ပြိုင်ဘက်ကစားသမားတစ်ဦးကိုကန်မှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံရတဲ့နည်းပြ

နည်းပြတစ်ဦးဟာပြိုင်ဘက်ကစားသမားတစ်ဦးကိုကန်မှုကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက်ပရိသတ်များရဲ့ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။
အထက်ပါအဖြစ်အပျက်မှာအာဂျင်တီးနားရဲ့ခါးသီးတဲ့ပြိုင်ဘက်များဖြစ်ကြတဲ့ ဂမ်နာစီယာနှင့်အင်ဒီပန့်ဒီးယန့်တီတို့ကစားတဲ့ပွဲမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်အသင်းက၁-၀ဂိုးဖြင့်ဦးဆောင်နေတဲ့ပွဲချိန်၂၉မိနစ်တွင်လီယိုနာဒိုဂိုဒွိုင်းဟာနည်းပြထိုင်ခုံရှေ့တွင်ဘောလုံးထိန်းရန်ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမဲ့ဂမ်နာစီယာနည်းပြဆီဘာစတီယန်အေရီရယ်ရိုမီရိုဟာကစားသမားရဲ့လမ်းကြောင်းကိုခြေလွှဲကန်ခဲ့ပါတယ်။သူ့ကန်ချက်ကကစားသမားရဲ့ခေါင်းနဲ့ကပ်လွဲသွားခဲ့တာကံကောင်းပါတယ်။

ယင်းနောက်နှစ်ကစားသမားများ၊နည်းပြအဖွဲ့ဝင်များရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးဒိုင်လူကြီးဟာနည်းပြရိုမီရိုကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

ဂမ်နာစီယာဟာနည်းပြမရှိတော့ပေမဲ့လည်း၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။နည်းပြရိုမီရိုဟာ၈၆မိနစ်တွင်ပင်နယ်တီရရှိပြီးနောက်အနိုင်ဂိုးသွင်းလိုက်ချိန်တွင်ကွင်းအတွင်းသို့ခေတ္တဝင်ရောက်လာကာအောင်ပွဲခံမှုပြုလုပ်ခဲ့ပါသေးတယ်။

သူဟာကစားသမားဘဝတုန်းကအာဂျင်တီးနားအတွက်တစ်ပွဲကစားခဲ့သူဖြစ်ပြီးတူးလော့စ်၊ရီးရဲလ်ဘက်တစ်အသင်းတို့တွင်လည်းကစားခဲ့ဖူးပါတယ်။