ကွန်တီကို ခန့်အပ်ရန် စပါးစ်ဆွေးနွေးနေ

အီတလီသတင်းစာ Corriere Dello Sport ရဲ့ဖော်ပြချက်အရစပါးစ်ဟာလစ်လပ်နေတဲ့နည်းပြရာထူးအတွက်အင်တာမီလန်နည်းပြအန်တိုနီယိုကွန်တီအားကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရပါတယ်။ယင်းသတင်းစာကအီတလီလူမျိုးနည်းပြကိုယ်တိုင်ကလည်းသူနှစ်သက်တဲ့လန်ဒန်သို့တစ်ကျော့ပြန်လာကာနည်းပြလုပ်ရန်ဆန္ဒရှိနေပြီးစပါးစ်ကိုတံခါးဖွင့်ပေးထားကြောင်းသိရပါတယ်။

ကွန်တီဟာလွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်တုန်းကအင်တာမီလန်အားစကူဒက်တိုဖလားဆွတ်ခူးနိုင်အောင်ဦး ဆောင်ကာဆယ်စုနှစ်တစ်ခုနီးပါးဂျူဗင်တပ်လွှမ်းမိုးလာမှုကိုအဆုံးသတ်ပေးခဲ့သူလည်းဖြစ်ပါတယ်။

ကွန်တီဟာအင်တာမီလန်အသင်းတာဝန်ရှိသူများထံမှယုံကြည်မှုအပြည့်ရရှိထားသော်လည်းစပါးစ်ဥက္ကဌလီဗိုင်းထံမှကမ်းလှမ်းမှုကိုစဉ်းစားရန်တံခါးဖွင့်ပေးထားပါတယ်။သူဟာလက်ရှိအချိန်မှာအင်တာမီလန်မှာတစ်ပတ်လုပ်ခပေါင်၂၁၅၀၀၀ရရှိနေသူလည်းဖြစ်ပါတယ်။

အကယ်၍ကွန်တီသာစပါးစ်ကိုကိုင်တွယ်လာမယ်ဆိုပါကမော်ရင်ဟိုရဲ့နေရာကိုနေရာကိုဆက်ခံမှုဖြစ်လာပါမယ်။သူဟာမော်ရင်ဟိုကိုင်တွယ်ခဲ့တဲ့ချဲလ်ဆီးနှင့်အင်တာကိုလည်းကိုင်တွယ်ထားသူဖြစ်ပါတယ်။

စပါးစ်ဟာမော်ရင်ဟိုကိုရာထူးမှထုတ်ပယ်လိုက်ပြီးနောက်ရိုင်ယန်မေဆင်ကိုယာယီနည်းပြအဖြစ်ရာသီအကုန်အထိကိုင်တွယ်ရန်ခန့်အပ်ထားပါတယ်။မော်ရင်ဟိုဟာစပါးစ်နည်းပြရာထူးမှထုတ်ပယ်ခံရပြီးနှစ်ပတ်အကြာတွင်ပင်ရိုးမားနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။သူဟာလာမယ့်ရာသီမှာစတင်ကာရိုးမားအသင်းကိုကိုင်တွယ်သွားပါမယ်။

zawgyi

အင္တာကို စကူဒက္တိုဖလား ပူပူေႏြေႏြးရယူေပးထားတဲ့ ကြန္တီကို ခန႔္အပ္ရန္ စပါးစ္ေဆြးေႏြးေန

အီတလီသတင္းစာ Corriere Dello Sport ရဲ႕ေဖာ္ျပခ်က္အရစပါးစ္ဟာလစ္လပ္ေနတဲ့နည္းျပရာထူးအတြက္အင္တာမီလန္နည္းျပအန္တိုနီယိုကြန္တီအားကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။ယင္းသတင္းစာကအီတလီလူမ်ိဳးနည္းျပကိုယ္တိုင္ကလည္းသူႏွစ္သက္တဲ့လန္ဒန္သို႔တစ္ေက်ာ့ျပန္လာကာနည္းျပလုပ္ရန္ဆႏၵရွိေနၿပီးစပါးစ္ကိုတံခါးဖြင့္ေပးထားေၾကာင္းသိရပါတယ္။

ကြန္တီဟာလြန္ခဲ့တဲ့ရက္အနည္းငယ္ခန႔္တုန္းကအင္တာမီလန္အားစကူဒက္တိုဖလားဆြတ္ခူးႏိုင္ေအာင္ဦး ေဆာင္ကာဆယ္စုႏွစ္တစ္ခုနီးပါးဂ်ဴဗင္တပ္လႊမ္းမိုးလာမႈကိုအဆုံးသတ္ေပးခဲ့သူလည္းျဖစ္ပါတယ္။

ကြန္တီဟာအင္တာမီလန္အသင္းတာဝန္ရွိသူမ်ားထံမွယုံၾကည္မႈအျပည့္ရရွိထားေသာ္လည္းစပါးစ္ဥကၠဌလီဗိုင္းထံမွကမ္းလွမ္းမႈကိုစဥ္းစားရန္တံခါးဖြင့္ေပးထားပါတယ္။သူဟာလက္ရွိအခ်ိန္မွာအင္တာမီလန္မွာတစ္ပတ္လုပ္ခေပါင္၂၁၅၀၀၀ရရွိေနသူလည္းျဖစ္ပါတယ္။

အကယ္၍ကြန္တီသာစပါးစ္ကိုကိုင္တြယ္လာမယ္ဆိုပါကေမာ္ရင္ဟိုရဲ႕ေနရာကိုေနရာကိုဆက္ခံမႈျဖစ္လာပါမယ္။သူဟာေမာ္ရင္ဟိုကိုင္တြယ္ခဲ့တဲ့ခ်ဲလ္ဆီးႏွင့္အင္တာကိုလည္းကိုင္တြယ္ထားသူျဖစ္ပါတယ္။

စပါးစ္ဟာေမာ္ရင္ဟိုကိုရာထူးမွထုတ္ပယ္လိုက္ၿပီးေနာက္႐ိုင္ယန္ေမဆင္ကိုယာယီနည္းျပအျဖစ္ရာသီအကုန္အထိကိုင္တြယ္ရန္ခန႔္အပ္ထားပါတယ္။ေမာ္ရင္ဟိုဟာစပါးစ္နည္းျပရာထူးမွထုတ္ပယ္ခံရၿပီးႏွစ္ပတ္အၾကာတြင္ပင္႐ိုးမားနည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။သူဟာလာမယ့္ရာသီမွာစတင္ကာ႐ိုးမားအသင္းကိုကိုင္တြယ္သြားပါမယ္။