”ဝံပုလွေအူသံက ဆွဲဆွဲငင်ငင်ရှိမှာလား”

သောကြာည အင်္ဂလန်အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲကြိုသုံးသပ်ချက်

ချော်လေး နှင့် ဝုဗ် (ည ၂:၁၅)(အိုဇုန်း)

နေရှင်နယ်လိဂ်မှာတောင်အလယ်အလတ်မရှိတဲ့အသင်းဆိုပေမယ့်ချော်လေးရဲ့လက်ရှိခြေစွမ်းကတော့အရမ်းကိုအားရစရာကောင်းလွန်းနေပါတယ်။အဝေးကွင်းပွဲစဉ်တွေမှာသာချော်လေးရုန်းကန်ရတတ်ပေမယ့်အိမ်ကွင်းဆိုရင်တော့ ရလဒ်နဲ့ခြေစွမ်းကတည်ငြိမ်ကောင်းမွန်လှတယ်။

ဝုဗ်ကတော့ပရီးမီးယာလိဂ်ကလပ်ဆိုပေမယ့်လက်ရှိအချိန်ခြေစွမ်းကျဆင်းလွန်းနေပြီးသူတို့ရဲ့နောက်ဆုံး ၇ပွဲမှာနိုင်ပွဲဆိုလို့ တစ်ပွဲလေးသာရယူနိုင်ခဲ့ပါတယ်။ခံစစ်ကြောင်းအမှားများမှုကိုဝုဗ်ပြင်ဆင်နိုင်ခြင်းမရှိသေးဘဲအဝေးကွင်းပွဲစဉ်တွေမှာပိုပြီးတော့ ရုန်းကန်နေရတယ်ဆိုတာအသိသာကြီးပါပဲ။

ဝုဗ်အနေနဲ့ လက်ရှိခြေစွမ်းအရချော်လေးကို ပြတ်ပြတ်သားသား အသာစီးယူကစားဖို့ဆိုတာသိပ်တော့မလွယ်လှဘူး။၃ဂိုးပြတ်အနိုင်ရမှပျော်ရွှင်ခွင့်ရရှိမယ့် ဝုဗ်ကိုလက်ရှောင်ပါ။ဝံပုလွေအူမယ်ဆွဲရင်တောင်အသံကဆွဲဆွဲငင်ငင်မရှိဘဲစိုးရိမ်ပူပန်သံတွေရောစွက်နေပါလိမ့်မယ်။

zawgyi




