Best Choice Fighter(5)Thursday
Best Choice Fighter(5)Thursday
Tipster Thiri Shinn Thant
F(5)Bolivia Vs Colombia (-70,2-30)
ဒီဘက်နှစ်မှာ အရင်လိုအိမ်ကွင်းအရှိန်အဝါတင်မဟုတ်တော့ပဲ အဝေးကွင်းမှာပါ ခြေစွမ်းထက်မြက်လာတဲ့အသင်းကို ပြပါဆိုရင်တော့ ” ဘိုလစ်ဗီးယား ” ကိုသာ လက်ညှိုးထိုးရပါလိမ့်မည်။ချီလီကိုအဝေးကွင်းမှာ(၁:၁)ကစားထားခြင်း၊ဥရုဂွေးတောင် ကြားကွင်းမှာ (ဝ:၂)ဖြင့် အသည်းအသန်ကစားထားတာကိုကြည့်ခြင်းအားဖြင့် အိမ်ရှင်ရဲ့ခြေစွမ်းကို ခန့်မှန်းမိကြပါလိမ့်မည်။
ကိုလံဘီယာကတော့ ခြေရူးအသင်းပါ။မထင်မှတ်တဲ့ပွဲတွေမှာ ရလာဒ်ကောင်းတတ်ပြီး၊အများကြီးမျှော်လင့်ထားတဲ့ ပွဲမျိုးဆိုရင် ကိုလံဘီယာအသင်းဟာ ဒုက္ခပေးတတ်ပါသည်။သို့သော် အော့စပင်နာ၊ဆန်းချက်စ်၊လာပါဒူလာ၊ကျူရာဒိုလ်၊ဘာရီယိုစ့်၊ကာဒိုလ်နာနှင့်ဂျိမ်းရိုဒရီဂွက်စ် တို့လိုကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့် အဆိုပါကစားသမားတွေကပဲအချိန်တန်လျှင် ပွဲရဲ့အဖြေကို အဆုံးအဖြတ်ပေးသွားပါလိမ့်မည်။
ထိပ်တိုက်တွေ့ဆုံမှု့(၆)ကြိမ်မှာ ခြေစမ်းပွဲ(၁)ကြိမ်သရေကျခဲ့တာကလွဲရင်ကျန်(၅)ကြိမ်လုံး အနိုင်ရရှိထားတဲ့ ဧည့်သည်ဟာ ဘရာဇီး၊အာဂျင်တီးနားတို့ ခက်ခဲခဲ့သော ဘိုလစ်ဗီးယား၏ အိမ်ကွင်းပြဿနာကိုသူတို့အသင်းကသာပိုင်ပိုင်နိုင်နိုင်ဖြေရှင်းနေကြမို့ ဖိုက်တာ(၅)အဖြစ် ” Colombia ” ဘော်ဒီကိုသာ တင်ဗျင်းသင့်ပါကြောင်း ညွှန်းပေးခဲ့ချင်ပါသည်။
zawgyi
Best Choice Fighter(5)Thursday
Tipster Thiri Shinn Thant
F(5)Bolivia Vs Colombia (-70,2-30)
pmnews