
ကြာသပတေးည ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်
ကော်စတာရီကာ နှင့် ဂျာမနီ(ည ၁း၃၀)(မော်ကွန်း)
စပိန်ကိုဂိုးအလှူပေးခဲ့ရပေမယ့်ကော်စတာရီကာဟာဂျပန်နဲ့ပွဲမှာအကောင်းဆုံးပြန်လည်ရုန်းထနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းနောက်တစ်ဆင့်အတွက်ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိသေးတာပါ။ဂျာမနီကတော့အုပ်စုကနောက်ဆုံး ၂ ကြိမ်ဆက်မထွက်ချင်ရင်မဖြစ်မနေ နိုင်ဖို့လိုပါတယ်။
နည်းပြဟန်ဆီဖလစ်ရဲ့အသင်းဟာကစားခဲ့တဲ့ ၂ ပွဲစလုံးမှာလည်းကစားပုံပိုင်းမညံ့ခဲ့သလိုပြိုင်ဘက်တွေအပေါ် ဂိုးပေါက်ခြိမ်းခြောက်မှုလည်းကောင်း ကောင်းလုပ်နိုင်ခဲ့တာပါ။ ကော်စတာရီကာကတော့ဂျာမနီနဲ့ အရည်အသွေးပိုင်းအတော်ကွာပါတယ်။ပွဲစကတည်းကဂနာဘရီတို့ရဲ့သွင်းဂိုးတွေကိုရေ တွက်ရမှာပါ။
zawgyi
ကော်စတာရီကာကို ဂိုးသွင်းလေ့ကျင့်မယ့် နောက်ထပ်ဥရောပအသင်းကြီးက ဂျာမနီ