ဘယ်ဂျီယံပဲ အနိုင်ရရှိသွားဖို့ သေချာနေပါတယ်

စနေည ဥရောဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ချက် နှင့် ဘယ်ဂျီယံ (ည ၂:၁၅)(စိုင်းကို- တောင်ကြီး)

ချက်အသင်း နိုင်ပွဲတွေ ဆက်တိုက်ရရှိနေတယ်ဆိုတာခြေစွမ်းညံ့အသင်းတွေနဲ့ တွေ့ခဲ့လို့ပါ။ဘယ်ဂျီယံလိုထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ ချက်ရှုံးနိမ့်သွားစမြဲပါပဲ။

ဂျန်တို၊ ဆူဆက်တို့ရဲ့ချက်တိုက်စစ်ကဂိုးသွင်းအားမဆိုးလှလို့ တိုက်စစ်အသားပေးနည်းဗျူဟာသုံးမယ့်ဘယ်ဂျီယံဘက်ကိုတော့ဂိုးသွင်းနိုင်မှာသေချာတယ်။

ဒါပေမဲ့ဒီဘရိုင်း၊ ဟာဇက်၊ လူကာကူ၊ မာတင်းစ်တို့ရဲ့ဘယ်ဂျီယံတိုက်စစ်ထိုးဖောက်အားကိုချက်ခံစစ်ထိန်းချုပ်ဟန့်တားဖို့တော့အရမ်းကိုခက်ခဲပါလိမ့်မယ်။ဂိုးမပြတ်ဘူးဆိုရင်တောင် ဘယ်ဂျီယံပဲအနိုင်ရရှိသွားဖို့ သေချာနေပါတယ်။

zawgyi




