ကိုဗစ်စည်းမျဉ်းချိုးဖောက်မှုကြောင့် လူကာကူဒဏ်ရိုက်ခံရ

အင်တာမီလန်တိုက်စစ်မှူးရိုမီလူလူကာကူဟာဟိုတယ်တစ်ခုတွင်မွေးနေ့ပါတီပွဲကျင်းပကာကိုဗစ်စည်းမျဉ်းချိုးဖောက်မှုကြောင့်ဒဏ်ရိုက်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

Corriere della Sera ရဲ့ဖော်ပြချက်အရရဲတပ်ဖွဲ့ဝင်များဟာနံနက်သုံးနာရီဝန်းကျင်တွင်မီလန်မြို့လယ်ရှိဟိုတယ်တစ်ခုသို့ဝင်ရောက်လာခဲ့ပြီးလူကာကူရဲ့မွေးနေ့ပါတီပွဲကိုတားဆီးခဲ့တာလည်းဖြစ်ပါတယ်။လူကာကူဟာရိုးမားအား၃-၁ဖြင့်အနိုင်ရရှိပြီးနောက်မွေးနေ့ပါတီပွဲကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

လူကာကူရဲ့မွေးနေ့ပါတီပွဲသို့ဟာကီမီ၊အိုင်ဗန်ပီရီဆစ်၊အက်ရှ်လေယန်းတို့အပါအဝင်လူ၂၄ဦးတက်ရောက်ခဲ့ပါတယ်။ဒါ့အပြင်ဟိုတယ်စားသောက်ဆိုင်မန်နေဂျာလည်းပါဝင်ပါတယ်။

ရဲတပ်ဖွဲ့ဝင်များဟာနံနက်၃နာရီအချိန်တွင်တိုင်ကြားမှုတစ်ခုရရှိပြီးနောက်ဟိုတယ်သို့လာရောက်ကာလူကာကူရဲ့မွေးနေ့ပါတီကိုတားဆီးခဲ့တာလည်းဖြစ်ပါတယ်။

zawgyi




