Class of 92 ပိုင် ဆဲလ်ဖို့ဒ်စီးတီးတွင် ယူနိုက်တက်ဂန္ထဝင်ပေါလ်စခိုးနှင့် နစ်ကီဘတ်တို့ ဖိဖိစီးစီးလုပ်ဆောင်လာတော့မည်

ယူနိုက်တက်ဂန္ထဝင်များဖြစ်ကြတဲ့နစ်ကီဘတ်နှင့်ပေါလ်စခိုးတို့ဟာစိတ်ပျက်စရာကောင်းတဲ့ရာသီတစ်ခုကြုံတွေ့ခဲ့ရပြီးနောက်၎င်းတို့ပူးတွဲပိုင်ဆဲလ်ဖို့ဒ်စီးတီးအသင်းကိုဖိဖိစီးစီးလုပ်ဆောင်လာကြတော့မှာဖြစ်ပါတယ်။

နစ်ကီဘတ်နှင့်ပေါလ်စခိုးတို့ဟာဆဲလ်ဖို့ဒ်အသင်းရဲ့နေ့စဉ်လုပ်ဆောင်မှုများအပြင် လေ့ကျင့်ခန်းအစီအစဉ်များတွင်ပါဝင်လုပ်ဆောင်လာကြတော့မှာဖြစ်ပါတယ်။

ဆဲလ်ဖို့ဒ်စီးတီးကို Class of 92 ယူနိုက်တက်ဂန္ထဝင်များဖြစ်ကြတဲ့ပေါလ်စခိုး၊နစ်ကီဘတ်၊ဂယ်ရီနဗီးလ်၊ဖီးလ်နဗီးလ်၊ရိုင်ယန်ဂစ်နှင့်ဒေးဗစ်ဘက်ဟမ်းတို့ကပူးတွဲပိုင်ဆိုင်ကြပါတယ်။

နစ်ကီဘတ်နှင့်ပေါလ်စခိုးတို့ဟာ ဆဲလ်ဖို့ဒ်စီးတီးနည်းပြသစ်နေးလ်ဝုဒ်နှင့် အနီးကပ်အလုပ်လုပ်လာကြမှာလည်းဖြစ်ပါတယ်။

အသက်၄၇နှစ်ရှိနစ်ကီဘတ်ဟာပြီးခဲ့တဲ့နှစ်တုန်းကယူနိုက်တက်မှထွက်ခွာလာခဲ့သူဖြစ်ပြီးအသက်၄၇နှစ်ရှိပေါလ်စခိုးမှာလည်း၂၀၁၉ခုနှစ်တုန်းကအိုးဟမ်းကိုကိုင်တွယ်ပြီးနောက် နည်းပြလောကနှင့်အဆက်ပြတ်လာခဲ့ကြသူများဖြစ်ပါတယ်။

ဆဲလ်ဖို့ဒ်စီးတီးဟာပြီးခဲ့တဲ့သောကြာနေ့တုန်းကမန်ချက်စတာယူနိုက်တက်ယူ-၂၃နည်းပြနေးလ်ဝုဒ်ကိုနည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။

၎င်းတို့ဟာယူနိုက်တက်အကယ်ဒမီကစားသမားဟောင်းဂယ်ရီဘောင်ယာကိုထုတ်ပယ်ပြီးယူနိုက်တက်အသက်၃၉နှစ်ရှိဝုဒ်ကိုခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။

နေးလ်ဝုဒ်ဟာဘန်လေ၊ကိုဗစ်ထရီ၊ဘလက်ပူးလ်၊အိုးဟမ်းတို့တွင်ကစားခဲ့ဖူးသူဖြစ်ပြီး၂၀၀၈ခုနှစ်တုန်းက ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

သူဟာအက်စတွန်ဗီလာလူငယ်အသင်းကိုကိုင်တွယ်ပြီးနည်းပြဘဝကိုစတင်ခဲ့ပြီးနောက်၂၀၁၄ခုနှစ်တွင်ယူနိုက်တက်သို့ရောက်လာခဲ့ပါတယ်။

သူဟာယူနိုက်တက်ယူ-၁၃မှယူ-၂၃အထိကိုင်တွယ်ခဲ့သူဖြစ်ပြီးကလပ်ကို ပရီးမီးယားလိဂ်၂သို့တန်းပြန်တက်အောင်စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

Class of 92 ပိုင္ ဆဲလ္ဖို႔ဒ္စီးတီးတြင္ ယူႏိုက္တက္ဂႏၴဝင္ေပါလ္စခိုးႏွင့္ နစ္ကီဘတ္တို႔ ဖိဖိစီးစီးလုပ္ေဆာင္လာေတာ့မည္

