ကွန်း)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းခြေစစ်ပွဲစဉ်တွေမှာ နှစ်သင်းစလုံး အရှုံးရလဒ်တွေ ရင်ဆိုင်ခဲ့ကြရလို့ ဖိအားဝင်နေကြပါလိမ့်မယ်။တရုတ်ကသြစတြေးလျကို ၃-၀ဂိုးနဲ့ အရေးနိမ့်ပြီးဂျပန်ကတော့အိုမန်ကို ၁-၀ဂိုးနဲ့ ပွတ်ကာသီကာအရေးနိမ့်ခဲ့တာဖြစ်တယ်။

တရုတ်ဟာဂျပန်လို ခြေစွမ်းထက်အသင်းတွေနဲ့ရင်ဆိုင်ရရင် ခံစစ်ပွင့်ထွက်သွားတတ်ပြီးအသင်းလိုက်ခြေစွမ်းကလည်းဟန်ချက်ညီမှုမရှိတော့ဘူး။ဒါပေမဲ့လည်း ဂျပန်ဘက်ကနေ ၂ဂိုးနိုင်တာတောင်ခပ်ပါးပါးပဲ ရရှိမယ်လို့ အကျောပေးထားလေတော့ တရုတ်နဲ့အတူ စွန့်စားချင်စိတ်ဖြစ်မိလေရဲ့။

zawgyi




