လစာအလျော့ခံရရင်နည်းပြနှင့်စတားကစားသမားအချို့ အင်တာမှထွက်ခွာလာနိုင်

အန်တိုနီယိုကွန်တီရဲ့အင်တာမီလန်အသင်းအနာဂတ်မှာမရေမရာဖြစ်လျက်ရှိပြီးစတားကစားသမားအချို့နှင့်မန်နေဂျာအချို့တို့မှာလည်းအင်တာမီလန်မှထွက်ခွာနိုင်လျက်ရှိကြောင်းသိရပါတယ်။

အင်တာမီလန်အသင်းဥက္ကဌကျောင်ဟာကိုဗစ်ကြောင့်အသင်းရဲ့ဘဏ္ဍာရေးကိုအကြီးအကျယ်ထိခိုက်မှုနဲ့အတူစကူဒက်တိုဖလားပူပူနွေးနွေးရယူပေးထားတဲ့အင်တာမီလန်နည်းပြကွန်တီနှင့်ကစားသမားတို့အားလုပ်ခနှစ်လစာလျှော့ယူရန်တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

လက်ရှိအချိန်တွင်အန်တိုနီယိုကွန်တီကအင်တာမီလန်အနာဂတ်နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာပြောဆိုခြင်းမရှိသေးပါဘူး။ကွန်တီနှင့်အင်တာဥက္ကဌတို့ဟာဂျူဗင်တပ်ပွဲ(သို့မဟုတ်)အူဒီးနီးစ်နှင့်ပွဲအပြီးမှာတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးအနာဂတ်ကိုဆုံးဖြတ်လာကြဖို့ရှိပါတယ်။

အကယ်၍အန်တိုနီယိုကွန်တီသာအင်တာမီလန်တွင်ဆက်မရှိတော့ပါကအဓိကကစားသမားအချို့တို့မှာလည်းအသင်းပြောင်းခွင့်တောင်းဆိုလာဖို့ရှိနေပါတယ်။ဒါ့အပြင်မန်နေဂျာများဖြစ်ကြတဲ့ဂူဆက်ပီမာရော့တာ၊ပီရိုအူဆယ်လီယိုတို့မှာလည်းစကူဒက်တိုချန်ပီယံအသင်းမှထွက်ခွာလာကြဖို့ရှိပါတယ်။

ကွန်တီဟာ၂၀၁၉ခုနှစ်တွင်အင်တာမီလန်ကိုကိုင်တွယ်ခဲ့တာဖြစ်ပြီးယခုရာသီတွင်အင်တာမီလန်အတွက်၁၉ကြိမ်စကူဒက်တိုဖလားကိုဆွတ်ခူးပေးထားနိုင်ပါတယ်။

zawgyi

လစာအေလ်ာ့ခံရရင္နည္းျပႏွင့္စတားကစားသမားအခ်ိဳ႕ အင္တာမွထြက္ခြာလာႏိုင္

အန္တိုနီယိုကြန္တီရဲ႕အင္တာမီလန္အသင္းအနာဂတ္မွာမေရမရာျဖစ္လ်က္ရွိၿပီးစတားကစားသမားအခ်ိဳ႕ႏွင့္မန္ေနဂ်ာအခ်ိဳ႕တို႔မွာလည္းအင္တာမီလန္မွထြက္ခြာႏိုင္လ်က္ရွိေၾကာင္းသိရပါတယ္။

အင္တာမီလန္အသင္းဥကၠဌေက်ာင္ဟာကိုဗစ္ေၾကာင့္အသင္းရဲ႕ဘ႑ာေရးကိုအႀကီးအက်ယ္ထိခိုက္မႈနဲ႔အတူစကူဒက္တိုဖလားပူပူေႏြးေႏြးရယူေပးထားတဲ့အင္တာမီလန္နည္းျပကြန္တီႏွင့္ကစားသမားတို႔အားလုပ္ခႏွစ္လစာေလွ်ာ့ယူရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္အန္တိုနီယိုကြန္တီကအင္တာမီလန္အနာဂတ္ႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာေျပာဆိုျခင္းမရွိေသးပါဘူး။ကြန္တီႏွင့္အင္တာဥကၠဌတို႔ဟာဂ်ဴဗင္တပ္ပြဲ(သို႔မဟုတ္)အူဒီးနီးစ္ႏွင့္ပြဲအၿပီးမွာေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ၿပီးအနာဂတ္ကိုဆုံးျဖတ္လာၾကဖို႔ရွိပါတယ္။

အကယ္၍အန္တိုနီယိုကြန္တီသာအင္တာမီလန္တြင္ဆက္မရွိေတာ့ပါကအဓိကကစားသမားအခ်ိဳ႕တို႔မွာလည္းအသင္းေျပာင္းခြင့္ေတာင္းဆိုလာဖို႔ရွိေနပါတယ္။ဒါ့အျပင္မန္ေနဂ်ာမ်ားျဖစ္ၾကတဲ့ဂူဆက္ပီမာေရာ့တာ၊ပီ႐ိုအူဆယ္လီယိုတို႔မွာလည္းစကူဒက္တိုခ်န္ပီယံအသင္းမွထြက္ခြာလာၾကဖို႔ရွိပါတယ္။

ကြန္တီဟာ၂၀၁၉ခုႏွစ္တြင္အင္တာမီလန္ကိုကိုင္တြယ္ခဲ့တာျဖစ္ၿပီးယခုရာသီတြင္အင္တာမီလန္အတြက္၁၉ႀကိမ္စကူဒက္တိုဖလားကိုဆြတ္ခူးေပးထားႏိုင္ပါတယ္။