ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် နှစ်ဂိုးသွင်းပြီးနောက် အန်ဆယ်လော့တီနှင့် လောင်းထားမှု အနိုင်ရသွားတဲ့ ဗယ်ဗာဒီ

ဖီဒီရီကိုဗယ်ဗာဒီဟာရီးရဲလ်မက်ဒရစ်ရဲ့ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲနိုင်ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ပြီးနောက်အန်ဆယ်လော့တီနှင့်လောင်းကြေးအကြီးကြီးထပ်ထားမှုအနိုင်ရသွားခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာမော်ရိုကိုရှိ Prince Moulay Abdellah Stadiumတွင် Al Hilal ကို၅-၃ဂိုးဖြင့်အနိုင်ရရှိကာဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက်ဂိုးများကိုဗီနီရှပ်စ်နှင့်ဗယ်ဗာဒီတို့ကနှစ်ဂိုးစီသွင်းခဲ့ပြီးကျန်တစ်ဂိုးကိုအသင်းခေါင်းဆောင်ဘန်ဇီးမားကသွင်းယူခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာပွဲချိန်၁၈မိနစ်တွင်ဗယ်ဗာဒီဂိုးသွင်းယူပြီးနောက်အကြီးကြီးဖက်ကာဂုဏ်ပြုမှုပြုလုပ်ခဲ့တာလည်းတွေ့ရပါတယ်။

ယင်းသို့အကြီးကြီးဖက်ခြင်းရဲ့နောက်ကွယ်မှုဇာတ်လမ်းတစ်ပုဒ်ကလည်းရှိနေပါတယ်။အရင်တုန်းကဗယ်ဗာဒီဟာရီးရဲလ်မက်ဒရစ်အတွက်တစ်ရာသီကိုသုံးဂိုးထက်ပိုပြီးမသွင်းပေးနိုင်ခဲ့ပါဘူး။

စက်တင်ဘာလမှာတော့အန်ဆယ်လော့တီကဗယ်ဗာဒီကိုဂိုးရှေ့မှာပိုကောင်းအောင်ကစားရန်တောင်းဆိုမှုပြုလုပ်ပြီးယခုရာသီတွင်တစ်ပွဲတည်းနှစ်ဂိုးသွင်းနိင်မှုမဖြစ်လာပါကအနားယူမယ်လို့ပြောဆိုခဲ့ပါတယ်။

အန်ဆယ်လော့တီက”လောင်းကြေးတစ်ခုလုပ်ခဲ့တယ်။ဒီရာသီမှာသူဆယ်ဂိုးထက်ပိုပြီးသွင်းလာပါလိမ့်မယ်။သူလေးဂိုးထက်ပိုပြီးသွင်းနိုင်ရင်ကျွန်တော့်နည်းပြလိုင်စင်ကိုဆက်ထိန်းထားမယ်။သူဟာကျွန်တော်တို့ကိုဆက်ပြီးအံ့ဩသင့်အောင်လုပ်နေတယ်။သူဟာတောင်ပံမှာရောအလယ်တန်းမှာပါကောင်း ကောင်းကစားထားနိုင်တယ်”လို့ပြောကြားခဲ့တယ်။

ယင်းကိုဗယ်ဗာဒီကလည်း “ကျွန်တော်လည်းဂိုးသွင်းဖို့အာရုံစိုက်တယ်။ဒါကကောင်းမွန်တဲ့ဖိအားပါ။နည်းပြဘဝကအနားယူသွားရမှုအတွက်အပြစ်တင်မခံလိုပါဘူး”လို့ပြောကြားသွားပါတယ်။

ဗယ်ဗာဒီဟာမနေ့ညတုန်းကပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ပြီးနောက်ယခုရာသီပြိုင်ပွဲအရပ်ရပ်သွင်းဂိုး၁၀ဂိုးအထိရှိသွားခဲ့ပြီဖြစ်ပါတယ်။

ZawGyi

ကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ ႏွစ္ဂိုးသြင္းၿပီးေနာက္ အန္ဆယ္ေလာ့တီႏွင့္ ေလာင္းထားမႈ အႏိုင္ရသြားတဲ့ ဗယ္ဗာဒီ

