ဒီလိုပွဲမျိုးမှမနိုင်ရင် ကိုလံဘီယာ မဟုတ်တော့ဘူး

သောကြာနံနက်ကစားမည့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကိုလံဘီယာ နှင့် ချီလီ (နံနက် ၅း၃၀)(ဖိုးရာဇာ)

ကိုလံဘီယာရဲ့ခံစစ်ကြောင်းကအမှားအယွင်းများလွန်းပြီးဘယ်လိုတိုက်စစ်မျိုးကိုမဆိုထိန်းချုပ်ဟန့်တားနိုင်စွမ်းမရှိဘူး။အလားတူချီလီကလည်းကွင်းလယ်ပိုင်းအားပျော့ပြီး နောက်တန်းကအမှားများလွန်းတဲ့အသင်းဖြစ်တယ်။

တိုက်စစ်ပိုင်းမှာတော့ ချီလီကအတော်လေးအသက်မဲ့လွန်းတာကြောင့်ကိုလံဘီယာကနည်းနည်းလေးပိုသာတယ်ဆိုရမယ်။နောက်ပြီးတော့သူတို့မှာအိမ် ရှင်အားသာချက်လည်း ရှိနေသေးတယ်။ဒါကြောင့်ဒီလိုပွဲမျိုးမှမနိုင်ရင် ကိုလံဘီယာမဟုတ်တော့ဘူးလို့တောင်ဆိုချင်တယ်။

zawgyi