ယူႏိုက္တက္ဂႏၴဝင္မ်ားျဖစ္ၾကတဲ့နစ္ကီဘတ္ႏွင့္ေပါလ္စခိုးတို႔ဟာစိတ္ပ်က္စရာေကာင္းတဲ့ရာသီတစ္ခုႀကဳံေတြ႕ခဲ့ရၿပီးေနာက္၎တို႔ပူးတြဲပိုင္ဆဲလ္ဖို႔ဒ္စီးတီးအသင္းကိုဖိဖိစီးစီးလုပ္ေဆာင္လာၾကေတာ့မွာျဖစ္ပါတယ္။

နစ္ကီဘတ္ႏွင့္ေပါလ္စခိုးတို႔ဟာဆဲလ္ဖို႔ဒ္အသင္းရဲ႕ေန႔စဥ္လုပ္ေဆာင္မႈမ်ားအျပင္ ေလ့က်င့္ခန္းအစီအစဥ္မ်ားတြင္ပါဝင္လုပ္ေဆာင္လာၾကေတာ့မွာျဖစ္ပါတယ္။

ဆဲလ္ဖို႔ဒ္စီးတီးကို Class of 92 ယူႏိုက္တက္ဂႏၴဝင္မ်ားျဖစ္ၾကတဲ့ေပါလ္စခိုး၊နစ္ကီဘတ္၊ဂယ္ရီနဗီးလ္၊ဖီးလ္နဗီးလ္၊႐ိုင္ယန္ဂစ္ႏွင့္ေဒးဗစ္ဘက္ဟမ္းတို႔ကပူးတြဲပိုင္ဆိုင္ၾကပါတယ္။

နစ္ကီဘတ္ႏွင့္ေပါလ္စခိုးတို႔ဟာ ဆဲလ္ဖို႔ဒ္စီးတီးနည္းျပသစ္ေနးလ္ဝုဒ္ႏွင့္ အနီးကပ္အလုပ္လုပ္လာၾကမွာလည္းျဖစ္ပါတယ္။

အသက္၄၇ႏွစ္ရွိနစ္ကီဘတ္ဟာၿပီးခဲ့တဲ့ႏွစ္တုန္းကယူႏိုက္တက္မွထြက္ခြာလာခဲ့သူျဖစ္ၿပီးအသက္၄၇ႏွစ္ရွိေပါလ္စခိုးမွာလည္း၂၀၁၉ခုႏွစ္တုန္းကအိုးဟမ္းကိုကိုင္တြယ္ၿပီးေနာက္ နည္းျပေလာကႏွင့္အဆက္ျပတ္လာခဲ့ၾကသူမ်ားျဖစ္ပါတယ္။

ဆဲလ္ဖို႔ဒ္စီးတီးဟာၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းကမန္ခ်က္စတာယူႏိုက္တက္ယူ-၂၃နည္းျပေနးလ္ဝုဒ္ကိုနည္းျပသစ္အျဖစ္ခန႔္အပ္ခဲ့ပါတယ္။

၎တို႔ဟာယူႏိုက္တက္အကယ္ဒမီကစားသမားေဟာင္းဂယ္ရီေဘာင္ယာကိုထုတ္ပယ္ၿပီးယူႏိုက္တက္အသက္၃၉ႏွစ္ရွိဝုဒ္ကိုခန႔္အပ္ခဲ့တာလည္းျဖစ္ပါတယ္။

ေနးလ္ဝုဒ္ဟာဘန္ေလ၊ကိုဗစ္ထရီ၊ဘလက္ပူးလ္၊အိုးဟမ္းတို႔တြင္ကစားခဲ့ဖူးသူျဖစ္ၿပီး၂၀၀၈ခုႏွစ္တုန္းက ကစားသမားဘဝမွအနားယူခဲ့ပါတယ္။

သူဟာအက္စတြန္ဗီလာလူငယ္အသင္းကိုကိုင္တြယ္ၿပီးနည္းျပဘဝကိုစတင္ခဲ့ၿပီးေနာက္၂၀၁၄ခုႏွစ္တြင္ယူႏိုက္တက္သို႔ေရာက္လာခဲ့ပါတယ္။

သူဟာယူႏိုက္တက္ယူ-၁၃မွယူ-၂၃အထိကိုင္တြယ္ခဲ့သူျဖစ္ၿပီးကလပ္ကို ပရီးမီးယားလိဂ္၂သို႔တန္းျပန္တက္ေအာင္စြမ္းေဆာင္ေပးခဲ့သူလည္းျဖစ္ပါတယ္။