ဖီဒီရီကိုဗယ္ဗာဒီဟာရီးရဲလ္မက္ဒရစ္ရဲ႕ကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲႏိုင္ပြဲတြင္ႏွစ္ဂိုးသြင္းယူႏိုင္ၿပီးေနာက္အန္ဆယ္ေလာ့တီႏွင့္ေလာင္းေၾကးအႀကီးႀကီးထပ္ထားမႈအႏိုင္ရသြားခဲ့ၿပီျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာေမာ္႐ိုကိုရွိ Prince Moulay Abdellah Stadiumတြင္ Al Hilal ကို၅-၃ဂိုးျဖင့္အႏိုင္ရရွိကာဖီဖာကလပ္ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အတြက္ဂိုးမ်ားကိုဗီနီရွပ္စ္ႏွင့္ဗယ္ဗာဒီတို႔ကႏွစ္ဂိုးစီသြင္းခဲ့ၿပီးက်န္တစ္ဂိုးကိုအသင္းေခါင္းေဆာင္ဘန္ဇီးမားကသြင္းယူခဲ့တာျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီဟာပြဲခ်ိန္၁၈မိနစ္တြင္ဗယ္ဗာဒီဂိုးသြင္းယူၿပီးေနာက္အႀကီးႀကီးဖက္ကာဂုဏ္ျပဳမႈျပဳလုပ္ခဲ့တာလည္းေတြ႕ရပါတယ္။

ယင္းသို႔အႀကီးႀကီးဖက္ျခင္းရဲ႕ေနာက္ကြယ္မႈဇာတ္လမ္းတစ္ပုဒ္ကလည္းရွိေနပါတယ္။အရင္တုန္းကဗယ္ဗာဒီဟာရီးရဲလ္မက္ဒရစ္အတြက္တစ္ရာသီကိုသုံးဂိုးထက္ပိုၿပီးမသြင္းေပးႏိုင္ခဲ့ပါဘူး။

စက္တင္ဘာလမွာေတာ့အန္ဆယ္ေလာ့တီကဗယ္ဗာဒီကိုဂိုးေရွ႕မွာပိုေကာင္းေအာင္ကစားရန္ေတာင္းဆိုမႈျပဳလုပ္ၿပီး ယခုရာသီတြင္တစ္ပြဲတည္းႏွစ္ဂိုးသြင္းနိင္မႈမျဖစ္လာပါကအနားယူမယ္လို႔ေျပာဆိုခဲ့ပါတယ္။

အန္ဆယ္ေလာ့တီက “ေလာင္းေၾကးတစ္ခုလုပ္ခဲ့တယ္။ဒီရာသီမွာသူဆယ္ဂိုးထက္ပိုၿပီးသြင္းလာပါလိမ့္မယ္။သူေလးဂိုးထက္ပိုၿပီးသြင္းႏိုင္ရင္ကြၽန္ေတာ့္နည္းျပလိုင္စင္ကိုဆက္ထိန္းထားမယ္။သူဟာကြၽန္ေတာ္တို႔ကိုဆက္ၿပီးအံ့ဩသင့္ေအာင္လုပ္ေနတယ္။သူဟာေတာင္ပံမွာေရာအလယ္တန္းမွာပါေကာင္းေကာင္းကစားထားႏိုင္တယ္”လို႔ေျပာၾကားခဲ့တယ္။

ယင္းကိုဗယ္ဗာဒီကလည္း “ကြၽန္ေတာ္လည္းဂိုးသြင္းဖို႔အာ႐ုံစိုက္တယ္။ဒါကေကာင္းမြန္တဲ့ဖိအားပါ။နည္းျပဘဝကအနားယူသြားရမႈအတြက္အျပစ္တင္မခံလိုပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဗယ္ဗာဒီဟာမေန႔ညတုန္းကပြဲတြင္ႏွစ္ဂိုးသြင္းယူႏိုင္ၿပီးေနာက္ယခုရာသီၿပိဳင္ပြဲအရပ္ရပ္သြင္းဂိုး၁၀ဂိုးအထိရွိသြားခဲ့ၿပီျဖစ္ပါတယ္။